ဟွဏ်းဘီးလ်( ကောင်းမြတ်သူ)။ ။ ချင်းတောင်ပေါ်တွင် သြဂုတ်လဆန်းပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေး-တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် တောင်ပြိုလမ်းပျက်နေ
သည့်အတွက် လမ်းပြုပြင်ရေးအဖွဲ့မှ စက်ယန္တရားကြီးများဖြင့် အကြီးစားပြုပြင်လျှက်ရှိ့ကြောင်း သိရသည်။
““ချင်းတောင်ပေါ်မှာ မိုးရာသီ တောင်ပြိုလမ်းပျက်တဲ့ နေရာတွေကတော့ အများကြီးပဲ၊ ကလေး-ဖလမ်း-ဟားခါးသွားတဲ့လမ်း ထန်တလန်လမ်း ၊ဟားခါး-ဂန့်ဂေါလမ်း၊ မိုးများတော့ အပျက်အစီးရှိ့တယ်။ အခုတော်တော်လေး ဆိုးဆိုးဝါးဝါးလမ်းပျက်စီးနေတာက၊ ကလေး-တီးတိန်-ရိဒ်လမ်းမှာပါ။ ကလေးကနေ သိုင်းငင်းရွာအထိ မိုင်(၃၀)က လမ်းကောင်းတယ်။ လမ်းဆိုးတဲ့နေရာတွေက အာလွယ်ရွာကနေ စလို့ဆိုဇန်ရွာ-တီးတိန်အကြား
လမ်းတော်တော်ဆိုးတယ်။ တာင်ပြိုတယ်၊ ဗွက်ထနေတယ်။ လမ်းသားတွေ အောက်ဖက်ကို ပြိုဆင်းနေတယ်။ နောက် တီးတိန်နှင့်ရိဒ်အကြားမှာလည်း ဟိုင်မွာလ်ရွာသစ်၊ ရွာဟောင်း
အကြားလမ်းတွေ ပျက်နေတယ်။””—ဟုကလေး-ရိဒ်ကားဒရိုင်ဘာကိုပါသဲမှပြောပါသည်။
ကလေး-တီးတိန်-ရိဒ်လမ်းတွင် တောင်ပြို လမ်းပျက်နေသော နေရာများတွင် သက်ဆိုင်ရာ လမ်းပြုပြင်ရေး အထူးအဖွဲ့(၁၁)မှ စက်ယန္တရားကြီးများ အထိုင်ချ၍ လမ်းပိတ်ဆို့
ပြတ်တောက်မှုမရှိ့စေရန် အချိန်မီပြုပြင်ပေးလျှက်ရှိ့သည်။ ချင်းတောင်သည် ကားလမ်းကို အားကိုး ဆက်သွယ်သွားလာရသောဒေသ ဖြစ်သည့်အလျှောက် ကားလမ်းဆက်သွယ်ရေး
ပြတ်တောက်သွားလျှင် ချင်းတောင်တွင် အခြေခံစားကုန် သောက်ကုန်များ ဈေးတက်သွားသည်။ မြာက်ပိုင်း ချင်းတောင် စားကုန်သောက်ကုန်အားလုံး ကလေးမြို့ မှ ၀ယ်ယူတင်ပို့ရသည်။
အထူးသဖြင့် ကလေးမြို့ နှင့် ဆက်သွယ်သွားလာရေး ပြတ်တောက်လျှင် စားသောက်ကုန်စည်ဈေးနှုန်းများ တက်သည်။
0 comments:
Post a Comment