ဟွဏ်းဘီးလ် ။ ။ ဂျပန်အစိုးရနဲ့ တရုတ် အစိုးရတို့ဟာ တိုကျိုမြို့က ဟာနဲဒါ လေဆိပ်နဲ့ တရုတ်နိုင်ငံရဲ့ အဓိက မြို့ကြီးတွေအကြား ပျံသန်းမယ့် လေယာဉ် ခရီးစဉ်အရေအတွက်ကို တိုးမြှင့်ဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပေကျင်းမြို့မှာ နှစ်ဖက်အပြန်အလှန် ဆွေးနွေးပြီးနောက် အဆိုပါသဘောတူညီချက်ကို ဂျပန်အစိုးရက ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီသဘောတူညီမှုအရ ဟာနဲဒါ လေဆိပ်နဲ့ ကွမ်ကျိုးမြို့အကြား ပုံမှန်နေ့ခရီးစဉ် ၄ခုကို လာမယ့် နွေဦးမှာ စတင် ပြေးဆွဲမှာဖြစ်ပြီး ဟာနဲဒါ-ရှန်ဟိုင်း နေ့ခရီးစဉ်တွေကို တစ်နေ့ကို အသွားအပြန် ခရီးစဉ် ၄ခု တိုးချဲ့ပျံသန်းမယ်လို့ သိရပါတယ်။ ဟာနဲဒါ-ပေကျင်း နေ့ခရီးစဉ် ၄ခုကိုလည်း လာမယ့် ၂၀၁၄ခုနှစ် နွေဦးမတိုင်မီ အချိန်စောနိုင်သမျှ စောကာ ပြေးဆွဲမှာဖြစ်ပါတယ်။
ညခရီးစဉ် အနေနဲ့ ည ၁၁နာရီကနေ နံနက် ၆နာရီအတွင်းကိုလည်း နောက်ထပ် ခရီးစဉ် ၄ခု ထပ်တိုးမှာဖြစ်ကာ လက်ရှိမှာ အဲဒီအချိန်အတွင်း ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား လေယာဉ်ခရီးစဉ်တွေ ပြေးဆွဲခွင့် မပြုထားဘူးလို့ သိရပါတယ်။ အခုအခါ အဆိုပါ သဘောတူညီချက်အရ နှစ်နိုင်ငံစလုံးမှ လေကြောင်းလိုင်းတွေ အနေနဲ့ ခရီးစဉ် လမ်းကြောင်းတွေနဲ့ ခရီးစဉ်အရေအတွက်ကို လွတ်လပ်စွာပြေးဆွဲခွင့် ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
0 comments:
Post a Comment