ဟွဏ်းဘီးလ် ။ ။ ရုရှားနိုင်ငံဟာ ပဉ္စမမြောက် မျိုးဆက်သစ် PAKFA T-50 တိုက်လေယာဉ် အမြောက်အများကို လာမယ့် ၂၀၁၅ခုနှစ်မှာ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ တိုက်လေယာဉ်တွေကို MiG-29 ၊ Su-27 တိုက်လေယာဉ် တွေနေရာမှာ လာမယ့်နှစ် ၃၀အထိ အစားထိုး အသုံးပြုသွားဖို့ ရည်ရွယ်ထားကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
PAKFA T-50 တိုက်လေယာဉ်ကို ရုရှားထိပ်တန်း လေယာဉ် ထုတ်လုပ်ရေးလုပ်ငနှ်းSukhoi မှ တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလမှာ ၎င်းရဲ့ ပထမဆုံးအကြိမ် ပွဲဦးထွက် ပျံသန်းမှုကို ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ တိုက်လေယာဉ်ဟာ ရှေ့တန်း ဗုံးကြဲလေယာဉ်အဖြစ် စွမ်းဆောင်နိုင်သလို ရေဒါနဲ့ ဖမ်းရခက်တဲ့ နည်းပညာကို အသုံးချထားပါတယ်။ ရုရှားနိုင်ငံဟာ ၂၀၁၃ ခုနှစ်အစောပိုင်းမှာ SU-35 တိုက်လေယာဉ်တွေ အများအပြား ထုတ်လုပ်သွားမှာဖြစ်ပြီး ဒါဟာရုရှားနိုင်ငံရဲ့ စစ်ဘက်သုံး ပစ္စည်းတွေ တင်ပို့ရောင်းချမှု ပမာဏရဲ့ ထက်ဝက်ခန့်ရှိပါတယ်။ အခုအခါ ရုရှားနိုင်ငံဟာ နိုင်ငံ ၃၀ ထက်မနည်းကို လေယာဉ်တွေ တင်ပို့ရောင်းချနေတယ်လို့ သိရပါတယ်။
0 comments:
Post a Comment