Tuesday, September 25, 2012

ကလေးမြို့နယ်တွင် နှစ်လောင်းပြိုင်လူသတ်မှု တစ်ခုဖြစ်ပွား

ဟွဏ်းဘီးလ်။    ။ကလေးမြို့နယ် စောဘွားရေစင် ကျေးရွာတွင် ချင်းလူမျိုး အမျိုးသမီးတစ်ဦး ကို မုဒိမ်း ကျင့်ပြီး ယင်းနှင့် အတူ လယ်တောသို့ပါလာသူ အဘိုးကြီးကိုပါ သတ်သည့် နှစ်လောင်းပြိုင်လူသတ်မှုတစ်ခု စက်တင်ဘာ လ ၁၉ ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်း ကလေးမြို့ဒေသခံများ ပြောပြချက် အရ Chin World မှ သိရှိရပါ သည်။

ဖြစ်ပုံမှာ အမှု ဖြစ် သည့် မနက်တွင် Pa Dong Za Thang ( အသက် ၆၀) နှင့် သူတို့ရွာမှ Cing Nem Mang ( အသက် ၁၆) တို့ သည် လယ်တော ကိုခဏ ကြည့်ရန် ထမင်းထုပ်ဖြင့် ရွာ မှ အတူတကွ ထွက်ခွါ ခဲ့ခြင်း ဖြစ်ကြောင်း ၊ ညနေပိုင်း လယ်သိမ်းချိန် အထိ အိမ်ပြန် ရောက်မလာသဖြင့် မိသားစုဝင်များမှ လယ်တော က်သို့ သွားကြိုခဲ့ရာ လမ်းမ ပေါ်မှ ပေ ၂၉ ခန့် အကွာတွင် အ ပုပ်နံ့ထွက်နေ ပြီ ဖြစ်သော Pu Dong Za Thang ၏ အလောင်း ကို လည်းကောင်း၊ လမ်းမပေါ်မှ ပေ ၁၂ ခန့်တွင် မ ကျိန် နဲမ်းမာန် ၏ အလောင်း ကို လည်းကောင်း တွေ့ ရှိ ခဲ့ကြကြောင်း၊ ဆေးရုံမှ တာဝန်ရှိသူများက မူ ကောင်းမလေး သည် မုဒိမ်းကျင့်ခံရ အပြီးတွင် အသတ်ခံရခြင်း ဖြစ် သည် ဟု ပြောဆိုသွားကြောင်း၊ ယင်းအမှု နှင့် ပတ်သက်ပြီး တာဝန်ရှိသူများမှ အမှုမှန်ပေါ်ပေါက်ရန် ကြိုးစားဆောင်ရွက်နေကြကြောင်း ရွာသား တစ်ဦးများမှ ပြော သည်။

ယခုလ ၁၆ ရက်နေ့တွင်လည်း ယင်းရွာမှ အမျိုးသမီးငယ် တစ်ဦးဖြစ်သူ Cingbuah လည်း ည ၈နာရီခန့်တွင် မုဒိမ်းကျင့်ရန် ကြိုးစားယင်း ထို အမျိုးသမီး ၏ ရင်ဝကို ဓားထိုးမှုတစ်ခု ဖြစ် ပွါးခဲ့ပြီး အခုထိ ဆေးရုံ တွင် ကုသမှု ခံယူ နေဆဲ ဖြစ် ကြောင်း ထပ်မံ သိရှိရ ပါသည်။ Ref:Chin World

0 comments:

Post a Comment