ဟွဏ်းဘီးလ် (ဂန္ဓမာ)။ ။ ကင်ဆာများ အန္တရာယ်မှ ကာကွယ်ပေးတဲ့ စပျစ်သီးစေ့စပျစ်သီးစေ့ရဲ့ အံ့ဩဖွယ် အစွမ်း သတ္တိများ အကြောင်း ကြားသိရတာ ဒါဟာ ပထမ အကြိမ်ဖြစ်လိမ့်မှာ မဟုတ်ပါ ဘူး။ သို့ပေမယ့် ယင်းရဲ့ အကျိုး အာနိသင်ကို အားဖြည့်ဖို့ တော့ လိုပေလိမ့်မယ်။
ယခုအခါ စပျစ်သီးစေ့မှ စံကိုက် ထုတ်လုပ်မှု နည်းစဉ်များကို ဖြည့်စွက်စာများအဖြစ် ထုတ်လုပ်ရာမှာ သုံးစွဲလျက်ရှိပါတယ်။ စံကိုက်နည်း ဆိုတာ ကတော့ ဆေးပျော့တောင့် တစ်တောင့် ချင်းစီမှာ ရှိတဲ့ အင်တီအောက်စီးဒင့်များ ပမာဏကို တိုင်းတာ သိရှိနိုင်ခြင်းပဲ ဖြစ်တယ်။
စပျစ်သီးစေ့ အနှစ်ရည် (Extract) မှ ဖလာဗိုနွိုက်များ (Flavonoids)က ဖရီးရယ်ဒီကယ်ကြောင့် ပျက်စီးမှုကို လျော့ပါးစေကြောင်း တွေ့ခဲ့ရတယ်။ ဒါကြောင့် ယင်းအနှစ်ရည်က နှလုံး ရောဂါ၊ သွေးချို ဆီးချိုနှင့် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ခြင်းမှ အကာအကွယ်ပေးတယ်။ ဒါ့အပြင် အရွယ်မတိုင်မီ ရင့်ရော်ခြင်းနှင့် နေရောင်ကြောင့် အသားအရေထိခိုက်ပျက်စီး ခြင်း အန္တာရာယ်ကို ကာကွယ်ပေးပါတယ်။
0 comments:
Post a Comment