Tuesday, September 11, 2012

ဖုန်းဘက်ထရီကို ရေနဲ့ အားသွင်းနိုင်

ဟွဏ်းဘီးလ်။      ။ ဖုန်းကို ရေနဲ့ အားသွင်း လို့ ရတယ် ဆိုလို့ သင် မယုံနိုင် ဖြစ်မသွား ပါနဲ့။ အမှန် တကယ် အားသွင်းလို့ရပါပြီ။ ယခင်နှစ်ကုန်ပိုင်းက ကမ္ဘာ့ Mobile ညီလာခံတွင် ဆွီဒင်အခြေဆိုက် ကုမ္ပဏီတစ်ခုက ပြသခဲ့တယ်လို့ ဆိုပါတယ်။ အရွယ်အစားကလည်း သေးငယ်ပြီး အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။ အားသွင်းစက်ဟာ ခွက်အငယ်စားနှစ်ခု ပူးတွဲပါရှိတဲ့ ပုံစံဖြစ်ပါတယ်။

အသုံးပြုပုံကတော့ ရေကို ခွက်တစ်ခုထဲတွင် ထည့်သွင်းပေးခြင်းဖြင့် Sodium Silicide နှင့် ဓါတ်ပြုကာ ဟိုက်ဒရိုဂျင်ဂက်စ် ထွက်ရှိလာပြီး အားသွင်းနိုင်မည်ဖြစ်သည်။

စားပွဲတင်ဇွန်း တစ်ဇွန်းစာ ရေဖြည့်အသုံးပြုရုံဖြင့် ဖုန်းဘက်ထရီကို ၁၀ နာရီစာ အသုံးပြုနိုင်သည့်အပြင် အားဖြည့်သွင်းပေးနိုင်တယ်လို့လည်း သိရပါသည်။ USB ကြိုးဖြင့် အားသွင်းအသုံးပြုရသည့် ပစ္စည်းတော်တော်များများကို အားဖြည့်သွင်းပေးနိုင်ပါသည်။
 
ဈေးကွက်ထဲကိုတော့ ဇွန်လလောက်ကတည်းက ရောက်ရှိနေတယ်လို့ သိရပြီး ရောင်းဈေးမှာ ဒေါ်လာ ၂၀၀ နှင့် ၂၅၀ ကြား သတ်မှတ်ထားပါသည်။ အောက်ခံခွက်ကိုတော့ ၄ ဒေါ်လာဖြင့် လဲလှယ် အသုံးပြုနိုင်ပါသည်။
အခုလို ရေနဲ့ အားပြန်ဖြည့်သွင်းနိုင်တဲ့ ရှားပါးပစ္စည်းလေးကို POWERTREKK လို့ ခေါ်ပါတယ်။ အသေးစိတ် ထပ်သိချင်ရင်တော့ http://www.powertrekk.com/ မှာ ကြည့်နိုင်ပါတယ်။
စိုင်းသန့်စင်
www.saithantsin.com

0 comments:

Post a Comment