Wednesday, September 26, 2012

နယူးယောက်ရှိ ကျောင်းများတွင် သန္ဓေတားဆေးများ ထုတ်ပေး

ဟွဏ်းဘီးလ်။    ။  အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ရှိသည့် အထက်တန်းကျောင်း ၁၃ ခုတွင် ပဋိသန္ဓေ တားဆေးများကို ကျောင်းသားများသို့ ပေးခဲ့ကြောင်း သိရသည်။ ယခုလို ပြုလုပ်ခြင်းမှာ CATCH (Connecting Adolescents to Comprehensive Health) အစီအစဉ် အရ လုပ်ဆောင်ချက် တစ်ခုဖြစ်ပြီး မိဘများ၏ သဘောတူညီချက်ကို ရယူခဲ့ခြင်း မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု New York Post သတင်းတွင် ရေးသားဖော်ပြသည်။

ကျောင်းသားများကို ကွန်ဒုံး ဝေမျှသည့် စနစ်မှာ ယခင်က ပြုလုပ်ခဲ့ဖူးသော်လည်း ယခုအကြိမ်မှာမူ  Plan B နှင့် အခြားသော နံနက်ပိုင်းသောက် သန္ဓေတားဆေးများကို ဝေငှသည့် လုပ်ရပ်မှာ ပထမဆုံး အကြိမ်လည်း ဖြစ်ကြောင်း အဆိုပါ သတင်းမှ ဆိုသည်။

အသက် ၁၈ နှစ်အောက် ငယ်ရွယ်သည့် ကျောင်းသူ ၊ ကျောင်းသားများ အနေဖြင့်  ကျောင်းသူနာပြုထံသို့ လာပြပါက Plan B  ဆေးကို ညွန်းပေးခဲ့ကာ အဆိုပါ ဆေးညွှန်းကို မြို့တော် ကျန်းမာရေး ဌာနမှ ဆရာဝန်များ၏ ခွင့်ပြုချက်ဖြင့် အသုံးပြုစေခြင်းလည်း ဖြစ်သည်ဟု New York Post သတင်းတွင် ဖော်ပြခဲ့သည်။ source : New York Post
 

0 comments:

Post a Comment