ဟွဏ်းဘီးလ်။ ။ ပြည်တွင်းမှာ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်း စတင် ဖွဲ့စည်းခဲ့ပြီး အဆိုပါ အသင်း ဖွဲ့စည်း တည်ထောင်ခြင်း အထိမ်းအမှတ် အဖြစ် မိတ်ဆက် အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့က Central Hotel မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ မိတ်ဆက် အခမ်းအနားမှာ ပြောကြားချက် အရ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်းကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့မှာ နိုင်ငံတော် အစိုးရက ချမှတ် ထားတဲ့ လုပ်ထုံး လုပ်နည်း နဲ့အညီ မှတ်ပုံတင် လျှောက်ထား ခဲ့တာ ဖြစ်ပါတယ်။
ဒီလို လျှောက်ထား ဖွဲ့စည်းခဲ့ရာက အခုအခါမှာ အဆိုပါ အသင်းအတွင်း အဖွဲ့ဝင်ပေါင်း ၇၀ နီးပါး ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြည်တွင်းမှာ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်း ဖွဲ့စည်းခဲ့ သလို အိန္ဒိယနိုင်ငံ မှာလည်း အိန္ဒိယ-မြန်မာချစ်ကြည်ရေး အသင်းကို ဖွဲ့စည်း ထားရှိပြီး ဖြစ်ပါတယ်။
အခု ဖွဲ့စည်းခဲ့တဲ့ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်းကို ဖွဲ့စည်းရ တာဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား ချစ်ကြည်ရေးနဲ့ ရင်းနှီး နားလည်မှုတွေ ပိုမို တိုးတက် ခိုင်မြဲလာစေဖို့၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တစ်ရပ် အနေနဲ့ ကဏ္ဍ အသီးသီးမှာ တိုးမြှင့် ဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံနဲ့ အိန်္ဒိယ နိုင်ငံတို့ အကြား စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အနုပညာ သိပ္ပံနဲ့ နည်းပညာ တို့ကို ကျယ်ပြန့်စွာ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ဖို့ စတဲ့ ရည်ရွယ်ချက် တွေနဲ့ ဖွဲ့စည်း ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုဖွဲ့စည်း ထားပြီး အခုအခါ မိတ်ဆက် အခမ်းအနား ပြုလုပ်ရ တာဟာ အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေဖို့ ဖြစ်ပါတယ်။ အဲ့ဒီ မိတ်ဆက် အခမ်းအနား ကိုတော့ လူမှုရေး ၀န်ကြီး ဒေါက်တာ မြင့်သိန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ နီပေါနိုင်ငံ သံအမတ်ကြီးနဲ့ အခြား တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။ Ref: MRTV-4
0 comments:
Post a Comment