ဟွဏ်းဘီးလ်။ ။တရားမဝင် ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး (၁၆)စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် နယ်စပ် ဖြတ်ကျော်လမ်း များမှ တရားမဝင် ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး (၁၆) ဦးအား အောက်တိုဘာ (၁၄) ရက်နေ့တွင် ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ကလေးမြို့နယ် ရဲစခန်းမှ အတည်ပြု ပြောကြားချက် အရ သိရသည်။
၎င်း ဘင်္ဂါလီများသည် ကလေး အနောက်မြောက် ဒေသ၊ မောက်လင်း အုပ်စုတွင် ဖမ်းမိခြင်းဖြစ်ပြီး သာယာကုန်း ကျေးရွာတွင်(၁၂)ဦး၊ ပျဉ်းခုံလေး(ဇိုဇန်လမ်းခွဲ)တွင် (၄)ဦး၊ စုစုပေါင်း(၁၆)ဦးကို နေ့လည်(၁၂း၁၅)နာရီ အချိန်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ခိုးဝင်လာသော ဘင်္ဂါလီများကို ကလေးမြို့နယ် ညောင်တုန်း ရွာသား တစ်ဦးက တွေ့ရှိရာမှ ရဲစခန်းသို့ သတင်းပေးပို့ ခဲ့ခြင်း ဖြစ်ကြောင်း ကလေးမြို့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
ယခု ဖမ်းဆီးမိသော ဘင်္ဂါလီ (၁၆) ဦးမှာ အမျိုးသားများ ဖြစ်ကာ အသက်(၂၅)နှစ်အောက် လူငယ်များ ဖြစ်ကြောင်း သိရသည်။ ကလေးမြို့တွင် စက်တင်ဘာ(၁၃)ရက်နေ့က ပြုလုပ်ခဲ့သော ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ သမ္မတ ပြောကြားချက်ကို ထောက်ခံပွဲ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း တရားမဝင် ခိုးဝင်လာသော ဘင်္ဂါလီများအား ဆက်တိုင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။ Ref:The Voice Journal
0 comments:
Post a Comment