Monday, October 29, 2012

ချင်းပြည်နယ် လေယာဉ်ကွင်းသစ် တည်ဆောက်မည်

ဟွဏ်းဘီးလ်။        ။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့မှ (၂၆) ရက်နေ့များအတွင်း ချင်းပြည်နယ်တွင် လေယာဉ်ကွင်းတည်ဆောက်နိုင်ရန်အတွက် ပဏာမစစ်ဆေး ရေးအဖွဲ့ ချင်းပြည်နယ် ဖလမ်းမြို့သို့ ရောက်ရှိခဲ့သည်။

ဖလမ်းမြို့မှ (၁၀) မိုင်ခန့်အကွာတွင် ရှိသော Surbung တောင်အရပ်အား လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ရောက်ရှိလာသော လေယာဉ်ကွင်း တည်ဆောက်ရေး အဖွဲ့များအား ဒေသခံ ချင်းလူထုမှ လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

၎င်းကိစ္စနှင့်ပါတ်သက်၍ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ မွန်းလဲ (၁း၃၀) တွင် ချင်းပြည်၊ ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ချင်းပြည်နယ် လေယာဉ်ကွင်းဖြစ် မြောက်ရေးကော်မတီ အပါအ၀င် ဒေသန္တရကိစ္စရပ် များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုဆွေးနွေးပွဲသို့ ဖလမ်းမြို့အတွင်းရှိ ဌာနဆိုင်ရာ အကြီး အကဲများနှင့် ရပ်မိရပ်ဖများအပါအ၀င် (၄၀) ဦးခန့် တက်ရောက်ခဲ့ပြီး၊ “Surbung လေယာဉ်ကွင်း ဖြစ်မြောက်ရေးကော်မတီ” အား ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ Ref:CWM

0 comments:

Post a Comment