Friday, October 19, 2012

ပြည်ထောင်စုဝန်ကြီး (၃) ဦး ချင်းပြည်နယ်သို့ ရောက်ရှိခဲ့

ဟွဏ်းဘီးလ်။    ။ မြန်မာနိုင်ငံ ပြည်ထောင်စု ၀န်ကြီး (၃) ဦးသည် အောက်တိုဘာလဆန်းတွင် ချင်းပြည်နယ်သို့ ရောက်ရှိခဲ့ သည်ဟု သိရသည်။

ယင်းတို့မှာ- ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် နိုင်ငံတော် သမတရုံးဝန်ကြီး ဦးလှထွန်းတို့ ဖြစ်သည်။

ပြည်ထောင်စုအဆင့် ၀န်ကြီး (၃) ဦးနှင့်အတူ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်မွန်မွန်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မိခင်နှင့်ကလေးအသင်းဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများလိုက်ပါလျက် ၂၀၁၂၊ အောက်တိုဘာလ (၈) ရက်နေ့ မွန်းလွဲ ၂း၃၀ တွင် ဖလမ်းမြို့သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြရာ- ချင်းပြည်နယ်ဝန်ကြီးချုပ် Pu Hung Ngai နှင့် ပြည်နယ် ၀န်ကြီးများ၊ ဖလမ်းမြို့ခ၇ိုင်/ မြို့ နယ်ဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ကြိုဆို ခဲ့ကြသည်ဟု သိရသည်။

ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ ဝင်များသည် ဖလမ်းမြို့ ကုတင် (၂၀၀) ဆန့် ပြည်သူ့ ဆေးရုံသို့လည်း သွားရောက်ခဲ့ပြီး၊ ညနေ ၃း၃၀ တွင် ဟားခါးမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်ဟု သိရသည်။

ပြည်ထော်စုဝန်ကြီးများသည် ဟားခါးမြို့တွင် ချင်းပြည်နယ်ဝန်ကြီးများနှင့် တွေ့ဆုံမှုကို အောက်တိုဘာလ (၉) ရက်နေ့တွင် မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ပြီး၊ ချင်းပြည်နယ် ဆင်းရဲမှုလျော့ချနိုင်ရေးနှင့် တဦးချင်းဝင်ငွေ တိုးတက်ရရှိစေရေးအတွက် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့သည်ဟု Khonumthung သတင်းတွင် ဖော်ပြထားသည်။Ref:Chin World Media

0 comments:

Post a Comment