Thursday, October 11, 2012

ENC ဥက္ကဋ္ဌ ဒေါက်တာလျန်မှုန်းဆာခေါ မြန်ပြည်ရောက်ရှိ

ဟွဏ်းဘီးလ်။      ။ ရှစ်လေးလုံး အရေးအခင်းအပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်   မြန်မာပြည်သို့ ပြန်ခွင့်မရသော တိုင်းရင်းသားလူမျိုးများကောင်စီ(Ethnic National Council)နှင့် ချင်းအမျိုးသားများကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းသည် ယနေ့ညနေ ၂နာရီတွင် နော်ဝေးနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။

နော်ဝေးနိုင်ငံသားအဖြစ် ခံယူထားသော ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းသည် မြန်မာနိုင်ငံတွင် တစ်လနေထိုင်ခွင့်ရပြီး ရောက်ရှိနေစဉ်အတွင်း မြန်မာ Egress
မှ ပြုလုပ်သော Political Reforming Peace in Burma နှီးနှောဖလှယ်ပွဲ တက်ရောက်မည်ဖြစ်သည်။

ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးသောကြောင့် တိုင်းရင်းသားများ လက်နက်ကိုင်တိုက်ပွဲဝင်ရခြင်း၏အကြောင်းကို လေ့လာပြီး တိုင်းရင်းသားခေါင်းဆောင်များ သမိုင်းကို ရေးသားမည်ဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကပြောသည်။

၎င်းမှာ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ်အတွင်း စစ်အစိုးရ၏ သုံးကြိမ်တိုင်တိုင် ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် မာတင်လူသာကင်းငြိမ်းချမ်းရေးဆုကိုရရှိခဲ့သည်။

ပြည်ပသို့ မထွက်ခွာခင် ၁၉၈၂ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ ၀ိဇ္ဖာဘွဲ့ဂုဏ်ထူးဘွဲ့ရရှိပြီး ၁၉၈၅ ခုနှစ် မဟာဝိဇ္ဖာဘွဲ့၊ မြန်မာဓမ္မတက္ကသိုလ်ပညာဘွဲ့ကို ၁၉၈၈ ခုနှစ်တွင် ရရှိခဲ့သည်။ ပြည်ပသို့ ထွက်ခွာပြီး ၂၀၀၀ ပြည့်နှစ်တွင် ဆွီဒင်နိုင်ငံ Uppasa တက္ကသိုလ်တွင် ပါရဂူဘွဲ့ကိုရရှိခဲ့သည်။

0 comments:

Post a Comment