Sunday, November 18, 2012

ချင်းပြည်နယ်တွင် လျှပ်စစ်မီးမရ၊ ကျောင်းသားများ အခက်တွေ့

ဟွဏ်းဘီးလ်။        ။ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ပေါ်တွင် လျှပ်စစ်မီး မရသောကြောင့် ကျောင်းသားများ
 ကျောင်းစာကြည့်ရာ တွင် အင်မတန်ဒုက္ခရောက် ကြကြောင်း သိရသည်။

“ မီးစက်ပျက်သည် မပျက်သည် ကို သက်ဆိုင်ရာက စစ်ဆေးသင့်တယ်၊ စက်ဆီတွေ ခိုးရောင်းမှုတွေ ရှိနေတယ်လို့ လည်းသတင်းကြားတယ်” ဟု လူငယ်ခေါင်းဆောင်တဦးက ပြောသည်။

အစိုးရသစ်တက်လာပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း ယခင်ထက် လျှပ်စစ်မီး ပိုမို ရရှိလာခဲ့ပြီဖြစ်သော်လည်း မီးစက်ပျက်သည် ဟု အကြောင်းပြသဖြင့် သက်ဆိုင်ရာက လျှပ်စစ်မီး မပေးတော့ ခြင်းဖြစ်သည်။

“ တပတ် မှာ နှစ်ရက်ခြားပြီး တနေ့ သုံးနာရီခန့်သာ မီးရရှိတယ်၊ မီးစက်ပျက်တယ်ဆိုပြီး အကြောင်းပြ တယ်၊ ကျောင်းသား တွေ စာကြည့်ရာမှာ အင်မတန်ဒုက္ခရောက်တယ်၊ ရေနံဆီ မတတ်နိုင်သူတွေဆိုယင် ထင်းရှူးမီးနဲ့ပဲ စာကြည့်ကြတယ်” ဟု ကျောင်းသား မိဘ တဦးက ပြောသည်။

ကန်ပက်လက်မြို့သည် ၀ိတိုရိယ တောင်ခြေတွင် တည်ရှိပြီး ၀ိတိုရိယတောင်နတ်မတောင် အမျိုးသား ဥယာဉ်ကို လေ့လာ သည့် ပြည်တွင်းပြည်ပ ခရီး သွား ဧည့်သည်များ ၀င်ထွက်သွားလာလေ့ရှိကြသည်။

“လူမှုအသင်းအဖွဲ့တွေအနေနဲ့ဖြစ်ဖြစ်၊ လူထု အနေနဲ့ ဖြစ်ဖြစ် မီးပုံမှန်ရရှိရေးကို အရေးဆိုသင့်တယ်၊” ဟု လူငယ်ခေါင်း ဆောင် က ဆက်ဆိုသည်။

ယခုနှစ်အတွင်း ချင်းပြည်နယ် မတူပီမြို့ပေါ်တွင် လျှပ်စစ်မီး ပုံမှန်မရရှိသောကြောင့် ဒေသခံများ လျှပ်စစ်မီး ပုံမှန်ရရှိ ရေး အတွက် နိုင်ငံတော် သမ္မတ ထံတောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

စက်တင်ဘာလအတွင်း ချင်းပြည်နယ် ထန်တလန်မြို့အတွက် အစိုးရမှ ချပေးသည့် လျှပ်စစ် မီတာဘုတ် ၃၀ ကို သက် ဆိုင်ရာ လျှပ်စစ်မှူးက ဖလမ်းမြို့ သို့ ပို့ခိုင်းလိုက်သဖြင့် ထန်တလန်မြို့ပေါ်တွင် တပတ် အတွင်း ၄ ရက်ခန့်သာ လျှပ်စစ် မီး မီးရရှိပြီး  ကျောင်းသူ ကျောင်းသား များကျောင်းစာ ကြည့်ရေး အခက်ကြုံနေကြသည်။ Ref:KNG

No comments:

Post a Comment