ဟွဏ်းဘီးလ်။ ။ ပလက်ဝမြို့နယ်၊ ပီချောင်း၊ ဖတ်ချောင်းဝကျေရွာနေ ပူးသန်းမင်းသည် သားဖြစ်သူ ပူးခင်နောင်၏ ထိုးသတ်မှုဖြင့် (၂၇) ၇က် ည (၇) နာရီတွင် ပွဲခြင်းပြီးသေဆုံးခဲ့သော်လည်း လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုကြောင့် အလောင်းအား ခွဲစိပ်စစ်ဆေးရန် (၂၉) ရက်မနက် ၁၀း၃၀နာရီမှသာ ပလက်ဝ ရင်ခွဲရုံသို့အရောက် ပို့ဆောင်နိုင်ခဲ့သည်။
အလေားကို သယ်ဆောင်သော လမ်းတွင် အဘောင်းသားကျေးရွာကို ဖြတ်ခဲ့ရပြီး ရွာ ချောင်းဘေးတွင်တစ်ညအိပ်ခဲ့ရသည်။ နတ် ကိုးကွယ်မှုအယူဖြင့် ၄င်းရွာအား ၀က်သဒါး ခေါ် ၀က်သွေးလျော်ကြေးအဖြစ် (၅၀၀၀၀) ကျပ် ပေး ရသည်ဟု သိရသည်။
“ငါးသောင်း ကုန်သွားတယ် မိသားစုက မရှိတဲ့ ကြား တော်တော် ခက်ခက်ခဲခဲ ပေးရတာ။ တကယ်တော့ ခုလိုခေတ်မှာ တစ်ဦးကိုတစ်ဦး ကူညီဖို့ကအရေးကြီးတယ်။ လာမကူပဲ တောင်းပဲတောင်းသွားတာတော့ ဒုက္ခရောက်နေတဲ့ကျွန်မတို့ အတွက် အရမ်းကို ခံစားရ မကောင်းပါဘူး” ဟု ပူးသန်းမင်း ဧ။် ဇနီးဒေါ်မဖြူကပြောကြားသွားသည်။
ဆက်လက်၍ “အလောင်းကိုခုမှရောက်တာက လမ်းပန်းဆက်သွယ်ရေးခက်ခဲတာနှင့် မလိုအပ်တော့တဲ့ ဒီဓလေ့တွေကြောင့်ပဲ” ဟု လိုက်ပို့သူတစ်ဦးကလည်း ပြောကြားသွားပါသည်။
ရုပ်ကလပ်ကို အဘာင်သားအထိ ကုန်းကြောင်းထမ်းကြိုပြီး ရုပ်ဝတွင် ပလက်ဝနှစ်ခြင်းခရစ်ယာန် ပိုင်စက် လှေဖြင့် လာကြိုခဲ့ခြင်းကြောင်း ပလက်ဝမြို့သို့ အချိန်မီရောက်ခဲ့ရခြင်းဖြစ်သည်။ ထို့သို့အဖြစ်အပျက်များ နောက်နောင်မကြုံရလေအောင် ပလက်ဝနာရေးအတွက် အရန်သင့်အရေးပေါ်သုံးနိုင်ရန် နာရေးစက် လှေလိုအပ်နေပြီး ဖြစ်ကြောင်း လူမှုရေးလှုပ်ရှားသူများမှ သုံးသပ်ပြောဆိုကြသည်။
ပလက်ဝခွဲစိပ်ရုံတွင် အလောင်းကို ရဲနှင့်ဆရာဝန်စစ်ချက်များအပြီးညနေ ၂း၃၀နာရီတွင် ဆရာတော် အောင်ဒိန်းမှာ ခရစ်ယာန်ဝတ်တရားနှင့်အညီ ပလက်ဝ သချိုင်းတွင်သဂြိုင်္လ် ခဲ့သည်။ အစီအစဉ်အစ အဆုံးကို KYA President ဆရာ စတီဗဲန်မှ ဦးဆောင်ကူညီခဲ့ပြီး အခေါင်းအတွက်လိုအပ်သော သစ်များ ကိုလည်း ပူးအောင်ညွန့်လှိုင်မှ လှူဒါန်းသွားခဲ့ခြင်းကြောင့် ကျန်ရစ်သူမိသားအတွက် သက်သာရာ ရခဲ့ သည်။
သေဆုံးသွားသူဧ။် သား သို့မဟုတ် ပြစ်မှုကျူးလွန်သူ ဦးခင်နောင်မှာ တရားမမှုဥပဒေ ပုဒ်မ ၃၀၄ လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း ရဲ အရာရှိ ဦးအောင်နှင်းပ မှ ခူမီးမီဒီယာ၌ ဖော်ပြထားသည်။
“စစ်တွေ ဗဟိုက လာစစ်ရမှာ ဒီလူသတ်မှုကို မြိုနယ်အဆင့်က ဆုံးဖြတ်ပြီး ဒီဂရီချဖို့မရဘူး” ဟု ၄င်းက ဆက်ပြောသွားပါသည်။
ထို့အပြင် ရဲဗိုလ်ကြီးကလည်း “ပီချောင်းတစ်လျှောက်ရှိ ရွာတိုင်းမှာ အရက်တော်တော်ပေါတယ်။ သောက် လည်း တော်တော် သောက်ကြ တယ်။ ဘယ်က ခိုးရောင်းကြဒါလဲမသိဘူး။ ရောင်းခွင့်တော့မပေးဘူး ဒါပေမဲ့ကျနော်တို့လည်း ရွာတိုင်းမှာ အချိန်ပြည့်မနေနိုင်ဘူးလေ ၊ ဒီအရက်ကြောင့် ပီချောင်းမှာ မကြာ ခဏဆိုတလိုပြသာနာတွေဖြစ်လာရတာ” ဟုထောက်ပြခဲ့သည်။
မိသားစုများအနေဖြင့် အချုပ်ခန်းတွင် အချိန်ကြာ သွားမည်ကိုစိုးရိမ်ကြောင့် နှင့် အမှုကိုအမြန်ဆုံးစစ် ဆေး၍ တရားဥပဒေအတိုင်း ဒီဂရီချ ထောင်ထဲသို့ထိုက်တန်သည့်အပြစ်ဒဏ်မတိုင်း ကျခံစေလိုကြောင်း ပြောသွားခဲ့သည်။ Ref:CWM
0 comments:
Post a Comment