ဟွဏ်းဘီးလ်။ ။ ပလက်ဝမြို့ အရှေ့ဘက်ကမ်းတွင် မိုးတွင်းပိုင်း လုပ်ငန်းခေတ္တ ရပ်ဆိုင်းထားခဲ့သော ပလက်ဝဆိပ်ခံ ဆောက်လုပ်မည့် လုပ်ငန်းအား ပြန်လည်ဆောက်လုပ်ရန် အိန္ဒိယမှ ဆိပ်ခံတား ဆောက်လုပ်ရေးအဖွဲ့သည် မြေတူးစက်(၂)လုံးဖြင့် ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့၊ ညနေ (၅း၃၀)နာရီ ခန့်တွင် ပလက်ဝမြို့သို့ ရောက်ရှိခဲ့သည်။
နိုဝင်ဘာလ(၁)ရက်နေ့တွင် မြေတူးစက်ကို ဆိပ်ခံ တံတားပြုလုပ်မည့်နေရာတွင် တင်ဆောင်ခြင်း ပြုလုပ်ခဲ့ ပြီဖြစ်သည်။ အဆိုပါ ဆောက်လုပ်ရေးအဖွဲ့အား ကျောက်တော်မြို့ ရဲစခန်းမှ လုံခြုံရေးအဖွဲ့သားများမှ လိုက်ပို့ပေးခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအဖွဲ့မှာ ယနေ့ နံနက် ၇း၃၀ နာရီတွင် ပလက်ဝမှ ကျောက်တော်သို့ သီးသန့် စက်လှေဖြင့် ပြန်လည်ထွက်ခွါသွားကြသည်။
ပလက်ဝဆိပ်ခံတံတားသည် ၂၀၀၈ ခုနှစ်တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ သဘောတူလက်မှတ်ထိုး ချုပ်ဆိုခဲ့ သော Kalandan Multi-Modal Transit Transport Project ၏ အရေးပါသော အစိပ်အပိုင်းတစ်ခုပင် ဖြစ်သည်။ စစ်တွေမှ ပလက်ဝအထိ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်မည်ဖြစ်ပြီး၊ ပလက်ဝမှ အိန္ဒိယသို့ ကားလမ်းများဖြင့် ဆက်သွယ်သွားမည်ဟု သိရှိရသည်။
ရန်ကုန် ဆွီးဟိုတယ်တွင် မန်နေဂျာတာဝန်ထမ်းဆောင်နေသော ကိုအောင်လင်းစိုး၏ အမြင်အရ “ အခု ဆောက်နေတဲ့ ပရောဂျက်ကတော့ ကောင်းပါတယ်။ တိုးတက်မှု ပြယုဂ်တစ်ခုလို့ဆိုနိုင်ပေမဲ့ ပလက်ဝနယ် ဒေသခံတွေအတွက် ဘာအကျိုးကြီးကြီးမားမား ရလာနိုင်မလဲ စဉ်းစားဖို့တော့ကောင်းမယ်။ အရင်ကမမြင် ဖူးတဲ့ ကားတွေပြေးလွား သွားလာနေတာမြင်ရပေမဲ့ ဘာမှမသိမလုပ်တတ်တဲ့ ဒေသခံတွေအတွက် ထင် သလောက် အခွင့်အရေးရ လုပ်ကိုင်ဖို့တော့လွယ်မယ်မထင်ဘူး။ ဘာလို့လဲဆိုရင် နားလည်ကျွမ်းကျင်သူ တွေများများလိုအပ်တယ်ဆိုတာ ကျွန်တော်ချင်းလူမျိုး ခူမီးတစ်ယောက် အနေနဲ့ စဉ်းစားမိလို့ပါ..။” ဟု အောက်တိုဘာ ၃၀ ရက်နေ့ စကားဝိုင်းဖွဲ့တွေ့ဆုံပွဲတစ်ခုတွင် ပြောသွားသည်။
ကုလားတန်ဘက်စုံစီမံကိန်းကို လွန်ခဲ့သော ၂၀၁၀ ခုနှစ် အောက်တိုဘာလ မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပြီး စီမံကိန်းအပိုင်းအားလုံး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပြီးဆုံးရမည်ဖြစ်သော် လည်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင်ပြီးစီးရန် ပြောင်းလဲသတ်မှတ်လိုက်ပြီးဖြစ်သည်။ ယခုအခါ စီမံကိန်း ကို ၂၀၁၆ မှသာ ပြီးဆုံးရန်ပြန်လည်သတ်မှတ်လိုက်ကြောင်း သိရှိရသည်။Ref:CWM
0 comments:
Post a Comment