ဟွဏ်းဘီးလ်။ ။ နှစ်ပေါင်းများစွာ ပိတ်ပြင်ခံကာ ယခုနှစ်တွင် ပထမဆုံး ပြန်လည်ကျင်းပခွင့်ရသော ချင်း(ဇိုမီး)ရိုးရာ ခွါဒိုပွဲတော်ကို ကလေးမြို့တွင် ယမနေ့ ည၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။
အခမ်းအနားတွင် သဘာပတိအဖြင့် ပူခိုင်ဒိတ်တွောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ပူဂင့်ခန့်ပေါင်က ခွါဒိုပွဲဖြစ်ပေါ်လာပုံများကို ရှင်းပြခဲ့သည်ဟု သိရသည်။
၎င်းအခမ်းအနားတွင် ကလေးမြို့နယ် ဥက္ကဋ္ဌ ဦးလင်းဇော်ထွေး၊ ကလေးမြို့နယ် ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးDaniel တို့ကလည်း အားပေးစကားများနှင့် ကျေးဇူးတင် စကားများ အသီးသီးပြောကြားခဲ့ကြသည်။
ကျွန်တို့ ပွဲမစမှီ ညနေ ဆည်းဆာချိန်မှာ ကလေးတက္ကသိုလ်ကနေ လူအယောက် ၁၀၀၀လောက်က ပွဲလမ်း သဘင်ကျင်းပရာ ပင်လုံရက်ကွပ်သို့ ရိုးရာ ဝတ်စုံများ၊ ရိုးရာ အသုံးဆောင်ပစ္စည်းများ၊ တူရိယာများ တီးမုတ်ကာ ချီတက်ကြတယ်။ ဒါက ယာခင်းက ပြန်လာကြတဲ့ သဘောနဲ့ လူတွေပြန်လည် သတိရလာအောင် ပေါ့နော်။ ချီတက်ရခြင်းဖြစ်ကြောင့်ကို ပွဲလာပရိသတ်တဦး ပူလျန်းက ဟွဏ်းဘီးလ်ကို ပြောသည်။
ပွဲလာပရိသတ် လူငယ်တဦးကို မေးကြည့်ရာမှာ ဒါတကယ်ကောင်းတဲ့ ပွဲပါ။ ကိုယ့်ရိုးရာ ထိန်းသိမ်းရာလည်းရောက်တယ်လေ။ လူတော်တော်များလည်း စိတ်ပါဝင်စားလာကြသည်ဟု ဟွဏ်းဘီးလ်ကို ပြောသည်။

ချင်း(ဇိုမီး)ရိုးရာ ခွါဒိုပွဲတော်သည် ချင်း(ဇိုမီး)လူမျိုးများ၏ ကောက်စိုက်ရိတ်သိမ်းပွဲနှင့် နှစ်သစ်ကူးအချိန်ခါဖြစ်ပြီး ရိုးရာ ဝတ်စုံများ၊ ရိုးရာ အသုံးဆောင်ပစ္စည်းများ၊ ရိုးရာ သီချင်းများ၊ တူရိယာများဖြင့် တီးခတ် ပျော်ဖြေကာ ကျင်းပပြုလုပ်လျှက် ရှိသည်။
ယခင် စစ်အစိုးရလက်ထက်တွင် လုံခြုံရေးအကြောင်းပြကာ ကလေးမြို့၌ ချင်း(ဇိုမီး)ရိုးရာ ခွါဒိုပွဲတော်နှင့် သတင်းကျွတ် မီးထွန်းပွဲတော်တို့ကို နှစ်ပေါင်းများစွာ ပိတ်ပြင်ခံခဲ့သည်ဟု သိရသည်။
0 comments:
Post a Comment