Wednesday, June 19, 2013

ကလေးနှင့် တမူးခရိုင်ရဲမှူးနှစ်ဦးကို တာဝန်မှ ခေတ္တအနားပေး

ဟွဏ်းဘီးလ်(မြတ် )။        ။ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုများတွင် ပါဝင် ပတ်သက်နေသည်ဟု ဆိုသော တိုင်ကြားစာများအရ ကလေးနှင့် တမူးခရိုင်ရဲမှူး နှစ်ဦးကို ဇွန်လ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ကာ စစ်ဆေးနေပြီး တာဝန်မှ ခေတ္တခဏ အနားပေးထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းက ပြောကြားသည်။ "ကလေးခရိုင်မှူးနဲ့ တမူး ခရိုင်မှူးတို့ကို တာဝန်ကခေတ္တခဏ အနားပေးထား ပါတယ်။ ပြီးတော့ သူတို့ကိုစစ်နေပါတယ်" ဟု ကလေး မြို့သို့...

ဒေါ်စုနှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး

ဟွဏ်းဘီးလ်။        ။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီမှ ခေါင်းဆောင်များ တွေ့ဆုံပြီး ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအပါအဝင် အချက်လေးချက်ဆွေးနွေးခဲ့သည်ဟု ၎င်းဆွေးနွေးပွဲတွင်ပါဝင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က မီဒီယာများကို ပြောသည်။ ၎င်းတို့သည် ဇွန်လ ၁၈ ရက်က ဒေါ်စု နေအိမ်တွင် တွေ့ဆုံကြခြင်းဖြစ်ပြီး...

ချင်းလူငယ် ခုပ်ပီး မှ “လူပဲအတူပဲ” တေးစီးရီးထုတ်

ဟွဏ်းဘီးလ်။        ။ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ Tui Mui ရွာတွင် မွေးဖွားနေထိုင်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ရန်ကုန်၌ စိတ်ပညာဖြင့် ဘွဲ့ရရှိခဲ့သော တေးသံရှင် ခုပ်ပီး (ခ) Thang Sian Sawm Khup ၏ တေးစီးရီးဖြစ်သော “လူပဲ အတူပဲ” မှာ လာမည့် ဇူလိုင်လအတွင်းတွင် ထွက်ရှိတော့မည်ဖြစ်သည်။ တေးသံရှင် ခုပ်ပီး (Khuppi) မှ “ ကျနော် ဒီအခွေကို စလုပ်တာ ၂၀၀၉ ကတည်းကပါ၊ နောက် ကျနော်တို့ Band တခုလုပ်ဖို့ စိတ်ကူးပေါ်လာပြီး ၂၀၁၀ မှာ အတီးသမားတွေကို စုပါတယ်။...

Tuesday, June 18, 2013

မူးယစ်နှင့် လက်နက်များကြောင့် လိုင်စင်မဲ့ကားများ ဖမ်းဆီး

ဟွဏ်းဘီးလ် (ကျော်သူစိုး)။        ။ ကလေးမြို့တွင် လိုင်စင်မဲ့ကားများကို ရဲတပ်ဖွဲ့အင်အား အလုံးအရင်းဖြင့် ဖမ်းဆီးနေခြင်းမှာ မူးယစ်ဆေးဝါးနှင့် လက်နက်များ သယ်ဆောင်နေသည်ဆိုသည့် သတင်းကြောင့်ဖြစ်ကြောင်း နေပြည်တော်မှ ရောက်ရှိလာသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်းက ပြောကြားသည်။ “ အမျိုးသားရေးရန်သူဖြစ်တဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်တိုက်ဖျက်ရေးအတွက် ကလေးမြို့ကို လာကြတာပါ။ မူးယစ်ဆေးတွေ၊ လက်နက်တွေကို လိုင်စင်မဲ့ကားတွေနဲ့...

မလေးရှားရှိ တရားမဝင်မြန်မာလုပ်သား အားလုံး တရားဝင် အထောက်အထား ထုတ်ပေးမည်

ဟွဏ်းဘီးလ်။        ။ အကြမ်းဖက်မှုများကြောင့် လူသေဆုံး သည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှား နိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား နှစ်သိန်းခန့် ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အထောက် အထားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။ ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာ လုပ်သားများကို တရားဝင်အထောက်အထား ထုတ်ပေးသည့် ပုံစံမျိုးအတိုင်း မလေးရှား...