Showing posts with label Music. Show all posts
Showing posts with label Music. Show all posts

Wednesday, June 19, 2013

ချင်းလူငယ် ခုပ်ပီး မှ “လူပဲအတူပဲ” တေးစီးရီးထုတ်

ဟွဏ်းဘီးလ်။        ။ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ Tui Mui ရွာတွင် မွေးဖွားနေထိုင်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ရန်ကုန်၌ စိတ်ပညာဖြင့် ဘွဲ့ရရှိခဲ့သော တေးသံရှင် ခုပ်ပီး (ခ) Thang Sian Sawm Khup ၏ တေးစီးရီးဖြစ်သော “လူပဲ အတူပဲ” မှာ လာမည့် ဇူလိုင်လအတွင်းတွင် ထွက်ရှိတော့မည်ဖြစ်သည်။

တေးသံရှင် ခုပ်ပီး (Khuppi) မှ “ ကျနော် ဒီအခွေကို စလုပ်တာ ၂၀၀၉ ကတည်းကပါ၊ နောက် ကျနော်တို့ Band တခုလုပ်ဖို့ စိတ်ကူးပေါ်လာပြီး ၂၀၁၀ မှာ အတီးသမားတွေကို စုပါတယ်။ သူတို့နဲ့ တိုင်ပင်တယ်။ သီချင်းတွေပြကြည့်တော့ Album တကယ်လုပ်ဖို့ အားလုံးက သဘောတူခဲ့ကြတယ်။ ဒါနဲ့ ကျနော့်ညီလေးနဲ့ တိုင်ပင်ပြီး DORON ဆိုတဲ့နာမည်ကို ရွေးချယ်လိုက်ပါတယ်” ဟု Chin World သို့ပြောသည်။

Gift or Talent ဟု အဓိပါယ်ရသော DORON Band အဖွဲ့တွင်- အတီးသမားများအဖြစ် Akam (Guitar)၊ Tuangpi @ Dozo (Bass)၊ Mungpi (Keyboard)၊ Waiphyo (Drum) တို့ဖြင့် ဖွဲ့စည်းထားသည်။ ထပ်မံဖြည့်စွက်သော သီချင်းများတွင် Bassit သမား ခရီးလွန်နေသည့်အတွက် AVan (Bass) မှ တီးခတ်ပေးသည်ဟုလည်း သိရသည်။



တေးသီချင်းများသည် Modern Rock, Metal, Slow, Hard Rock အစရှိသည့် သီချင်းအမျိုးအစားများပါဝင်ပြီး PTL Studio တွင် ၂၀၁၀ ခုနှစ်မှ စတင်အသံသွင်းယူခဲ့ကာ၊ (၃) နှစ်ကျော် ပြုလုပ်ထားသော တေးစီးရီးဖြစ်သည်ဟု ခုပ်ပီးမှ ပြောသည်။

တေးရေးများအဖြစ် Saw Bwa၊ F. Tharnge၊ KNO၊ Mungpi၊ ZT၊ Tungpu၊ Marcus၊ KT Pau တို့ (၈) ဦးမှ ရေးသားထားပြီး၊ တေးသီချင်းစုစုပေါင်း (၁၂) ပုဒ်ပါဝင်သည်ဟု သိရသည်။ Ref: Chin World Media

မြန်မာနိုင်ငံပြင်ပတွင် ၀ယ်ယူလိုသူများအတွက် နော်ဝေးနိုင်ငံတွင် Sui Lian (4741004199)၊ သြစတေးလျနိုင်ငံအတွက် Van Chan (+61 424-253-088) တို့တွင်လည်း ၀ယ်ယူနိုင်မည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူများအတွက်လည်း Maryland ပြည်နယ်တွင် Mr. Cung Mi Mang (Ph: +1 240-357-4500)၊ Mr. Sang Seu Mang (Ph: +1 240-409-1440)၊ Dallas City အတွက် Salai Mahnem (Ph: +1 469-554-2745)၊ Iowa ပြည်နယ်အတွက် Bro. Gen (Ph: 515-422-0182)၊ New York ပြည်နယ်အတွက် David Khai (+1-315-278-4779, +1-315-450-6091)တွင်လည်း ၀ယ်ယူနိုင်မည်ဟု သိရသည်။

 

Wednesday, July 4, 2012

မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ် ဆိုတဲ့ ဖြူဖြူကျော်သိန်း

04 Jul 2012  | By ရဲရဲ
ဟွဏ်းဘီးလ်။    ။ ဖြူဖြူကျော်သိန်းရဲ့ ကိုယ်ပိုင် သံစဉ်တေးစီးရီး အသစ်ကို ‘ချယ်ရီလမ်း’ လို့ အစက အမည် ပေးထားခဲ့ပြီး အခုအချိန်မှာတော့ စီးရီး ခေါင်းစဉ် ကို ပြောင်းလဲ လိုက်ပြီ ဖြစ် ပါတယ်။ ပြောင်းလဲလိုက်တဲ့ နာမည်ကတော့ ‘မိန်းကလေး တစ်ယောက် အသည်းကွဲနေတယ်’ လို့ သိရပါတယ်။ အဲဒီ အကြောင်း ကို ဖြူဖြူကျော်သိန်း က ”ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီအတိုင်းပဲ ပြောင်းချင်လို့ပါ။ သီချင်းတွေ အကုန်လုံး ပြန်နားထောင်တဲ့အခါ အခုလောလောဆယ်မှာ စိတ်ထဲက အဲဒီလိုမျိုး ပြောင်းချင်လာတာ နဲ့ ခေါင်း စဉ်ပြောင်းလိုက်တာပါ” လို့ ပြောတဲ့ ဖြူ ဖြူကျော်သိန်းရဲ့ အခွေက အားလုံး ပြီးစီးသွား ပြီ ဖြစ်ပြီး အခွေကာဗာလည်း ရိုက်ပြီးကြောင်း သိရပါတယ်။

”အခွေကာဗာ ကိုတော့ အရင်အခွေတွေ နဲ့ မတူဘဲ ဒီတစ်ခေါက်မှာ Outdoor ရိုက်ထားတယ်။ ခါတိုင်းတော့ စတူဒီယို ထဲမှာပဲ ရိုက်ပြီး ဒီဇိုင်း လုပ်တာပေါ့။ အခုတော့ အရသာ လည်းပြောင်းချင်လို့ Outdoor ရိုက်လိုက်တယ်။ အရသာကတော့ ပြောင်းသွားတာပေါ့” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။ တစ်ခွေလုံးကို ကိုယ်ပိုင်သံစဉ် အဖြစ် ပထမဆုံး အနေနဲ့ ထွက်ရှိလာမယ့် ‘မိန်းကလေး တစ်ယောက် အသည်းကွဲနေတယ်’ အခွေ အတွက် ဖြူဖြူကျော်သိန်း ရဲ့ စိတ်ထဲ မှာ ဘယ်လိုရှိနေမလဲ ဆိုတာကတော့ ”စလုပ်ကတည်း ကိုက အရင် အခွေတွေနဲ့ ကွာနေပြီ။ ပြီးတော့ ကိုယ့် အတွက် ဆိုလည်း လုံးဝအသစ် တစ်ယောက်လို ခံစားရတယ်။ ကိုယ်ပိုင် သံစဉ်တွေလည်း အရင်က အတွဲအခွေတွေမှာ တစ်ပုဒ် စီဆိုပါတယ်။ အခုဟာက တစ်ခွေလုံး ကိုယ့်အတွက်ပဲ တည်ထားတဲ့ သီချင်းတွေနဲ့ ကိုယ် ပိုင်သံစဉ် တစ်ကိုယ်တော် အနေနဲ့ ထွက်ရတာ ဆိုတော့ စိတ်ဝင် စားစရာ လည်း ကောင်းတယ်။ ပျော်လည်း ပျော်တယ်။ ကျေလည်း ကျေနပ် တယ်။ သီချင်းတွေ အကုန်လုံးကိုလည်း အား ရတယ်” လို့ ဖြူဖြူကျော်သိန်း ကသူ့အခွေ အကြောင်း ပြောပါတယ်။

လတ်တလောမှာတော့ ဂီတအစည်း အရုံးကအသစ် ပြန်လည် ဖွဲ့စည်းတော့ မှာ ဖြစ်ပြီး အဲဒီအပေါ်မှာ ဂီတလောကသား အားလုံး နီးပါးမှာ ရှိနေတဲ့ ဆန္ဒကတော့ ခိုးကူး ပပျောက် ရေးပါ။ ဒီအကြောင်းနဲ့ ပတ်သက် ပြီး ဖြူဖြူကျော်သိန်းက ”အဖွဲ့အစည်း ဆိုတာကတော့ အသစ်ဖွဲ့တယ် ဆိုပြီး ပြောင်းလိုက် ရုံနဲ့တော့ မဖြစ်ဘူး။ ဘာလုပ်ကြ မလဲပဲ အရေးကြီးတာ။ ဒါပေမဲ့ ဒါကလည်း အားလုံးအပေါ်မှာ တာဝန်ရှိတယ်။ အစ်မအနေနဲ့ လုပ်နိုင် တဲ့ ဘက်ကနေဝင်ပြီး လုပ်ပေးဖို့တော့ ဆန္ဒရှိတယ်။ တကယ် အလုပ်လုပ်နေ ရတဲ့လူတွေ လက်တွေ့ ကြုံနေရတာ ဘာလဲဆိုတော့ ခိုးကူးကြောင့် ပဲ။ ဈေးကွက်ကို ထိခိုက်တာလည်း ခိုးကူးကြောင့်ပဲ။ အဝေး ကြီး လျှောက်တွေး နေစရာ မလိုဘူး။ မြန်မာနိုင်ငံ ဂီတလောကရဲ့ ဖြစ်နေ တဲ့ ဖြစ်ရပ်ဟာ ခိုးကူးကြောင့် အများကြီး ဖြစ်ပျက်နေတာပါ။ အနုပညာ အသစ် တွေ မထွက်နိုင်ဘူး။ ကော်ပီကို မှီခိုနေရ တယ်။

Own Tune တွေ ထွက်ဖို့ ခက်ခဲနေ တယ်။ ထုတ်လုပ်ရေးတွေ သေချာ မရှိတော့ ဘူး။ ဖြန့်ချိမှု ပိုင်း အားနည်းနေတယ်။ အစစ အရာရာ ဒီအပေါ်မှာ မူတည်နေတယ်။ အဲဒါကြောင့် တရားဥပဒေ စိုးမိုးရေးနဲ့ တရား မျှတမှု ရှိရေးဟာ သိပ် အရေးကြီးတယ်။ လာဘ်ပေးလာဘ်ယူ လုပ်လို့နေသရွေ့၊ တရား ဥပဒေ စိုးမိုးမှု မရှိသရွေ့တော့ အစ်မတို့ လောကသားတွေ အနေနဲ့ ဘယ်လိုပဲ ဖွဲ့စည်း ဖွဲ့စည်း ထူးမှာ မဟုတ်ဘူး။ လူငယ်တွေကိုလည်း အများကြီး ပါစေချင် တယ်။ ဒီအထဲမှာ ဝင်ရမှ ရယ်လည်း မဟုတ်ဘူး။ နေရာ တစ်နေရာ ရမှ မဟုတ်ဘူး။ ကိုယ့်စိတ်ထဲ ဦးနှောက်ထဲမှာ စဉ်းစားထားတာတွေ ရှိတယ်။ အဲဒါတွေ အကုန်လုံးကို တစ်စု တစ်စည်းတည်း ညီညီ ညွတ်ညွတ်နဲ့ အားလုံး လုပ်သွားမယ် ဆိုရင် ဖြစ်ကိုဖြစ်မှာပါ” လို့ ဖြူဖြူကျော်သိန်းက ပြောပြပြီး သူကိုယ်တိုင်လည်း ဝင်ရောက် ရွေး ချယ်ခံ အဆိုပြုလွှာ တင်သွင်းဖို့တော့ စိတ်ကူး ရှိတယ်လို့လည်း သိရပါတယ်။ ဖြူဖြူကျော်သိန်း က သူ့အနေနဲ့ လတ်တလောမှာ စိတ်ဝင်စား နေတာကတော့ ဒေါ်အောင်ဆန်းစု ကြည် ရဲ့ မိန့်ခွန်း များ ပဲဖြစ်ကြောင်း သိရပါတယ်။

Wednesday, June 27, 2012

ဇမ်နူးရဲ့ လာမယ်ကြာမယ် တစ်ကိုယ်တော် အယ်လ်ဘမ်

26 Jun 2012  | By AY
ဟွဏ်းဘီးလ်။       ။  စင်မြင့်ဖြေ ဖျော်ပွဲများ အတွဲခွေများ တွင် သီဆိုဖြေ ဖျော်ခဲ့သမျှ ပရိသတ် အားပေးမှု
အခိုင်အခန့်ရှိသူ အဆိုတော် ဇမ်နူးမှာ ဂီတဖြတ်သန်းမှုလေး ရှိလာ သည်နှင့်အမျှ တစ်ဖက်တွင်မူဂီတသမား တစ်ဦးအတွက် မှတ်တိုင်တစ်ကိုယ်တော် တေးအယ်လ်ဘမ် မထွက်နိုင်သေးချေ။

တစ်ကိုယ်တော်အယ်လ်ဘမ် မထွက်နိုင် သေးသည်နှင့်အမျှ ရောက်သည့်ဖြေဖျော် ပွဲတိုင်း၊ ဗျူးကြသည့်အင်တာဗျူးတိုင်း တွင် တစ်ကိုယ်တော်အယ်လ်ဘမ် ကိစ္စ ကိုသာ တမေးတည်းမေးနေကြ၍ တဖြေ တည်း ဖြေနေရသည်ဟူ၏။ ထုံးစံ အတိုင်းနောက်ဆက်တွဲ မေးသည့်အခါ တွင်လည်း ဇမ်နူးက -----
“ဟုတ်တယ်။ ကြာတော့ ဇမ်နူး တောင်ကိုယ့်ကိုကိုယ် ဖြေရတာရှက်လာ ပြီ။ ပွဲတွေဆိုလိုက်၊ မအားလပ်တာတွေ နဲ့ကြုံလိုက်၊ သီချင်းဘက်လှည့်ဖို့ အချိန် မရလိုက်၊ ရတဲ့အချိန်ကျပြန်တော့လည်း ပြီးစီးတဲ့သီချင်းလေးတွေ ပြန်ကြည့်လိုက် ပြန်ရင် စိတ်တိုင်းမကျတာတွေ့လိုက်၊ မကြိုက်လိုက်နဲ့ ပြန်ပြင်မယ်လုပ်ပြန်တော့ဖြေဖျော်ပွဲဘက် ခေါင်းလည်သွားလိုက်နဲ့ တကယ်ကို တိုင်ပတ်နေတယ်ဆိုတာ ဇမ်နူးမှအစစ်ပါပဲ။

အဆိုတော်တစ်ယောက်ရဲ့ မှတ်တမ်းမှတ်တိုင်ဖြစ်တဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ကို ဇမ်နူးလည်းထိထိရောက် ရောက် စိုက်ထူချင်တာပေါ့။ ဟိုတုန်းက တည်းက ဦးအောင်သျှံဝိုင်းတို့သိတယ်။ ဇမ်နူးကလည်း ဒီဆို ဟိုရောက်၊ ဟိုဆို ဒီရောက်နဲ့အချိန်လုခဲ့ရတာ ခုလိုအချိန် ဖြေဖျော်ပွဲတွေ အချိန်ပေးနေရတော့ ပိုဆိုးတာပေါ့။ ထွက်နိုင်အောင်တော့ ကြိုးစားမှာပါ။

ထုံးစံအတိုင်းဇမ်နူးရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် လာမယ် ကြာမယ်လို့ပဲ ပြောနေကြမှာ ဇမ်နူးလည်း သိပါတယ်။ ဘာပဲပြောပြောဇမ်နူးအပေါ် ချစ် တဲ့စိတ်နဲ့ ဇမ်နူးအတွက် တစ်ကိုယ်တော် အယ်လ်ဘမ်လေးထွက်သင့်တဲ့အကြောင်း အကြံပေးသူတွေ၊ မျှော်လင့်နေသူတွေ ကို ဇမ်နူးက တကယ်ကျေးဇူးတင်မိပါ တယ်။ ဇမ်နူးကိုချစ်တဲ့စိတ်နဲ့ပေါ့။

Wednesday, June 20, 2012

မွေးရပ်မြေကို မပြန်ဖြစ်တာ ကြာပြီ ဇမ်နူး

ဟွဏ်းဘီးလ်။       ။ ငယ်စဉ် မွေးဖွားရာ ဇာတိမြို့ ကလေးကို လူတိုင်း ချစ်မြတ်နိုး တွယ်တာ တတ်ကြပါတယ်။ အရွယ်ရောက်လို့ ပညာဆည်းပူးဖို့၊ ဘဝတိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေဖို့အတွက် မိမိရဲ့ ဇာတိမြို့ကို စွန့်ခွာလို့ မြို့ကြီးပြကြီးကို ရောက်လာခဲ့တဲ့သူတွေ ရှိပါတယ်။ ကိုယ့်ရဲ့ အိပ်မက်ကိုယ်စီနဲ့ပေါ့။ ဘယ်လိုအချိန် ဘယ်ကာလမှာပဲမဆို ကိုယ့်ရဲ့ ဇာတိမြို့လေးကို လွမ်းတမ်းတစိတ်တော့ ဖြစ်မိတတ်ကြပါတယ်။

မြို့ပြမှာ အလုပ်တွေမောလို့ စိတ်ကြည်နူးစရာရယ်လို့ ပြန်တွေးမိရင် ကိုယ့်ဇာတိက ငယ်ဘဝတွေဆိုရင် မှားမယ် မထင်ပါဘူး။ အနုပညာရှင်တွေထဲမှာလည်း အနယ်နယ် အရပ်ရပ်ကသူတွေ ရှိပါတယ်။ သူတို့တွေရော..သူတို့ရဲ့ ဇာတိမြေကို ဘယ်လိုလွမ်းလဲဆိုတာ ဒီလိုပဲ မေးဖြစ်ခဲ့သမျှ ဖော်ပြပေးလိုက်ပါတယ်။ ဇမ်နူးရဲ့ မွေးရပ်ဇာတိက စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာမွေးပြီး ၁၉၈၃ ခုနှစ်မှာ ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာပါ။ တမူးမြို့မှာ မွေးခဲ့တာ ဆိုတော့ စိတ်ထဲမှာ ရေးရေးလေးလောက်ပဲ မှတ်မိတော့တယ်။ အဲဒီတုန်းကတော့ ဒီလောက်ထိတော့ အရမ်းကြီး မဖွံ့ဖြိုးသေးဘူးပေါ့။ အခုဆိုရင် လမ်းပန်းဆက်သွယ်ရေးကအစ အရမ်းကောင်းသွားပြီလေ။ ပျော်တာပေါ့။

တေးသံရှင် မဇမ်နူး ရဲ့ ဓါတ်ပုံကို သူမ Facebook မှ ယူထားသည်။
တကယ်လို့ ဖြစ်နိုင်သေးရင် ကိုယ့်ရဲ့ မွေးရပ် ဇာတိမြို့လေးကို တစ်ခေါက်လောက် ပြန်ရောက်ချင်ပါသေးတယ်။ ငယ်ငယ်တုန်းက Sunday School သူတွေမှာ ဆိုခဲ့တုန်းက အချိန်တွေ၊ အဲဒီတုန်းက အသက်သုံးလေးငါးနှစ် အရွယ်လောက်ပဲ ရှိဦးမယ်လေ။ နောက်ပြီး ဘုရားကျမ်းစာတွေ ရွတ်ခဲ့ရတာတွေကို ပြန်မှတ်မိတယ်။ တမူးမြို့မှာက (၃) နှစ်သမီး အရွယ်လောက်ထိပဲ နေထိုင်ခဲ့တာပေါ့။

မွေးရပ်ဇာတိမြေကို မပြန်ဖြစ်တာ ကြာခဲ့ပြီလေ။ ဘာဖြစ်လို့လဲဆိုတော့ တမူးမြို့မှာ ဇမ်နူးလည်း မွေးပြီးရော ရန်ကုန်မြို့မှာ မိသားစုတွေအားလုံး အခြေကျ နေထိုင်ခဲ့တာမို့လို့ပါ။ တမူးမြို့မှာတော့ ဇမ်နူးနဲ့အတူ (၂) နှစ်အထိ မူကြိုတက်ခဲ့တဲ့ သူငယ်ချင်းရှိခဲ့တယ်။ သူလည်း အိမ်ထောင်ကျသွားပြီ ဆိုလားသိခဲ့ရတယ်။ တမူးမြို့မှာ (၂) နှစ်ထိလောက်ပဲ နေခဲ့ရတာ ဆိုတော့လေ ငယ်ငယ်တုန်းက ကစားခဲ့ရတာလောက်ပဲ မှတ်မိတယ်။

သူငယ်ချင်းတွေနဲ့ကတော့ အလယ်တန်းလောက်ထိတော့ စာလေးတွေ ရေးဖြစ်ကြသေးတယ်။ နောက်ပိုင်းကျတော့ အဆက်အသွယ်လေးတွေ ဖြစ်သွားခဲ့ပေမယ့် အိမ်ထောင်တွေ ကျခဲ့သွားတယ် ဆိုတာတော့ နောက်ပိုင်း သတင်းကြားရတယ်။ ရန်ကုန်မြို့မှာ (၅) နှစ်သမီးကနေစပြီး မှတ်မိခဲ့တာတွေဆိုရင်တော့ Sunday School တွေ တက်ခဲ့ရတာတွေ ငယ်ငယ်တုန်းက အရမ်း ဆော့ကစား သန်ခဲ့ရတာတွေ၊ အပြေးသန်တာတွေ အရမ်းဆော့ကစားခဲ့ရတာတွေ မှတ်မိခဲ့တယ်။

ငယ်ငယ်ကတည်းကကို Music တွေကို အရမ်းကြိုက်ခဲ့တာပေါ့။ ကိုယ့်ရဲ့ ဇာတိမြို့လေးကနေ ရန်ကုန်မှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပေမယ့် ကိုယ့်ရဲ့ မွေးရပ်ဇာတိ မြို့လေးဖြစ်တဲ့ တီးတိန်၊ တမူးမြို့ဖက်ကို အပန်းဖြေသဘော အနေနဲ့ သွားချင်မိတယ်။ ချင်းတောင်ကိုလည်း အလည် သွားချင်သလို၊ ရီး(ဒ်) ရေကန်ကိုလည်း ရောက်ဖူးချင်တယ်။

ကိုယ်ကလည်း ချင်းစကားကို ပြောတတ်တဲ့သူဆိုတော့လေ သူငယ်ချင်းတွေနဲ့လည်း ပြန်တွေ့ချင်ပါတယ်။ ဘယ်နေရာ ဘယ်ဒေသကပဲ ဖြစ်ဖြစ်ပါ ရန်ကုန်ကို ရောက်လာပြီး အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပေမယ့် ကိုယ့်ရဲ့မွေးရပ်ဇာတိကို အမြဲတမ်း လွမ်းနေမှာ ဖြစ်သလို၊ မွေးရပ်ဇာတိမြေက လူတွေလည်း ကိုယ့်အတွက် ဂုဏ်ယူနေမှာပဲ ဖြစ်သလို၊ ဂုဏ်ယူစရာတစ်ခုလို့ မြင်ပါတယ်။
Ref: 8 Days

လူငယ်တွေ အားပေးစကား ပြောတဲ့ အငဲ

19 Jun 2012  | By ရဲရဲ
ဟွဏ်းဘီးလ်။       ။ နှစ်ပေါင်းများစွာကြာအောင် ခုချိန်ထိ သူ့ရဲ့အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူ၊ Iron Crossရဲ့ ရှိုးပွဲတိုင်း မှာ လည်း ကိုကြီးငဲ၊ ကိုကြီးငဲ ဆိုပြီး အမြဲတမ်း ပွဲတောင်းခံရတဲ့ အငဲတို့ ICအဖွဲ့က ဇူလိုင်လ ၁၄ ရက်နေ့မှာတော့ အင်္ဂလန်နိုင်ငံကို ဖျော်ဖြေရေးသွားမှာ ဖြစ်ပါတယ်။

ICက အင်္ဂလန် ခရီးစဉ်အနေနဲ့ လွန်ခဲ့တဲ့၎နှစ်က တစ်ကြိမ်သွားခဲ့ပြီး အခုကတော့ ဒုတိယ တစ်ခေါက်ပါ။ ရှိုးပွဲမတိုင်ခင်မှာ အငဲရဲ့ ခံစားမှုက..''အခုထိကို အရင်အတိုင်းပဲ ဖြစ်နေကျ၊ လုပ်နေကျဆိုပေမယ့် နည်းနည်းကြောက်တတ်သေးတယ်။ အတွေ့အကြုံ ရလာတာပဲရှိတယ်။

ရှိုးတက်တဲ့အခါမှာတော့ ကြောက်တဲ့ ခံစားမှုတော့ ရှိသေးတယ်။ သီချင်းကိုတော့ ရှိုးမှာ ပရိသတ်တွေ အဆင်ပြေနိုင်မယ့် သီချင်း အနေနဲ့တော့ ကွာသွားတာပေါ့။ လတ်တလောမှာ သူတို့ကြိုက်နေတဲ့ သီချင်းကို ဆိုပေးရမှာ ကိုယ့်တာဝန်ရှိတယ်လေ။ ဒါပေမဲ့ ရုတ်တရတ် ကျွန်တော်တို့ သိပ်မတိုက်ဘူးတဲ့ သီချင်းမျိုး ပရိသတ် ကတောင်းရင်တော့ ဘယ်လိုလုပ် ဆိုနိုင်မှာလဲ။ အဲဒီအခါကျရင်တော့လည်း မတိုက်ရသေးဘူးလို့ပဲ ပြောရတာပေါ့'' လို့ ပြောပါတယ်။

အငဲရဲ့ ၂ဝ၁ဝ မှာ ထွက်တဲ့ ပထမဆုံး ကိုယ်ပိုင်သံစဉ်'ကိုး' အခွေထဲက သီချင်းပုံစံကို ဘယ်လိုခံစားမှုနဲ့ ဘယ်လိုရွေးဖြစ်ခဲ့သလဲလို့ မေးတော့အငဲက.. ''တမင် တည်ပြီးရွေးတာတော့ မဟုတ်ဘူး။ ထိပ်ဆုံးခွေ ဖြစ်နေတော့ နည်းနည်း Safe ဖြစ်အောင် သီချင်းကို နည်းနည်း ပိုလုပ်တယ်။ ၁၅ပုဒ်၊ ၁၆ပုဒ်လောက် တီးဖြစ်သွားတယ်။ အဲဒီထဲကမှ အဆင်ပြေသလို ရွေးလိုက်တော့ 'ကိုး'အခွေက အခု ပရိသတ် မြင်တဲ့ ပုံမျိုးဖြစ်သွားတယ်။ ၃၊၄ပုဒ်လောက်က အဆင်မပြေ လို့ ဖြုတ်လိုက်တယ်''လို့ပြောပါတယ်။ အရင် ကော်ပီခွေတွေလုပ်ခဲ့တာနဲ့ ဒီ 'ကိုး'လိုမျိုး Own Tune Album လုပ်ရတာက ဘာတွေ ကွာခြားလဲလို့ အငဲ ကို ဆက်မေးကြည့်တော့ ..''ဘာကွာလဲဆိုတော့ ဒါက နည်းနည်း လွတ်လပ်တယ်။ မဆိုးပါဘူး။ တစ်မျိုးစီပါပဲ။ ကော်ပီခွေ လုပ်တုန်းကလည်း ပျော်ပါတယ်။ ခု Own tuneလုပ်တော့ တချို့ဟာလေးတွေက ကိုယ့်ဟာကိုယ် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး လွတ်လပ်မှုတော့ ရှိတာပေါ့''လို့ ပြောပါတယ်။

အငဲရဲ့'ကိုး'အခွေအမ် တီဗီမှာလူငယ် ရော့ခ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Wanted အဖွဲ့လည်း တစ်ပုဒ်ပါဝင်သရုပ်ဆောင် ထားတာကြောင့် မျိုးဆက်သစ် လူငယ် ရော့ခ်အဖွဲ့တွေကိုရော ကိုအငဲအနေနဲ့ ဘယ်လိုမြင်မိလဲ၊ လက်တွဲ လုပ်ဆောင်ဖို့ကော ရှိလား ဆိုတော့အငဲက..''သူတို့ တွေနဲ့တွေ့တဲ့ အချိန်တော့ ချစ်ချစ်ခင်ခင်နေကြတာ များပါတယ်။ ကျွန်တော်ကမြို့ထဲ သိပ်မထွက်တော့ သိပ်တော့မတွေ့ ဖြစ်ဘူး။ ဒါပေမဲ့ မြူးဇစ်လုပ်တဲ့ လူတွေကတော့ ကိုယ့်မိသားစုလိုပါပဲ။ သူတို့ကိုကြည့်ရတာ အားရပါတယ်။ သူတို့လည်း ကြိုးစားကြပါတယ်။ တကယ်ဆိုရင် ဒီ့ထက် တောင်ဖြစ်သင့် ပါသေးတယ်။ လက်တွဲလုပ်ဖို့ဆိုတာထက် သူတို့ကိုအကြံပေးတာတို့၊ သူတို့ရေးထားတဲ့ သီချင်းတွေ ကျွန်တော့်ကို ဝင်ဆိုမလား၊ အဆင်ပြေတာ မျိုးတွေဆိုရင် ဝင်ဆိုပေးပါတယ်''လို့ ပြောပါတယ်။

ရော့ခ်ကာကြီး အငဲက လူငယ်မျိုးဆက်သစ်လေးတွေ အပေါ်မှာလည်း အငဲရဲ့အားပေးစကားက.. ''တကယ်လုပ်ချင်စိတ်ရှိတဲ့လူ၊ တကယ်ကိုယ်ခံအားကောင်းပြီး ဝမ်းစာပြည့်တဲ့ လူတွေအားလုံးကို ဖြစ်စေချင်ပါတယ်။ ဘာအကြောင်းကြောင့် မှတော့ သူတို့ကို မကျဆုံး စေချင်ပါဘူး''လို့ ဆိုပါတယ်။ အငဲရဲ့'ကိုး' အခွေ အမ်တီဗီကတော့ တမင်ရည်ရွယ်တာ မဟုတ်ဘဲ ထူးထူးခြားခြားပဲ လေးဖြူက တစ်ခွေလုံး ရိုက်တာလို့ အငဲက ပြောပြီး အားလုံး ပြီးပေမယ့် ရည်မှန်းထား တဲ့အတိုင်းမဖြစ်တာကြောင့် နည်းနည်းတော့ ကြာဦးမယ်လို့လည်း အငဲကဆက်ပြောပါတယ်။

ICရဲ့စုစည်းမှုတွေဖြစ်တဲ့ 'ရာစုသစ်'လို၊ 'LMN'လို၊ အခွေမျိုးကော ပရိသတ်တွေအတွက် စီစဉ်ထားတာ ရှိလားဆိုတော့ ''ကြိုတင်တော့ မစီစဉ် ထားဘူးဗျ။ တစ်ခါတလေကျရင် လေးဖြူတို့၊ မျိုးကြီးတို့ နဲ့ တွေ့တဲ့အချိန် 'လုပ်ကြဦးမလား'ပြောပြီး ၃ယောက်စလုံး ဖီလင်ရှိရင် လုပ်တာပဲ။ တစ်ယောက်က မလုပ်ချင်ရင်မလုပ်တော့ ပြန်ဘူး။ အဲလိုမျိုး ဖြစ်နေတာ''လို့ ဆိုလာပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံ ဂီတအစည်းအရုံးလည်း အသစ်ပြန်လည် ဖွဲ့စည်းတော့မှာဖြစ်တာကြောင့် အစည်းအရုံးနဲ့ ပတ်သတ် ပြီး မေးတော့ ..''အမှန်တိုင်းပြောရရင် ကျွန်တော်က ထဲထဲဝင်ဝင် သိပ်မနေတော့ သိပ်တော့ မသိဘူးဗျ''လို့ဆိုပါတယ်။ အငဲက လက်ရှိ ဂီတဈေးကွက်ကိုတော့ 'ဈေးကွက်ကတော့ သိတဲ့အတိုင်းပဲ။ သိပ်အားမရဘူး။ ကိုယ်ဖြစ်တာ ကိုပြောတာ မဟုတ်ဘူး။

ခုဖြစ်နေတဲ့ ဈေးကွက်ကိုပြောတာ။ ထုတ်ဝေ သူတွေ၊ ပရိုဂျူဆာတွေနဲ့ တွေ့ရင် သူတို့ပြောကြတဲ့ စကားနားထောင် ရတာ ပြောပါတယ်။ တကယ် ဘယ်လို ဖြစ်နေလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ တဖြည်းဖြည်းနဲ့ ခြစားသလိုပါပဲ''လို့ ပြောပါတယ်။

Thursday, May 24, 2012

အမေရိက Idol-2012 ကို Phillip Phillips ဆိုသူ ဆွတ်ခူးရရှိ

ပရိတ်သတ်ကြီးရေ ဒီတစ်ခေါက် American Idol အကြောင်းကတော့ ဖတ်ကိုဖတ်သင့်နေပါပြီ။ ဘယ်တုန်းက မှမရှိခဲ့ဘူး တဲ့အစီအစဉ် တွေကိုဒီ Article မှတင်ဆက်ထားပါတယ်။

ဒီညမှာ American Idol 2012 ကိုဆွတ်ခူးသွားတာ ကတော့ အသက် ၂၁ ရှိတဲ့ Phillip Phillips ဖြစ်ပါတယ်။ သူဟာ မဲပေါင်း ၁၃၂ သန်းနဲ့အသက် ၁၆ ရှိတဲ့ Jessica Sanchez ကို ကျော်တက် သွားတာပါ။

သူ့ကို ပထမဆုံး သတိထားမိတာ Stevie Wonder ရဲ့ "Superstition" နဲ့ Michael Jackson ရဲ့ "Thriller" acousitc version ဆိုတဲ့ အချိန်ကတည်းကပါ။ အဲ့လိုနဲ့ သူ Top 24 ကိုရောက်တော့ Usher ရဲ့ "Nice and Slow" သီဆိုပြီး Tope 13 ထဲ ပါခဲ့ပါတယ်။ Top 13 မှာတော့ Phil Collins ရဲ့ "In the Air Tonight" ကို သီဆိုခဲ့ပါတယ်။

သူယှဉ်ပြိုင်ခဲ့တဲ့ season ၃ခုစလုံးမှာ ၁ ကနေ ၁၀ အောက်ကို မကျခဲ့ပါဘူး။ ပြီးခဲ့တဲ့ အပတ်မှာပဲ Usher ရဲ့ "U got it bad" နဲ့ Damien Rice ရဲ့ "Volcano" ကို သီဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် သူရဲ့ ဂစ်တာမပါဘဲ Bob Seger ရဲ့ "We've got tonight" ကို သူများနဲ့ မတူတဲ့ အသံအား ကောင်းကောင်းနဲ့ သီဆိုခဲ့ပါတယ်။

2

အင်္ဂါနေ့ည Final မှာတော့ Phillip ဟာ Ben E. King ရဲ့ "Stand by Me" ဆိုတဲ့ သီချင်းနဲ့ ပရိတ်သတ်ကို ကိုင်လှုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာ Judge တွေကြိုက်တဲ့ သူရဲ့ကိုယ်ပိုင်သီချင်း "Home" ကိုလည်း သီဆိုခဲ့တယ်လို့ သိရပါတယ်။
3 Ace Young နဲ့ Diana DeGarmo

ဒါ့အပြင် နောက်ထပ် ထူးထူးခြားခြား တက်လာတဲ့ သတင်းကတော့ American Idol ရဲ့ ပထမဆုံး စုံတွဲဖြစ်မယ့် Ace Young နဲ့ Diana DeGarmo တို့ ဒီအပတ် ဗုဒ္ဓဟူးနေ့ နောက်ဆုံး Final မှာ လက်ထပ်ခွင့်တောင်းပြီး စေ့စပ်လိုက်ကြပါပြီတဲ့။ သူတို့ဟာ "Idol" ရဲ့ ပထမဆုံး စုံတွဲဖြစ်သလို လက်ထပ်မယ့် သူတွေလည်း ဖြစ်ပါတယ်တဲ့။

American Idol ကတော့ ထူးခြားပြီးရင်းကို ထူးခြားနေတော့တာပါပဲ။



Written by Nunki | Source and Images from NJ.com | mymclub

သမ္မတ ဖြစ်ချင်တဲ့ မက်ဒေါနား

Wednesday, May 23, 2012 By- အိမ့်သံစဉ် 
ကမ္ဘာကျော် ပေါ့ပ် အဆိုတော် မက်ဒေါနား တစ်ယောက် သူမရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

သူမအဖြစ်ချင်ဆုံးကတော့ အမေရိကန် ပြန်ထောင်စုရဲ့ သမ္မတ ဖြစ်ချင်ပါတယ်တဲ့။ သမ္မတ ဖြစ်ချင်ရခြင်းရဲ့ အကြောင်း ကတော့ ဖျက်ဆီးမှု စွမ်းအားကြီးမားတဲ့ လက်နက်တွေနဲ့ ပတ်သက်ပြီး ငွေကြေး ဖြုန်းတီးမှုတွေကို ရပ်တန့်စေချင်လိုပါတဲ့။

“You can't really change much in one day. I think I would like to be president for a longer time.” လို့ မက်ဒေါနားက ပြောကြားခဲ့ပါတယ်။

ဒါကြောင့်မို့လည်း သူက သမ္မတ ဖြစ်ချင်တာပါလို့ပြောတယ်။ စွမ်းအားကြီးမားတဲ့ လက်နက်တွေနဲ့ ပတ်သက်ပြီး ငွေကြေး တွေ ကုန်ဆုံးနေတာတွေကို မဖြစ်သင့်တော့ဘူးလို့ ထင်မိပါတယ်တဲ့။

အခုလိုကုန်ဆုံးနေမယ့် ငွေကြေးတွေအစား တခြား တဖက်မှာ အကျိုးရှိမယ့် ပညာရေး၊ ကျန်းမာရေး၊ အနုပညာ လုပ်ငန်းတွေအပေါ်မှာ ပိုပြီး အကျိုးရှိအောင်လို့ သုံးစွဲ စေချင် ပါသတဲ့။

နောင်တချိန် သမ္မတ ဖြစ်လာခဲ့ရင် ဘာတွေကို အကျိုးရှိအောင်လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး သတင်း သမား တစ်ဦးရဲ့ အမေးကို အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ မက်ဒေါနား အဲဒီလိုဖြေကြားခဲ့တာကို The Indian Express အွန်လိုင်း သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။



Saturday, May 12, 2012

လူမှုရေး လုပ်ငန်းတွေ လုပ်နေတဲ့ ဆယ်လီနာဂိုမက်ဇ်

11 May 2012  |By SHADE Journal
အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ဆယ်လီနာ ဂိုမက်ဇ်အား ဆီးခရက်(Seacreast)လူမှုရေး ဖောင်ဒေးရှင်း သံတမန်အဖြစ် ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

ဆယ်လီနာ ဂိုမက်ဇ်အား နာမကျန်းသူများနဲ့ ဒဏ်ရာရကလေး ငယ်များကို သွားရောက် ကြည့်ရှု ပေးရန် သ့တမန် အဖြစ် ရွေးချယ်လိုက် ခြင်း ဖြစ်ပါကြောင်း ဆီခရက်က လော့စ်အိန်ဂျလိစ် ရေဒီယိုမှာ သတင်း ကြေညာ ခဲ့ပါတယ်။

သူမဟာ ပြီးခဲ့တဲ့နှစ်က ဖီလာဒယ်ဖီယာကလေး ဆေးရုံမှာကျင်းပတဲ့ ဆီးခရက် ဖောင်ဒေးရှင်း ဖွင့်ပွဲကို တက်ရောက်ခဲ့ သူဖြစ်ပါတယ်။ ဆယ်လီနာ ဂိုမက်ဇ်အား ဆီခရက် ဖောင်ဒေးရှင်းက သံတမန်အဖြစ် ခန့်အပ် လိုက်ခြင်း ကြောင့် အဆိုပါဆေးရုံသို့သွား ရောက်ပြီး ကလေးငယ်တွေကို တရားဝင် ကူညီ အားပေးခွင့်ရရှိတော့ မှာဖြစ်ပါတယ်။

မိမိရဲ့ဇာတိမြို့ ဒါးလက်စ်မြို့ မှာရှိတဲ့ ဒီဆေးရုံက ကလေးတွေကို ကူညီ အားပေးခွင့် ရတော့မှာ ဖြစ်ပါတယ်။ မိမိရဲ့ဇာတိ မြို့ ဒါးလက်စ်မြို့မှာရှိတဲ့ ဒီဆေးရုံက ကလေး တွေကို ကူညီအားပေး ခွင့်ရမှာဖြစ်လို့ ဝမ်းသာ မိပါတယ် လို့လည်း ဆယ်လီနာဂိုမက်ဇ်က ပြော ပါတယ်။

ဆယ်လီနာ ဂိုမက်ဇ်က အမေရိကန်နိုင်ငံ တစ်ဝန်းလုံးမှာ ရှိတဲ့ ကလေးဆေးရုံတွေမှာ ကလေးတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်း ကူညီသွားမယ်လို့လည်း ပြောကြား ခဲ့ပါတယ်။ အဆိုတော် ဆယ်လီနာ ဂိုမက်ဇ်ဟာ အသက် ၁၉နှစ်သာရှိသေးပေမယ့် စိတ်ထားမွန်မြတ် သူဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေမှာ တက်တက် ကြွကြွ ပါဝင်လုပ်ကိုင် လျက်ရှိပါတယ်။

Wednesday, May 9, 2012

၂နှစ်ခွဲသာရှိသေးတဲ့ မီးမီးခဲ သမီး စင်ပေါ်တက်သီချင်းဆို

08 May 2012|By Popular News
မီးမီးခဲရဲ့သမီးလေး ဖြူဖြူစင်စင်လင်းကလည်း မိဘတွေရဲ့ အနုပညာမျိုးရိုးကို ထပ်ကြပ်မကွာ လိုက်တဲ့သူပါ။ သမီးဖြစ်သူမှာ တွေ့ရတဲ့ ဂီတသွေးနဲ့ ပတ်သက်ပြီး မီးမီးခဲက”သွေးကအပြည့်ပဲ ဂီတဘက်ကို တော်တော်လေး ဝါသနာပါတယ်။

အခုတောင် ၂နှစ် ခွဲပဲရှိသေးတယ်။ မေလ ၁ ရက်နေ့က အစ်မမောင်လေး မင်္ဂလာဆောင်မှာ သီချင်းတက်ဆိုတယ်။ အစ်မ အခု အသစ်ထွက်ထားတဲ့ Miss Call အခွေထဲက သီချင်းတွေ သူအကုန်ရတယ်”လို့ ပြောပါတယ်။ သမီးလေး ဖြူဖြူစင်စင်လင်းက သူကြိုက်တဲ့ သီချင်းတွေဆိုရင် အကုန်အလွတ်ရတယ် လို့သိရပြီး ဂစ်တာတီးပေးရင်လည်း Timing မှန်အောင် ဆိုတတ်တယ်လို့ ပြောပါတယ်။

“သူက ချစ်သုဝေ သီချင်းတွေလည်း ကြိုက်တယ်။ သူ့ရဲ့အနာဂတ်အတွက် ဘယ်လိုစဉ်းစားထားလဲ ဆိုတော့ ပညာရေးကိုပဲ ပို ပြီးဦးစားပေးခိုင်းမှာပါ။ ပညာရေးပြီးမှသာ တခြားကိစ္စတွေ လုပ်ခိုင်းမှာပါ။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန်တော့ မလုပ်ခိုင်း ဘူး၊ သူ့ဝါသနာအရ စိတ်တအားပါရင်တော့ လုပ်ခိုင်းမယ်။ အခွေထုတ်ချင်တယ်ဆိုလည်း အစ်မတို့က ထုတ်ပေးမှာပါ။ တအားဖိဖိစီးစီး ကြီးတော့ မလုပ်ခိုင်းပါဘူး။ ဒါပေမဲ့ သူက ပါရမီတအားပါတယ်”လို့ မီးမီးခဲက သူ့သမီးလေးရဲ့ အကြောင်းကို ပြောပြပါတယ်။ မီးမီးခဲက လက်ရှိထွက်ထားတဲ့ Miss Call အခွေ MTV ကိုတော့ ၆လပိုင်းမှာ ထွက်ရှိမှာဖြစ်ပြီး ဒီ့နောက်ပိုင်းမှာ ကျော်ရင်တော့ မီးမီးခဲက ဖျော်ဖြေပွဲပြုလုပ်မှာ ဖြစ်ပါတယ်။

Tuesday, May 8, 2012

လေဒီဂါဂါနဲ့ နှိုင်းယှဉ်ခြင်းခံရတဲ့ ဖြူဖြူကျော်သိန်း

တေးသံရှင်ဖြူဖြူကျော်သိန်းက သင်္ကြန်ပြီးပြီးချင်း ဧပြီလ ၁၈ရက်နေ့မှာ ဖခင်ဖြစ်သူ ဆေးစစ်မှုခံယူနေတဲ့ ဘန်ကောက်ကို လိုက်ပါသွားခဲ့ပြီး ၂၆ရက်နေ့ မှာ မြန် မာပြည်ကို ပြန်လာခဲ့ပါတယ်။ ”ဖြူဖြူ ရောက်သွား တဲ့အချိန်မှာ ဖေဖေ့ရဲ့အခြေအနေက တော်တော်တိုးတက်နေပြီ။ စာတွေဘာတွေပြန်ဖတ်၊ ပြန်ရေးနိုင်နေပြီ။ အခုဖြူဖြူ့ အစ်မ မမညိုလည်း ခွင့်ရတဲ့အတွက် သူလည်းမေလ ၁ ရက်နေ့က လိုက်သွားတယ်။ သူပြောပြတဲ့ သတင်းအရဆိုရင် တော်တော်အားရဖို့ ကောင်းတယ်။ ဆေးရုံကတော့ ဒီရက်ပိုင်းထဲမှာပေးဆင်းမယ်။ ပြီးရင် ၅ ရက်၊ တစ်ပတ်လောက်ကို တန်းမပြန်သေးပဲ ဟိုမှာခဏနေပြီးဆရာဝန်တွေက စစ်ဆေးဦးမယ်ပြောတယ်။ ပြီးရင်တော့ ပြန်လာ လို့ရပါပြီ” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဖြူဖြူကျော်သိန်းက ဘန်ကောက်မှာရှိနေစဉ်မှာ သူ့ရဲ့မွေးနေ့ကျရောက်ခဲ့ပြီး ဒီနှစ်မွေးနေ့က ဖြူဖြူကျော်သိန်းရဲ့ဖခင်နဲ့ မိခင်တို့ရဲ့ နှစ်လေးဆယ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့နှင့်လည်း တစ်ထပ်တည်းကျနေပါတယ်။ သူ့ရဲ့ မွေးနေ့ရက်မှာတော့ အဲဒီမှာရှိတဲ့ ပရိသတ်တွေက အမှတ်မထင်ဘဲ သူ့ဆီကို ပန်းစည်း လက်ဆောင်တွေ လာပေးပြီး မွေးနေ့ကိတ်ပါ စီစဉ်ပေးပြီးမွေးနေ့လုပ်ပေးခဲ့တယ်လို့သိရပါတယ်။
ဒီနှစ်မွေးနေ့ကတော့ အရင်မွေးနေ့တွေ နဲ့ တော်တော်ကိုကွဲပြားခဲ့ကြောင်း၊ မွေးနေ့ ရက်မှာတော့ ဖေဖေ့ဆေးရုံခန်းထဲမှာပဲ မွေးနေ့ကိတ်ခွဲဖြစ်ခဲ့ကြောင်း ဖြူဖြူကျော် သိန်းက ပြောပါတယ်။

ဖြူဖြူကျော်သိန်းက ဘန်ကောက်မှာရှိ နေစဉ် ဧပြီလ ၃ရက်နေ့ ထုတ်ဝေတဲ့ ဘန်ကောက်ပို့စ်သတင်းစာမှာ သူ့အကြောင်း ဖော်ပြလာတာကို ဖတ်ခဲ့လိုက်ရပါတယ်။ အဲဒီဘန်ကောက်ပို့စ် သတင်းစာမှာတော့ ဖြူဖြူကျော်သိန်းကို မြန်မာပြည်ရဲ့ လေဒီဂါဂါဆိုပြီး တင်စားဖော်ပြထားတာပါ။ ဒီသတင်းနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်း ကို မေးကြည့် တဲ့အခါမှာတော့ ..”အဲဒါကဖေဖော်ဝါရီလလောက်က အေအက်ဖ်ပီက သတင်းထောက် တစ်ယောက်ကလာမေးတာပါ။ ဘန်ကောက်ပို့စ်မှာ သုံးမယ်လို့လည်း မထင်မိပါဘူး။ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းပဲ ကိုယ့်ပြည်တွင်းက မီဒီယာတွေနဲ့ ဆက်ဆံသလိုပဲ ဖြေလိုက်တာပါ။

မြန်မာပြည်က လူတစ်ယောက် အနေနဲ့ မြန်မာနိုင်ငံကို အဘက်ဘက်က အာရုံစိုက်လာတဲ့အချိန်လေးမှာ၊ အင်တာတိန်းမန့်ဘက်ကိုလည်း အာရုံစိုက်လာတဲ့ အချိန်လေးမှာ ကိုယ်စားပြုသဘောလေး ဖြစ်သွားရုံပါပဲ။ အစ်မတို့ ဘက်က အများကြီး ကြိုးစားဖို့လိုပါသေးတယ်။ သူတို့ပြောတဲ့အထဲမှာ  အခုလိုပွင့်လင်းလာတဲ့ကာလမှာ ကိုယ်ပိုင်သံစဉ်တွေအများကြီး လုပ်လာရမယ် ဆိုတဲ့အပိုင်းလေး လည်း ပါတယ်။ ပြီးတော့ သူကအစ်မကို ပရိသတ်တွေက လေဒီဂါဂါနဲ့ တင်စားတဲ့အခါမှာကော ဘယ်လိုခံစားရလဲဆိုတာ မေးသွားသေးတယ်။ အစ်မကလည်း ဒီကမီဒီယာတွေကို ဖြေနေကျအတိုင်းပဲ ဖြေလိုက်ပါတယ်။ အစ်မက အရင်ပေါ်တာပါလို့။

လွန်ခဲ့တဲ့ ၈ နှစ်၊ ၉နှစ်လောက်ကတည်းက အဲဒီလိုတွေလုပ်လာတာလေ။ ဒါပေမဲ့ အစ်မတို့က တတိယကမ္ဘာကဖြစ်တဲ့အတွက် ပထမကမ္ဘာကလူနဲ့တော့ ကွာတာပေါ့နော်”လို့ ဖြူဖြူကျော်သိန်းက ပြောပြခဲ့ပါတယ်။ လေဒီဂါဂါနဲ့ မြန်မာပြည်မှ ဖြူဖြူကျော် သိန်းကို နှိုင်းယှဉ်သုံးသပ်ရခြင်းမှာ ဖျော်ဖြေတင်ဆက်တဲ့အခါမှာ ဆန်းသစ်ထူးခြားတဲ့ အဝတ်အစားဒီဇိုင်းတွေ ဝတ်ဆင်ပြီးအများနဲ့မတူတဲ့ တင်ဆက်မှုတွေနဲ့ အက ဖန်တီးမှုတွေပါဝင် ထည့်သွင်းဖျော်ဖြေ နိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိရပါတယ်။
Ref: Popular Myanmar

Saturday, April 28, 2012

အမေရိကန်အိုင်ဒယ်လ် နောက်ဆုံး ဆန်ကာတင် ငါးဦး

၂၀၁၂ ဧပြီ ၂၆ ရက်နေ့က ထုတ်လွှင့်တဲ့ အစီအစဉ်အပြီးမှာတော့ အမေရိကန်အိုင်ဒယ် နောက်ဆုံးဆန်ကာတင် ငါးဦးစာရင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဧပြီ ၂၆ ရက်နေ့ အစီအစဉ်မှာ အများ ကြိုတင် ခန့်မှန်းခဲ့ကြတဲ့အတိုင်း အဲလိစ် တက်စ်တုန်း (Elise Testone) က ပြိုင်ပွဲကို ကျောခိုင်းသွားခဲ့ပါတယ်။

သို့သော်လည်း မဲ အနည်းဆုံးရသူစာရင်းမှာ ဖိလစ် ဖိလစ် (Phillip Phillips) မပါဝင်ဘဲ စကိုင်လာ လိန်း (Skylar Laine) ပါဝင်ခဲ့တာကိုတော့ အနည်းငယ် အံ့အားသင့်ကောင်း အံ့အားသင့်ကြမှာပါ။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဖိလစ်မှာ သူ့ကို မဲပေးမယ့်အင်အား ရှိနေတယ်ဆိုတာကို သက်သေပြလိုက်သလို ဖြစ်ပြီး နောက်အဆင့် ပြိုင်ပွဲတွေမှာ စကိုင်လာအနေနဲ့ ပိုမို ခက်ခက်ခဲခဲ ပြိုင်လာရမယ့် အနေအထားမှာ ရှိလာပါတယ်။
ဒီနှစ် တင်ဆက်တဲ့ အမေရိကန်အိုင်ဒယ်လ်ရဲ့ ၁၁ နှစ်မြောက် အစီအစဉ်ရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲတွေဟာ အရင်နှစ်တွေကထက် ပိုပြီး ခက်ခက်ခဲခဲ ပြိုင်ရမယ့်သဘောကို တွေ့ရပါတယ်။ နောက်ဆုံး ဆန်ကာတင် ငါးဦးဟာ အသက် ၁၆ နှစ်မှ ၂၁ နှစ်အတွင်း ဖြစ်ကြကာ ၁၈ - ၁၉ နှစ်အရွယ် သုံးဦး ပါဝင်နေတဲ့အတွက် လူငယ်ပရိသတ်ကို ကောင်းကောင်း စွဲဆောင်နိုင်မှာ ဖြစ်သလို အားလုံးဟာ တက်ကြွတဲ့အရွယ် ဖြစ်တဲ့အတွက် ကြည့်ကောင်းမယ့် အစီအစဉ်တခုအဖြစ် ဆက်လက် ရှုစားကြရမှာ ဖြစ်ပါတယ်။

အမေရိကန်အိုင်ဒယ်လ် အစီအစဉ်ရဲ့ အစောပိုင်း တင်ဆက်မှုများဟာ အိုင်ဒယ်လ်နဲ့အပြိုင် ထုတ်လွှင့်တဲ့ အဲန်ဘီစီရဲ့ The Voice အစီအစဉ်လောက် စိတ်ဝင်စားစရာ မကောင်းတာကို တွေ့ရ့ပါတယ်။ ဖြစ်နိုင်တာကတော့ ဆယ်စုနှစ်တခုအတွင်း ၀င်ရောက်လာတဲ့ အိုင်ဒယ်လ်ရဲ့ အစီအစဉ်တွေကို ညည်းငွေ့လာကြတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း ဧပြီ ၂၆ အစီအစဉ်မှာ ကေတီပယ်ရီနဲ့ အိုင်ဒယ်လ် ၁၀ နှစ်မြောက် အစီအစဉ်က စတယ်လ်ဖာနို လဲန်ဂုန်း (Stefano Langone) ရဲ့ ဖျော်ဖြေမှုတွေနဲ့ ပရိသတ်ကို ထိမ်းထားနိုင်ခဲ့ပါတယ်။

အိုင်ဒယ်လ်ပြိုင်ပွဲတွေကို လူကြည့်များသော်လည်း အမေရိကန်အိုင်ဒယ်လ် ဖြစ်သွားသူတွေနဲ့ နောက်ဆုံးအဆင့် ရောက်လာသူအချို့ဟာ ထင်သလောက် မအောင်မြင်တာတွေ ရှိခဲ့ပါတယ်။ ဒ့ါကြောင့်လည်း ဒီနှစ်မှာ အိုင်ဒယ်လ် စီစဉ်သူတွေက လူငယ်ကြိုက်နဲ့ ရေရှည်အောင်မြင်နိုင်မယ့် အလားအလာရှိသူတွေကို မွေးထုတ်နိုင်ဖို့ ကြိုးစားထားပုံရပါတယ်။ ဒီနှစ် နောက်ဆုံး ဆန်ကာတင်ငါးဦးကတော့ ဂျက်စီကာ စဲန်ချက်ဇ် (Jessica Sanchez) ၊ ဂျော်ရှဝါ လဲဒက်ဒ် (Joshua Ledet) ၊ စကိုင်လာ လိန်း (Skylar Laine) ၊ ဖိလစ် ဖိလစ် (Phillip Phillips) နဲ့ ဟိုလီ ကာဗာနာ (Hollie Cavanagh) တို့ ဖြစ်ကြပါတယ်။ သူတို့ငါးဦးအနက် လောလောဆယ် အခြေအနေအရ ဟိုလီတယောက် နံပါတ် ငါး အဆင့်မှာ ရှိနိုင်မယ်လို့ ခန့်မှန်းမိသော်လည်း သေသေချာချာတော့ မပြောနိုင်သေးပါဘူး။

အများက ပြိုင်ပွဲမှာ ရှိနေစေချင်တဲ့ ဂျက်စီကာအနေနဲ့လည်း သူ့ကို မဲပေးမယ့်သူတွေ လိုအပ်နေပါသေးတယ်။ ဖိလစ်နဲ့ ဂျော်ရှဝါမှာ အမာခံအင်အားတွေ ရှိသော်လည်း စကိုင်လာကိုလည်း လျှော့တွက်လို့တော့ မရပြန်ပါဘူး။ ဧပြီ ၂၅ ရက်နေ့ အစီအစဉ်မှာ ဟိုလီက မိုင်လီစိုင်းရပ်စ်ရဲ့ သီချင်းကို မူရင်းအဆိုတော်ထက် သာအောင် ဆိုသွားနိုင်တဲ့အတွက် လာမယ့် အစီအစဉ်မှာ အဲဒီလိုမျိုး တင်ဆက်နိုင်ရင်တော့ ကျန်တဲ့သူတွေ မျက်ခုံးလှုပ်ရမယ့် အနေအထားမှာလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့်မို့ လာမယ့် အမေရိကန်အိုင်ဒယ်လ် ထုတ်လွှင့်မှု အစီအစဉ်များဟာ ရုပ်သံကြည့်ပရိသတ်ကို သူတို့ အစီအစဉ်က ထွက်မသွားအောင် ဆွဲထားမှာကတော့ အမှန်ပဲ ဖြစ်ပါတယ်။
Ref: Burma Today

Sunday, April 22, 2012

ဖခင်ဖြစ်သူကို ဘန်ကောက်မှာ ဆေးသွားကုတဲ့ ဖြူဖြူကျော်သိန်း

22 Apr 2012  |By Popular News
ဖြူဖြူကျော်သိန်းက ဒီနှစ် သင်္ကြန်ကို မန္တလေး မှာ ဖြတ်သန်း ခဲ့ပြီး နှစ်ဆန်း ၂ ရက်နေ့မှာတော့ ဖခင် ဖြစ်သူ ဆေးကုဖို့ အတွက် ဘန်ကောက်ကို လိုက်ပါ သွားပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့ 5 Ladies show ပွဲမှာ မတော် တဆထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဖခင်ဖြစ်သူ က အာရှတော်ဝင် ဆေးရုံမှာ ဆေး ကုသမှု ခံယူပြီး ဧပြီ ၁၃ရက်နေ့ မှာတော့ ဘန်ကောက်ကို သွားပြီး ဆေးစစ်မှု ခံယူတာ ဖြစ်ပါတယ်။

''ဧပြီ ၁၃ ရက်နေ့မှာ ဖေဖေရယ်၊ မေမေရယ်၊ အစ်မ ခဲအိုရယ် နောက်ပြီး ဆရာဝန် တစ်ယောက်ရယ် အရင် သွားနှင့်တယ်။ တကယ်ဆိုရင် အစ်မရဲ့ အစ်မ မမညို လိုက်သွား ရမှာပေါ့နော်။ သူလည်း လိုင်စင်ရှိ တဲ့ဆရာဝန် ဆိုတော့လေ။ ဒါပေမဲ့ သူကို ဋ္ဌာနက ခွင့်မပေးတော့ ပတ်စပို့လည်း မရဘူးပေါ့။ ဘာလို့ ခွင့် မပေးလဲတော့ မသိဘူး။ အစ်မကတော့ ၁၈ ရက်နေ့ လိုက်သွားမယ်။ တကယ်ဆိုရင်တော့ ညီအစ်မ နှစ်ယောက်လုံး လိုက်သွား သင့်တာပေါ့။ ဒါပေမဲ့ မမညို ခွင့်တိုင်တာကို ခွင့် မပေးသေးတဲ့အတွက် လိုက်ဖြစ် မလိုက်ဖြစ် မကျိန်းသေသေးဘူး''လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ဧပြီ ၁၈ ရက်နေ့မှာ ဘန်ကောက်ကို လိုက်သွားခဲ့တဲ့ ဖြူဖြူ ကျော်သိန်းက သူ့ရဲ့မွေးနေ့ဖြစ်တဲ့ ၂၂ ရက်နေ့မှာ တော့ ဒီနှစ်အတွက် မွေးနေ့ မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။
''ဟိုမှာ အဖေ့ ကျန်းမာရေး အခြေအနေအရ ဘယ်လောက် ကြာမယ်တော့ မသိသေးဘူး။ အပြင်ဒဏ်ရာတွေ အားလုံးကတော့ ကောင်းသွားပြီ။ ဒါပေမဲ့ ကျန်တဲ့ စစ်ဆေး မှုတွေပြုလုပ်ဖို့ သွားမှာပါ။ တကယ်ဆို ညီအစ်မနှစ်ယောက်လုံး သွားရင်း ရရဲ့နဲ့ မမညိုကို ခွင့်ချ မပေးတော့ အစ်မ တို့လည်း စိတ်မကောင်း ပါဘူးပေါ့။ အဲဒါလေးကို လည်း ပရိတ်သတ်ကို သိစေချင် ပါတယ်'' လို့ ပြောတဲ့ ဖြူဖြူကျော်သိန်းက ဒီနှစ်မှာတော့ ခံစားမှုတွေ များတယ်လို့ ပြောပါတယ်။

''မွေးနေ့လည်း ဒီနှစ်မှာ မလုပ်ဖြစ်ဘူး။ ပြီးတော့ ဖေဖေ ရဲ့ကျန်းမာရေး အခြေအနေ လည်းရှိတယ်လေ။ ဒါက ကိုယ့်ပါစင်နယ်ခံ စားမှုပေါ့။ နောက်တစ်ခုကကျတော့ ကိုယ့် နိုင်ငံအတွက် ကိုယ့် ပရိသတ်တွေ နဲ့ ထပ်တူ ထပ်မျှ ပျော်ရတာကတော့ ဒီနှစ်သစ်က အရင်နှစ်သစ် နဲ့မတူပါဘူး။ ပရိသတ်တွေနဲ့ ထပ်တူ ထပ်မျှ တိုင်းပြည်နဲ့ လူမျိုး အတွက် ကောင်းတဲ့ အနာဂတ်တစ်ခု ရဖို့ဖြစ်တဲ့ အတွက် ဒါကို ကျေနပ် မိတယ်။ ဒီနှစ်သစ်ကို ဝင်ရတာ အရင်နှစ်ပေါင်း များစွာ ဖြတ်သန်းလာ ခဲ့တဲ့ နှစ်သစ်တွေနဲ့ မတူဘူးလို့ ထင်တယ်။ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ၊ လွတ်လပ်မှုတွေ၊ လွတ်မြောက်မှုတွေကို အကောင် အထည်ဖော်နိုင်တော့ မယ်လို့ လည်း ထင်ပါတယ်''လို့ ဖြူဖြူကျော်သိန်း က ပြောပါတယ်။

ဖြူဖြူကျော်သိန်းက ခုလက်ရှိမှာ ဖခင် ရဲ့ ကျန်းမာရေး အခြေ အနေကြောင့် ဘန်ကောက်ကို လိုက်သွားတာကြောင့် သူ့ရဲ့ နောက်ထပ် အခွေ ထွက်ရက်ကို ခဏ ရွှေ့ထားရတယ်လို့ ပြောပါ တယ်။ အဲဒါကြောင့် သူ့ရဲ့ 'ချယ်ရီလမ်း'လို့ အမည်ပေးထား တဲ့ ကိုယ်ပိုင် သံစဉ် သီချင်းခွေကို မေလကျော်လောက်မှာမှပဲ ထွက်ဖြစ်တော့ မှာ ဖြစ်ပါတယ်။