ဖေဖေါ်ဝါရီ (၇)ရက်နေ့မှာ ဆီးရီးယားနိုင်ငံ Damascus မြို့ တော်ကို ရုရှနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ရောက်ရှိလာပြီးတော့ ဆီးရီးယားသမ္မတ Bashar al-Assad နဲ့ တွေ့ဆုံခဲ့တာမှာ၊ ရုရှအစိုးရအနေနဲ့ ဆီးရီးယားက အာရပ်ပြည်သူတွေ ငြိမ်းချမ်းစွာနေထိုင်ရေးကို လိုလားကြောင်း ပြောဆိုလိုက်ပါတယ်။ ဆီးရီးယားမှာ သမ္မတ Assad အစိုးရက ဆီးရီး ယားပြည်သူတွေကို ဆက်ပြီး အကြမ်းဖက်နှိပ်ကွပ်နေတဲ့ သတင်းတွေ၊ အနောာက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေက၊ ဆီးရီးယားအရေး ဖြေရှင်းချက်တစ်ရပ် ရရှိရေး တောင်းဆိုနေကြစဉ်မှာ၊ ရုရှနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆီးရီးယားသမ္မတတို့ တွေ့ဆုံခဲ့ကြတာပါ။
![]() |
Russian Foreign Minister Sergei Lavrov and Syria's President Bashar al-Assad meet in Damascus Photo: REUTERS/SANA |
တရုတ် နိုင်ငံကလည်း ရုရှနဲ့ ဆီးရီးယားခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲတွေကနေ အကျိုးဖြစ်ထွန်းနိုင်လိမ့် မယ်လို့ မျှော်လင့်ကြေင်းနဲ့ တရုတ်ရဲ့သံတမန်အဖွဲ့ကို လည်း ဆီးရီးယားကို စေလွှတ်ဖို့ စဉ်းစားနေတယ်လို့၊ တရုတ်အစိုးရက ဆိုပါတယ်။ အိမ်နီးချင်းတူရကီနိုင်ငံရဲ့ ၀န်ကြီးချုပ် Recep Tayyip Erfogan ကလည်း တူရကီဟာ ဆီးရီးယားအစိုးရဘက် က မရပ်တည်ဘဲ ဆီးရီးပြည်သူတွေဘက်က ရပ်တည်တဲ့ နိုင်ငံတွေနဲ့ လက်တွဲပြီး၊ ဆီးရီးယားအရေး ဖြေရှင်းဖို့ လုပ်ဆောင်သွားမယ်လို့ ဖေဖေါ်ဝါရီ (၇)ရက်နေ့က ပြောကြား လိုက်ပါတယ်။
Ref: VOA
0 comments:
Post a Comment