လူနေမှု စရိတ် ကြီးမြင့်မှုနှင့် ပတ်သက်ပြီး စိုးရိမ် ပူပန်ကြောင်း ထိုင်းဝန်ကြီးချုပ် ဝန်ခံထိုင်း ဝန်ကြီး ချုပ် ယင်လပ်ရှီ နာဝါ ထရာ က ငွေကြေး ဖောင်းပွမှု အထူးသဖြင့် အစားအစာနှင့် အိမ်ထောင်စု လူသုံးကုန် ပစ္စည်းများ၏ ဈေးနှုန်းများကို အနီးကပ်စောင့် ကြည့်ရန် စီးပွားရေး အေဂျင်စီများ ကို ညွှန်ကြားခဲ့သည်။
မစ္စစ်ယင်လပ်က လူနေမှု စရိတ် ကြီးမြင့်မှုကို ကိုင်တွယ် ဖြေရှင်းရန်လည်း မတ် ၁၆ ရက်နေ့တွင် ကျင်းပသည့် အစိုးရ အစည်းအဝေး၌ ညွှန်ကြားချက် ထုတ်ပြန် ခဲ့သည်။
အစည်းအဝေး သို့ ဘဏ္ဍာရေးဝန်ကြီး ကစ်တီရက် နာရာနွန်၊ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဘွန်ဆွန်တီရီယာပီရွမ်၊ ထိုင်းနိုင်ငံတော် ဘဏ်အုပ်ချုပ်ရေး မှူး ပရာဆန် ထရိုင်ရက် ဗိုရာကူလ်း နှင့် အမျိုးသားစီးပွားရေးနှင့် လူမှု ရေးဖွံ့ဖြိုး တိုးတက်ရေး ဘုတ်အဖွဲ့ (NESDB) အတွင်းရေးမှူးချုပ် အာကွမ်တမ် ပစ်တာယာ ပိုင်ဆစ်တို့ တက်ရောက်ကြသည်။
အစည်းအဝေး အပြီးတွင် မစ္စစ် ယင်လပ်က သူမသည် ထုတ်ကုန် ဈေးနှုန်းများ အထူးသဖြင့် ဝက်သား ဈေးနှုန်းများကို စောင့်ကြည့်ရန် (NESDB) အဖွဲ့အား အမိန့်ပေးခဲ့ သည်ဟု ပြောကြားခဲ့သည်။
ဝက် ခြံများက ရောင်းချသည့် အသား ဈေးနှုန်းကြီးမြင့်မှု မရှိချိန်တွင် ပြု ပြင် စီမံထားသည့် ဝက်သားဈေး နှုန်းများ မြင့်တက်ခဲ့သည်။ ဖေဖော် ဝါရီနှင့် မတ်လတွင် ဘန်ကောက် နှင့် အနီးအနားပြည်နယ်များရှိ ဈေးကွက်အများစုတွင် အခြားကုန် ပစ္စည်းများ၏ တန်ဖိုးကျဆင်းလာ ချိန်တွင် ကြက်ဥဈေးနှုန်းများ မြင့် တက်ခဲ့သည်။
ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနသည် လူနေမှုစရိတ်အပေါ် ရိုက်ခတ်မှု လျော့ပါးစေရန် အိမ် ထောင်စု လူသုံးကုန် ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှုကို ကိုင်တွယ်ဖြေ ရှင်းဖို့ နည်းလမ်းများ ရှာဖွေမည် ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
ထိုသို့လုပ်ဆောင်လျှင် ယခုနှစ် လေးလပတ်အတွက် ငွေဖောင်းပွမှု နှုန်းသည် တိုင်းပြည်ရေဘေးကြီး ကြုံခဲ့ရသော ယခင်လေးလပတ်က ထက် လျော့ကျလာမည်ဟုလည်း မစ္စစ်ယင်လပ်က ပြောကြားသည်။
ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဘွန်ဆွန်က လောင်စာဈေးနှုန်းများ မြင့်တက်ပြီး ပို့ဆောင်ရေးစရိတ် ကြီးမြင့်လာမှုကြောင့် အစားအစာ ဈေးနှုန်း ကြီးမြင့် လာကြောင်း၊ ၄င်း ၏ ဝန်ကြီးဌာနသည်ဝန်ကြီးချုပ်ထံ သို့ အစီရင်ခံစာ မတင်သွင်းမီ ကုန် ကြမ်းပစ္စည်းများနှင့် ထွက်ကုန်များ ၏တန်ဖိုးများအကြား ကွာဟချက် ကို လေ့လာမည်ဟု ပြောကြားသည်။
ထိုင်းဗဟိုဘဏ်အကြီးအကဲက နေ့စဉ်အနိမ့်ဆုံးလုပ်ခကို ဘတ်ငွေ ၃၀ဝ အထိ တဖြည်းဖြည်းချင်း တိုး ပေးမည်ဟု ပြောကြားခဲ့သည်။
Ref: Venus News Journal
0 comments:
Post a Comment