ဂျွန်စောနှင့် အွန်စော မြန်မာနိုင်ငံသို့ လာမည်မြန်မာ အနုပညာ ပရိသတ်များကို သည်းသည်း လှုပ်ဖြစ်စေ ခဲ့သော ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖြစ်သည့် "ဆောင်းဦးရွက်ကြွေ ချစ်သက်သေ" ဇာတ်ကား မှ သရုပ်ဆောင် ဂျွန်စောနှင့် အွန်စောသည် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း Korea Trade-Investment Promotion Agency က ၁၃-၃-၂၀၁၂ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။ တောင်ကိုရိးယားလူမျိုးများကြား တွင် ရေပန်းစားသော နိုင်ငံတစ်နိုင်ငံ အ ဖြစ် ယခုနှစ်များအတွင်း လူသိများလာ သော မြန်မာနိုင်ငံသို့ ကိုရီးယားလူမျိုးများ က လာရောက်လည်ပတ်လိုမှုများ ဖြစ် ပေါ်နေကြောင်း သရိ သည။်
"ကိုးရီးယားနာမည်ကျော် မင်းသားနဲ့ မင်းသမီးဖြစ်ပြီး မြန်မာလူမျိုးတွေအသိများတဲ့ ဂျွန်စောနဲ့ အွန်စောတို့ လာရောက်ဖို့ အစီအစဉ်ရှိပါ တယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်" ဟု KOTRA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ "လာမယ့် ကိုးလပိုင်းနဲ့ ၁၀လပိုင်း ၀န်းကျင်မှာ လာဖြစ်မှာပါ "ဟု ၄င်း က ဆက် လက်ပြောကြားသည်။ ဂျွန်စောနှင့် အွန် စောမှာ မြန်မာ ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့သော၊ ကိုရီးယား ဇာတ်ကားများ ကြည့်ရှုစေရန် ပထမဆုံး အကြိမ် လှုံဆော်နိုင်ခဲ့ သောသူများဖြစ်သည်။
" အရင်ကလည်း ဂျူမုံနဲ့ လီဟားနား၊ နောက်ပြီး လီချယ်လင်းတို့ လာခဲ့ဖူး ကြပါတယ်" ဟု KOTRA မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ ရှိ လူဦးရေ သန်း ၆၀ ခန့်တွင် ကိုရီးယား ဇာတ်ကားကို ပုံမှန်စောင့်၍ ကြည့်ရှုသူ နှစ်စဉ်တိုးတက်လာနေပြီး မြို့နေ လူထု၏ လူ၁၀ဦးတွင် ခြောက်ဦးမျှ ကြည့်ရှုလျှက် ရှိနေကာ အမျိုးသမီး ဦးရေက ပိုများနေသည်ဟု သိရသည်။ မြန်မာပရိသတ်အ ပေါ် လွှမ်းမိုးမှုရှိနေသော နာမည်ကျော် ဂျွန်စောနှင့်အွန်စော လာရောက်ခြင်းမှာ လည်း မြန်မာပရိသတ်ကို ပိုမိုတိုးမြင့်ရရှိ စေနိုင်မည်ဟု သိရသည်။
Ref: Pyi Myanmar
0 comments:
Post a Comment