မလေး ရှား နိုင်ငံ ရောက် မြန်မာ နိုင်ငံ သား များ မလေး ရှား နိုင်ငံရှိ လိုင်စင် ရငွေလွှဲ လုပ်ငန်း Q.Remit SDN BHD မှ တစ် ဆင့် မြန်မာနိုင်ငံရှိ ဧရာဝတီ ဘဏ်သို့ တရားဝင်ငွေလွှဲနိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ MD ဦးသန်းဇော်က ၁၄-၃-၂၀၁၂ ရက်တွင် ပြောကြားသည်။
လတ်တလောအနေဖြင့် ငွေလွှဲခြင်းလုပ်ငန်းကို ကွာလာလမ်ပူမြို့နှင့် Melaka မြို့တွင် စတင်ဆောင်ရွက် မည်ဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာ အများ စု နေထိုင်သော နေရများသို့ တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း ယင်းပုဂိုလ်က ဆက်လက်ပြောကြားသည်။
လတ်တလောအနေဖြင့် ငွေလွှဲခြင်းလုပ်ငန်းကို ကွာလာလမ်ပူမြို့နှင့် Melaka မြို့တွင် စတင်ဆောင်ရွက် မည်ဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာ အများ စု နေထိုင်သော နေရများသို့ တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း ယင်းပုဂိုလ်က ဆက်လက်ပြောကြားသည်။
ထို့အပြင် ငွေဈေးနှုန်းကို မလေးရှားဘဏ် May Bank၏ ရင်းဂစ်နှင့် ဒေါ်လာတရားဝင်ပေါက်ဈေဒ (သိမ်ဖြူဈေးနှုန်းကို စံပြုသတ်မှတ်သွားမည် ဖြစ်ကြောင်း သိရ သည်။ ငွေလွဲရာ တွင်လည်း ၀န်ဆောင်ခအဖြစ် ရင်းဂစ် ၁၂၀၀ အထိကို ၁၂ရင်းဂစ်၊ ရင်းဂစ် ၃၀၀၀အထိကို ၁၅ရင်းဂစ် ကျသင့်မည် ဖြစ်ပြီး အခြားမြို့များမှ ဘဏ်ကို ငွေလွှဲရာတွင် သိရသည်။ ထို့အပြင် ငွေလွှဲရာတွင် ယနေ့လွှဲပို့က နောက်တစ်နေ့တွင် ထုတ်ယူနိုင်ပြီး လက်ရှိတွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၄၃မြို့နယ်မှ ဘဏ်ခွဲပေါင်း ၁၁၀ သို့ ငွေလွှဲ ပို့နိုင်မည်ဟု သိရသည်။
ငွေလွှဲပို့ရာတွင်လည်း တရားဝင်အလုပ်လုပ်ခွင့် ရရှိထားသူများသာ ငွေလွှဲပို့နိုင်ခြင်း ဖြစ်ပြီး ပရိုမိုးရှင်း အစီအစဉ်ဖြစ် ပထမဦးဆုံး ငွေလွှဲပို့ သူ ၁၀၀ဦးကို ၀န်ဆောင်ခ မယူဟုလည်း သိရသည်။
ထို့အပြင် ငွေလွှဲသူ၏ လိုအပ်ချက်များအနေဖြင့် အမည်၊ ပတ်စပို့နံပါတ်၊ အလုပ်လုပ်ခွင့်ပါမစ်၊ ပတ်စပို့သက်တမ်း ကုန်မည့်နေ့၊ ဆက်သွယ်ရန်လိပ်စာနှင့် ငွေလွှဲလက်ခံမည့်သူ၏ လိုအပ်ချက်များကို တစ်ပါတည်းဖြည့်စွက်ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Ref: Pyi Myanmar
0 comments:
Post a Comment