Saturday, March 24, 2012

ဂုဏ်ထူး ၀ိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာကြောင့်ပါ

ဇလပ်ထက်၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ဘာသာဟူ၍ ရှိသည့် အနက် ဗုဒ္ဒဘာသာကိုမူ ဂုဏ်ထူး ၀ိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ အဖြစ် အသိအမှတ်ပြုထားသည်။ ကျန် (၄) ဘာသာ ကိုမူ နိုင်ငံတော်တွင်ရှိနေကြသည့် ဘာသာများဟူ၍သာ အသိအမှတ်ပြု ထားသည်။ (၂၀၁၀ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၁၊ ၃၆၂)

ဂုဏ်ထူး ၀ိသေသ ကို အရိုးရှင်းဆုံးနားလည်ထားရတာက “ သာမန်ထက်ကျော်လွန်ထူးခြားသည့် လက္ခဏာ” ဟု ဆိုရပေ မည်။ သို့ဆိုလျှင် မြန်မာနိုင်ငံအတွင်း ဗုဒ္ဒဘာသာသည် ကျန်ဘာသာသာသနာများထက် ပိုမိုထူးကဲမှူရှိပြီးအဆင့်မြင့်သည့် ဘာသာသာ သနာဟု ဆိုလိုခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၁ အရ ဗုဒ္ဒဘာသာသည် နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သောကြောင့် ဂုဏ်ထူး ၀ိသေသနှင့် ပြည့်စုံ သည်ဟု ဖွဲ့စည်းပုံက ဆိုလိုခြင်းဖြစ်သလော၊ အသေးစိပ်ကို ဖွဲ့စည်းပုံမှာ ရှင်းလင်းမထားပါ။ စဉ်းစားစ ရာက တပုံတပင်။

သတင်းများအရ ခရစ်ယာန် ဘာသာဝင် ၉၀ ရာခိုင်နှုန်းကျော် ရှိသည့် ချင်းပြည်နယ်တွင် ဗုဒ္ဒစေတီပေါင်း ၁၀၈ ဆူ ရှိပြီဟု လေ့လာသူတွေက ပြောကြသည်။ အသေးစိပ်မှာ မင်းတပ်မြို့နယ် ၄၉၊ ကန်ပက်လက်မြို့နယ် ၂၃၊ ဖလမ်းမြိ့နယ် ၁၀၊ ပ လက်ဝမြို့နယ် ၆၊ ဟားခါးမြို့နယ် ၅၊ တီးတိန်မြို့နယ် ၄၊ တွန်းဇံမြို့နယ် ၄၊ ထန်တလန်မြို့နယ် ၃၊ မတူပီမြို့နယ် ၂၊ ကျီခါး မြို့ခွဲ ၁ ၊ စုစုပေါင်း ၁၀၈ ဆူ ရှိသည်။

ပုဒ်မ ၃၆၃ တွင်မူ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့် ရှောက် ရမည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် လက်ရှိ ဖွဲ့စည်းပုံအတည်မပြုခင် စပ်ကူးမတ်ကူးကာလ ၂၀၀၈ ကတည်းက ချင်းပြည်နယ် ထန်တလန်မြို့နယ် လုံလဲရ်ရွာတွင် တည်ထားသော စေတီကို လက်ရှိ အစိုးရအား အရပ်သား အစိုးရ အဖြစ်အသွင်ပြောင်းပေးခဲ့သည့် တပ်မတော်အစိုးရ ကိုယ်တိုင် တည်ဆောက်ပြီး ပြည်သူလူထုအား လုပ်အားပေးစေခိုင်းခဲ့သည်။ ယခု လက်ရှိ ချင်းပြည်နယ် ၀န်ကြီးချုပ် ကိုယ်တိုင် ဖွင့်ပွဲသို့ သွားရောက် ချီးမြှင့်ခဲ့တာပါ။

သို့သော် လက်ရှိ ချင်းပြည်နယ် အစိုးရလက်ထက်တွင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ကျင်ဒွေးရွာ အတွင်း ခရစ်ယာန် လက်ဝါးကားတိုင် ဖျက်ဆီးမှုမှာ အာဏာပိုင်တွေက အရေးယူမှုမပြုလုပ်ခဲ့ပေ။

အဆိုပါလက်ဝါးကားတိုင်ကို ဒေသခံ ခရစ်ယာန်ဘာသာဝင်များမှ လွန်ခဲ့သည် ၂ နှစ်ခန့်က စိုက်ထူထား ကြခြင်းဖြစ်ပြီး ဒေသခံ တချို့ က ၂၈၊ ၇၊၂၀၁၁ ရက်နေ့တွင် ကားတိုင်ကို  မီးရှို့ ခုတ်လှဲသည့် အပြင် လက်ဝါး ကား တိုင်ပေါ်တွင် မိန်းမ အင်္ဂါရုပ်ကို သရော်ထွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရစ်ယာန်လက်ဝါးကားတိုင်ဖျက်ဆီး သရော်မှုကို အရေးယူပေးရန် ၉၊ ၁၁၊ ၂၀၁၁ ရက်စွဲပါ စာဖြင့် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၊ ၃၅၄(ယ)၊ ၃၆၄ပါ ပြဌာန်းချက် နှင့် ညိစွန်းသဖြင့် စုံစမ်းဖေါ်ထုတ်မူပြုလုပ်ပေးပြီး အရေးယူဆောင် ရွက်ပေးပါရန် နိုင်ငံတော် သမ္မတ ထံ တိုင်ကြားခဲ့သည်။

ဒေသခံ ခရစ်ယာန် တရားဟောဆရာပြောပြသည်မှာ ပြည်နယ် အာဏာပိုင်တွေက ဖျက်ဆီး ခိုင်းခြင်းဖြစ်သောကြောင့် တရားခံကို မဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

ပုဒ်မ (၃၄) တွင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင်လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရှိစေရမည်ဟု ဖော်ပြထားသည်။

သို့သော် ချင်းပြည်နယ်၊ မတူပီမြို့နယ် စဘောင်းတဲ ကျေးရွာတွင် Mara Evangelical Church  မှ ယခုနှစ် မတ်လ ၇ ရက်နေ့ – ၁၁ ရက်အကြား ကျင်းပသည့် ဘာသာရေး ပွဲမိန့်နှင့် ပါတ်သက်ပြီး ချင်းပြည်နယ် လွတ်တော်အမတ် တဦးနှင့် ခလရ ၁၄၀၊ စဘောင်းတဲတပ်စခန်းမှ နယ်မြေခံ စစ်တပ်အကြား အငြင်းပွား မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လက်ဝါးကားတိုင်ဖျက်ဆီးမှုနှင့် ပါတ်သက်ပြီး ကာယကံရှင်တဦးက ယခုလို ပြောခဲ့သည်။

“ ကျတော် ၂၀၀၈ ခုနှစ်အထိ ဗုဒ္ဒဘာသာကို သက်ဝင်ယုံကြည်သူပါ၊ အဲဒီအချိန်မှာ စစ်အစိုးရဖက်က လူကြီး တွေ ရွာကို လာကြပြီး ကျတော်တို့ ရွာနဲ့ မိုင် ၃၀ လောက်ဝေးတဲ့ ၀ိတိုရိယတောင်ပေါ်က ခရစ်ယာန် လက်ဝါးကားတိုင်ကို ဖျက်ဆီးဖို့ ကျပ်ငွေ တသောင်းပေးကြတယ်၊ အဲဒါနဲ့ ကျတော်က ကျတော့်သူငယ် ချင်းနှစ်ယောက်ကို ခေါ်ပြီးတော့ ၂၀၀၈ ခုနှစ် ဇန်န ၀ါရီလ ပထမပတ်မှာ အဲဒီလက်ဝါးကားတိုင်ကို ဖျက်ဆီးဖို့ သွားကြတယ်၊ လက်ဝါးကားတိုင်ကို သုံးချက်မြောက် ခုတ်ဖို့ဓါးမ အရွယ်မှာ ကောင်းကင်ဖက်က အလင်း လုံးကြီးတခုပေါ်လာပြီး ပေါက်ကွဲ သွားတာကို ကျတော်မြင်ပြီး လန့် ဖြတ် သတိ လစ်လဲကျသွားတယ်၊ ” မင်းတပ်မြို့နယ် အေးစခန်းရွာက လက်ဝါးကားတိုင် ဖျက်ဆီးသူကိုယ်တိုင် ပြောပြခဲ့ တာပါ၊

ပုဒ်မ ၃၅၄ (ဃ) တွင် တိုင်းရင်းသားလူမျိုးတမျိုးနှင့် တမျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကို ၄င်း၊ အခြား ဘာသာသာသနာကို၎င်း ထိခိုက်နစ်နာမှုမရှိစေပဲ မိမိချစ်ခင်မြတ်နိုးသည့် ကိုးကွယ်သည့် ဘာသာ သာသနာကိုလွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကိုးကွယ်ဘာသာသာသနာပေါင်း (၅) ခု ရှိသည့် အနက် ဗုဒ္ဒ ဘာသာဟာ (၅) ဘာသာဂုဏ် ထူး ၀ိသေသ ရှင်ဘာသာသာသနာ လို့ပြောရပါမည်။ ပညာရေးဌာနမှာ အဲဒီလိုမျိုး ဂုဏ်ထူးရှင်တွေကို အစိုးရက အသက်မွေးဝမ်း ကျောင်းပညာများ သင်ယူခွင့်ပေးခြင်း၊ တံစိုးလက်ဆောင်များချီးမြှင့်ခြင်း၊ နိုင်ငံတော် ပညာတော်သင်စေလွတ်ခြင်း များပြု လုပ်လေ့ရှိသည်ကို အားလုံးသတိချပ်ကြမှာပါ။

ဖွဲ့စည်းပုံအရ ဆိုယင် တခြားဘာသာသာသနာများထက် ဂုဏ်ထူး ၀ိသေသနှင့် ပြည့်စုံသည့် ဗုဒ္ဒဘာသာ သာသနာကို အစိုးရက ပိုမို ပံ့ပိုးတာ မဆန်းပါ၊ နိုင်ငံတော်ဘတ်ဂျက်ထုတ်သုံးယင်လည်း ငြင်းနိုင်စရာမရှိပါ။

ဒါကြောင့် လည်း ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၄ – ၂၇ အကြား ပြုလုပ်သည့် ချင်းပြည်နယ်အစိုးရ၀န်ကြီး အစည်း အဝေးက ဟား ခါးမြို့ တွင် စေတီ တဆူ တည်ရန် ဖွဲ့စည်းပုံ ဥပဒေလမ်းကြောင်းအရ ဆုံးဖြတ်ကြခြင်းဖြစ်မှာပါ။

Ref: khonumthung

0 comments:

Post a Comment