ချင်းတိုးတက်ရေးပါတီ (CPP) နဲ့ ရန်ကုန်မြို့အခြေစိုက် Myanmar Egress အဖွဲ့မှ ပူးပေါင်းပြီး ဟားခါးမြို့ Zion Baptist ခန်းမဆောင်တွင် ကျင်းပပြုလုပ်နေသော ‘Civic Education for Civil Society’ သင်တန်းကို ချင်းပြည် နယ်အစိုးရက ယမန်နေ့ နေ့ လည်ပိုင်းတွင် ရပ်ဆိုင်းခိုင်းလိုက်သည်။ဟားခါးမြို့တွင် နေထိုင်သော ချင်းပြည်နယ် အဲန်အယ်ဒီဥက္ကဌ ဦးဗန်လျံက“ ပြည်နယ်အစိုးရကနေ ရပ်ဆိုင်း ခိုင်းလိုက်တယ်၊ ခွင့်ပြုမရှိဘဲ မလုပ်ရဘူးဆိုပြီး ရပ်ဆိုင်းခိုင်းလိုက်တယ်လို့ကြားတယ်’’ ဟုပြောသည်။
ယင်းသင်တန်းကို မတ်လ ၁၉ ရက်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၃ ရက်နေ့အထိကျင်းပရန် စီစဉ်ထားခြင်းဖြစ် သည်။ သင်တန်းတွင် ပြည်ခိုင်ဖြိုး၊ တစည၊ အဲန်အယ်ဒီ၊ အီးအဲန်ဒီပီ၊ စီအဲန်ပီ ပါတီမှ သင်တန်းသား ၄၀ ကျော်တက်ရောက်ခဲ့ သည်ဟုသိရသည်။
ယခုကိစ္စနှင့်ပါတ်သက်ပြီး ချင်းတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး(၂) ဦးရှိန်းထွန်း က ပြည်နယ် အစိုးရအနေဖြင့် လုပ်ခွင့်ပိတ်ပင်လိုက်ခြင်းမဟုတ်ကြောင်း၊ လုပ်ထုံးလုပ်နည်းအရမကိုက်ညီမှုများရှိနေ သောကြောင့် ခဏရပ်ဆိုင်းထားခြင်း သာဖြစ်သည်ဟုပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ၏လုပ်ထုံးလုပ်နည်းအရ နိုင်ငံရေးပါတီများသည် ယခုလိုသင်တန်း များ ပြုလုပ်မည်ဆို ပါက သက်ဆိုင်ရာကို တပတ်ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး၊ ယခုကိစ္စမှာလည်း အကြောင်းကြားမှုမရှိခဲ့ခြင်းကြောင့် ခဏရပ်ဆိုင်းထားခြင်းသာဖြစ်သည်ဟု ဦးရှိန်းထွန်းကပြောသည်။
Ref: khonumthung






0 comments:
Post a Comment