Friday, March 23, 2012

ကချင် စစ်ရှောင်ပြည်သူ များအား အဲကမ္ဘောဇ ဆန်အိတ် များလှူဒါန်း

ကချင်စစ်ရှောင်ပြည်သူများအား အဲကမ္ဘောဇ ဆန်အိတ်များလှူဒါန်းအကူအညီ လိုအပ်လျက်ရှိ သော ကချင်ပြည်နယ်၊ ဝိုင်း မော်နှင့် စစ်ကြိုင် အနီး တစ်ဝိုက်ရှိ နေရာများသို့ အဲကမ္ဘောဇ လေ ကြောင်းလိုင်းမှ ဆန်အိတ်များ သွားရောက် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။

အဲကမ္ဘောဇ လေကြောင်းလိုင်း ၏ အဓိက ပံ့ပိုး မှုဖြင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မနောအလှ ဂီတ ည တေး ဂီတဖျော်ဖြေပွဲကို ရန်ကုန် မြို့ရှိ ကန်တော်ကြီး မျှော်စင် ကျွန်း ၌ ကျင်းပခဲ့ပြီး ယင်းပွဲမှ ရရှိသော အမြတ်အစွန်းများ အားလုံးကို ကချင်ပြည်နယ် အတွင်းရှိ အကူ အညီ လိုအပ်လျက် ရှိသော နေ ရာ များနှင့် လူမှုရေး အသင်း အဖွဲ့ များသို့ မတ် ၁ ရက်နေ့မှ ၄ ရက်နေ့ အထိ သွားရောက် လှူဒါန်းခဲ့သည်။ မနော အလှ ဂီတ ည ဖျော်ဖြေပွဲကို ကချင် တိုင်းရင်းသား အနုပညာရှင် မောင် နှမ များ၏ စီစဉ်မှုဖြင့် ကျင်းပခဲ့သည်။

Ref: Popular News

0 comments:

Post a Comment