Friday, March 23, 2012

စီးပွားရေးပညာနှင့် သက်ဆိုင်သော နိုင်ငံတကာ တက္ကသိုလ်များ အကြောင်း ဆွေးနွေးမည်

စီးပွားရေးပညာနှင့် သက်ဆိုင်သော နိုင်ငံတကာ တက္ကသိုလ်များ အကြောင်း ဆွေးနွေးမည်နိုင်ငံ တကာ တွင် ပညာ ဆက် လက်သင် ယူမည့် ကျောင်း သား/ ကျောင်းသူ များ အတွက် အထူးပြု ဘာသာရပ် များကို ရွေးချယ် သင်ယူ ရာတွင် အဆင်ပြေ လွယ်ကူမှု ရှိစေ ရန်နှင့် အထောက်အကူ ပြုစေရန် Crown Education ၏ စီစဉ်မှုဖြင့် စင်ကာပူ Kaplan Higher Education Academy တွင် တက်ရောက်နိုင်မည့် စီမံခန့်ခွဲမှုနှင့် စာရင်းအင်း၊ စီးပွား ရေး ဘာသာရပ်များ၊ အမေရိကန် တက္ကသိုလ် ၆ ခု၏ ဒုတိယနှစ်သို့ တက်ရောက်နိုင်မည့် US Pathway Program အကြောင်း ရှင်းလင်း ဆွေးနွေးခြင်း အစီအစဉ်ကို ရန်ကုန်မြို့ Summit Parkview Hotel တွင် မတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရှင်းလင်း ပြောကြားပေးမည်ဖြစ်သည်။

KAPLAN Higher Education Academy သည် အမေရိကန်နိုင်ငံ၏အကြီးဆုံးဘဏ္ဍာရေးနှင့် လေ့ကျင့် သင်ကြားရေးအဖွဲ့အစည်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ ကျော် The Washington Post သတင်း စာနှင့် News Week မဂ္ဂဇင်းကို ပိုင် ဆိုင်သော အဖွဲ့အစည်းဖြစ်သည်။

ဩစတြေးလျ Murdoch University မှပေးအပ်မည့် Bachelor of Commerce in Accounting ဘာသာရပ်များကိုSingle major ၊ Double majorဟူ၍ပြဋ္ဌာန်း ထားပြီး Accounting program များ ကိုလည်း လေ့လာသင်ယူနိုင်ပါ သည်။

Murdoch University မှ ပေး အပ်ချီးမြှင့်မည့် Accounting program များကို CPA Australian Association of Chartered Certified Accounts ၊ Institute of Chartered Accounts in Australia ၊ National Institute of Accounts တို့မှ တရားဝင် အသိအမှတ်ပြု ထားသည်ဟု သိရသည်။

အဆိုပါ ပညာရေးဆွေးနွေး ပွဲတွင် စာရင်းအင်းနှင့် စီမံခန့်ခွဲမှု ဘာသာရပ်များ၏ သဘောသဘာ ဝများ၊ မိမိတို့ သင်ယူ ရရှိထားသည့် ပညာရေးလမ်းကြောင်းအလိုက် လေ့လာ သင်ယူ သင့်သော အထူး ပြု ဘာသာရပ်များ ကိုပါ ရှင်းလင်း ပြောကြားသွားမည်ဖြစ်ပြီး ၁၀ တန်း အောင်မြင်ပြီး စီးပွားရေးနှင့် စီမံခန့် ခွဲမှုဘာသာရပ်များကို လေ့လာသင် ယူလိုသော ကျောင်းသား/ ကျောင်း သူများ အတွက် ပညာရေးလမ်း ကြောင်းများအပြင် မြန်မာနိုင်ငံမှ LCCI Levels ဖြေဆိုအောင်မြင်ပြီးသူ များအတွက်ပညာရေးလမ်းကြောင်း သစ်များ၊ ABE ဖြေဆိုအောင်မြင်ပြီး သူများနှင့် အခြားနိုင်ငံတကာအသိ အမှတ်ပြု စီးပွားရေးဒီပလိုမာရရှိ ထားသူများ၊ မြန်မာနိုင်ငံမှစီးပွားရေး ဘွဲ့ရရှိထားသူများအတွက် သင့် တော်သောပညာရေးလမ်းကြောင်း များကိုပါ ရှင်းလင်းဆွေးနွေးပေး သွားမည်ဟု သိရသည်။

ဝင်ခွင့်လျှောက်ထားမည့်သူ များအနေဖြင့် IELTS/TOEFL အမှတ် များ တင်ပြရန်မလိုအပ်ကြောင်း သိ ရသည်။ အသေးစိတ်အချက်အ လက်များနှင့် ဝင်ခွင့်လျှောက်ထား ခြင်းများအတွက် Crown Eductaion office, Summit Parkview Hotel အခန်း နံပါတ်(၂၂၈/၂၂၉) ဖုန်း-ဝ၉-၇၃ ၂၇၃၂၇၇ သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။

Ref: Net Guide

0 comments:

Post a Comment