21 Mar 2012 | By Net Guide
အင်္ဂလန်ရှိ နာမည်ကျော် တက္ကသိုလ် ကြီးများ ဖြစ်သော London School of Economic, University of Oxford, University of Cambridge စသော တက္ကသိုလ်ကြီးများ သို့ ဝင်ခွင့် လျှောက်ထား နိုင်ရန် ဆေးတက္ကသိုလ် များသို့ ဝင်ခွင့် လျှောက်ထား နိုင်ရန် ပြင်ဆင်ပေးမည့် GCE A သင်တန်း များနှင့် အဆင့် ၁ မှ ၁၀အတွင်းရှိ နာမည် ကျော် တက္ကသိုလ် ကြီးများသို့ ဝင်ခွင့် လျှောက်ထားနိုင်ရန် ပြင်ဆင်ပေး မည့် Foundation သင်တန်းများ အကြောင်းကို အဆိုပါ Foundation သင်တန်းများကို ပြင်ဆင်ပေးမည့် Bellerbys College မှ တာဝန်ရှိသူများ မှ CROWN Education တွင် လာ ရောက်ရှင်းလင်း ပြောကြားပေး မည်ဖြစ်သည်။
Bellerbys College ၏ Foundation Year Course များကို အောင်မြင်ပြီး ပါကUK ရှိ အထင်ကရ တက္ကသိုလ်ကျောင်းပေါင်း ၅၀ ကျော်၏ ဘာသာရပ်ပေါင်း ၈၉၀ အနက်မှ စိတ်ကြိုက် ရွေးချယ် တက် ရောက်ခွင့် ရှိပါသည်။
Foundation သင်တန်းများတွင် Art and Design, Business, Finance and Management, Chemical Engineering, Engireering and Computer Science, Humanities, IT and Computing, Law, Media, Science and Pharmacyno ရှိသောဘာသာ ရပ်များကို သင်ကြားပို့ချလျက်ရှိပြီး မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင် ထားသော ကျောင်းသား ကျောင်းသူများအနေဖြင့် သတ်မှတ် ထားသောရမှတ်များရရှိထားပါက Foundation ကို လျှောက်ထား နိုင်မည် ဖြစ်သည်။
IELTS ရမှတ် မကောင်းသူများ အနေဖြင့် Extended Foundation ကိုတက်ရောက်ရမည် ဖြစ်သည်။ ကမ္ဘာကျော်ဆေးတက္က သိုလ်များနှင့် အင်္ဂလန်တက္ကသိုလ် ကြီးများသို့ ဝင်ခွင့် လျှောက်ထားပြင် ဆင်ရာတွင် ယှဉ်ပြိုင်မှုများသည့် အတွက် ထူးချွန်သော ကျောင်းသူ၊ ကျောင်းသားများကိုသာ GCE 'A' အဆင့်အတွက် ရွေးချယ် လေ့ကျင့် ပေးမည် ဖြစ်ပြီး၊ ၄င်းပရိုဂရမ်တွင် နိုင်ငံတကာ၌ လက်ရှိဖြစ်ပေါ်နေ သော အခြေအနေများ၊ သတင်း များ၊ အဖြစ်အပျက်များကို ပုံမှန် ဆွေးနွေးမည့် အစီအစဉ်ပါဝင်ပြီး၊ ပြောဆို ဆက်ဆံရေး နှင့် ယဉ်ကျေး မှုဆိုင်ရာ အသိများတိုးပွားစေရန် ဖြစ်ကြောင်း သိရသည်။
ကျောင်းဝင်ခွင့်လျှောက်ထား ခြင်းနှင့် အသေးစိတ်အချက်အ လက်များကို ယခုလ ၂၃၊ သော ကြာနေ့ နံနက် ၁၀ နာရီမှ ၁၁နာရီ ခွဲအထိ CROWN Education, Summit Parkview Hotel တွင် ရှင်းလင်းပြော ကြားပေးမည်ဖြစ်ပြီး စိတ်ပါဝင်စား သူများ ဖုန်း- ဝ၉-၇၃၂၇၃၂၇၇၊ ဝ၁-၅၂၇၈၃၈ တွင် စုံစမ်းမေးမြန်း နိုင်ကြောင်းသိရသည်။
0 comments:
Post a Comment