မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ်ခိုလုံနေထိုင်သော ဇိုမီးလူမျိုး မိသားစုတခုသည် ကားတိုက်မိရာမှ ဖခင်ဖြစ် သူသေဆုံးခဲ့ပြီး ကျန်ဇနီးဖြစ်သူနှင့် ကလေးနှစ်ဦးတို့မှာ ပြင်းထန်စွာဒဏ်ရာရခဲ့ကြောင့် ဇိုမီးသတင်းများအရ သိရသည်။
ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော ဇနီးဖြစ်သူနှင့် ကလေးနှစ်ဦးတို့မှာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင့်၊ စိုးရိမ်းဖွယ်ရှိကြောင့်လည်း ဖေါ်ပြထားသည်။
ဧပြီလ ၁၁ရက်နေ့ ညနေခင်း ၇ နာရီပတ်ဝန်းကျင်၌ ၎င်းမိသားစုသည် ကွာလာမ်ပူမြို့အနီး ကာလန်းမြို့ Taman Chileong ရှိ လမ်းမတွင် သွားလာနေစဉ် အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားတစီး၏ ဝင်တိုက်မိကြောင့် ဖြစ်သည်ဟု ကြားသိရသည်။
၎င်းမိသားစုသည် ချင်းပြည်နယ်၊ တွန်ဇံမြို့နယ် ငှါလ်ဘွါလ်းရွာမှ မလေးရှားနိုင်ငံသို့ ဒုက္ခသည်အဖြစ်သွားရောက်ခိုလုံနေထိုင်ခဲ့သူများ ဖြစ်သည်နှင့် အညီ ကမ္ဘာမဟာမင်းကြီး UNHCR ၏ အကူအညီဖြင့် အမေရိကနိုင်ငံသို့ သွားရောက်ခွင့် ရရှိထားသူများလည်းဖြစ်ကြောင့် သိရသည်။
အခင်းဖြစ်ပွားရာမှ သေဆုံးသူ ဦးဒါလ်ဇခုပ် ၏ ကျန်ရစ်သူမိသားစုများ နှင့်အတူ မလေးရှားရောက် ဇိုမီးအသိုင်းဝိုင်းများကလည်း ၎င်းတို့နှင့်တူ ဝမ်းနည်းမိကြောင့်၊ မလေးရှားရောက် ဇိုမီးအသိုင်းဝိုင်းများအနေဖြင့် သတိထားသွားလာကြရန် ZAM iNFO က သတိပေးပြောကြားခဲ့သည်။
0 comments:
Post a Comment