Thursday, April 12, 2012

သင်္ကြန်ပြီးရင် ပြင်ဦးလွင်မှာ ကားရိုက်ရှိ တယ်ဆိုတဲ့ သက်မွန်မြင့်

11 Apr 2012  | By SHADE Journal

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရဲ့ 'ချစ်တယ်ပြောမှလွှတ်မယ်' ဟာသ ရုပ်ရှင်ဇာတ်ကား ထဲမှာ မို့မို့မြင့်အောင်ရဲ့သမီး မီချီကိုအဖြစ် သရုပ်ဆောင် ရတဲ့ သက်မွန်မြင့် ကို ဝေဠုကျော်နဲ့ တွဲပေးထား ပါတယ်။ ဝေဠုကျော်ကို ကားနဲ့တိုက်မိတဲ့အခန်း၊ ဝေဠုကျော်ပန်းချီဆွဲရင်း သက်မွန်မြင့်အပေါ်ပြုတ်ကျခန်း၊ ချစ်သူနှင့် လက်ထပ်ပြီးစ မိခင်ရောက် လာမှာမို့ ကလေးငှားထားရချိန်မှာ နို့တိုက်ခန်းများနဲ့ တချို့ခန်းများကို သရုပ်ဆောင်တွေဟာ သရုပ်ဆောင်ရင်း ရယ်ချင် သလိုဖြစ်နေတာ လည်းတွေ့ ရပါတယ်။ အထူးပွဲပြီးတဲ့အခါ သက်မွန်မြင့်နဲ့အင်တာဗျူး တစ်ခုက-

 အခုအထူးပွဲပြတဲ့ကားမှာတစ်ကားလုံးရယ်နေရတော့ဘယ် အခန်းအကြိုက်ဆုံးလဲ။
 အခန်းတော်တော်များများရယ်နေရတော့ ကြိုက်ပါတယ်။ ကလေးနို့တိုက်တဲ့အခန်းလည်း အတော်ရယ်ရတယ်။ အတော်ဘေး ကျပ်နံကျပ် အနေအထားပေါ့။ ကိုရန်လေး၊ မမို့၊ မဇာကြီးတို့ သရုပ် ဆောင်တာတွေလည်း အရမ်းသဘောကျပါတယ်။

 အုပ်စုလိုက် ပလော့တွေနဲ့ ဒိုင်ယာလော့ခ်တွေပြောတဲ့အခါ လု ပြောတာမျိုးရောကြုံရလား။ 
အဲလိုတော့မရှိပါဘူး။ သူ့ကာရိုက်တာ၊ သူ့ဒိုင်ယာလော့ခ်နဲ့သူပါ ပဲ။ ဒီကားမှာပါဝင်တဲ့သူတွေလည်း သမ္ဘာရှိတဲ့သရုပ်ဆောင်တွေပါ။ ကိုယ့်နေရာနဲ့ကိုယ်ပါပဲ။

 အခု ဦးမီးပွားနဲ့ရိုက်နေတဲ့ "ပြန်ခေါ်သက်သေ"ရုပ်ရှင်ဆို ရင် သမီးနဲ့ဟိန်းဝေယံတို့ အဓိကသရုပ်ဆောင်ရဦးမှာဆိုတော့ ကားအစအဆုံး ပရိသတ်ကြိုက်အောင် ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်လား။

အဲဒါက ဇာတ်လမ်းလည်း အရေးကြီးပါတယ်။ ဇာတ်လမ်းမ ကောင်းဘူးဆိုရင်တော့ မင်းသားမင်းသမီးနှစ်ယောက်တည်းနဲ့ အီ ချင်လည်းအီသွားမယ်။ ဒါပေမယ့် ဒီကားရဲ့ဇာတ်လမ်း၊ ကာရိုက်တာနဲ့ ပရက်စင်တေးရှင်း အဲဒါတွေက အရမ်းကောင်းနေပါတယ်။ သက်မွန် တို့နှစ်ယောက်အပြင် တခြားသူငယ်ချင်းတွေ၊ ဇာတ်ပို့ဇာတ်ရံတွေ လည်းပါပါတယ်။ ကားကောင်းတစ်ကားဖြစ်ရေး ဝိုင်းပြီး ကြိုးစားကြ ပါတယ်။

လှိုင်သာယာမီးဘေးမှာ အလှူလုပ်ခဲ့တဲ့ အာဒမ်၊ ဧဝ၊ ဒဿ အကယ်ဒမီရုပ်ရှင်အဖွဲ့နဲ့ပတ်သက်လို့ ဝေဖန်တာတွေ အတော် များခဲ့ပါတယ်။ အဲဒီမှာ ဒါရိုက်တာတစ်ယောက်က တခြားရ သင့်တာကို သမီးတို့ကားက ယူသွားတယ်လို့ ပြောတဲ့ အပေါ် သမီး အမြင်ဘယ်လိုရှိလဲ။ 
ဒါကတော့ သက်မွန်တို့ ဖြေရှင်းစရာမလိုဘူးလို့ ထင်ပါတယ်။ အဓိက က သက်မွန်တို့ သရုပ်ဆောင်ရတဲ့အပေါ် တာဝန်ကျေဖို့၊ ကြိုး စားဖို့ပဲ ခေါင်းထဲ ထည့်ပါတယ်။ ကျန်တဲ့ပြောတာဆိုတာတွေ လိုက် နားထောင်ရင် ပြီးမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ပေါ်ပြူလာဖြစ်လာတဲ့ သူတစ်ယောက်ကို လူပိုသိတဲ့အတွက် ပြောရဆိုရတာပိုလွယ်တယ်။ ပိုရတယ်၊ ခွံစားနေစရာမလိုဘူးလို့ထင်ပါတယ်။

 သက်မွန်မြင့်ရဲ့ ၂၀၁၂ သင်္ကြန်အစီအစဉ်လေးပြောပါဦး။ ချင်းပြည်နယ် သင်္ကြန်အကြောင်းလေးပြောပြပါလား။ 
လောလောဆယ်တော့ ရန်ကုန်မှာပဲရှိပါမယ်။ သင်္ကြန်ပြီးရင် ပြင် ဦးလွင်တက်ပြီး ကားရိုက်ပါမယ်။ ချင်းပြည်နယ်သင်္ကြန်က ပိုပြီးပျော် ဖို့ကောင်းသလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပိုပြီးလွတ်လပ်တယ်။ ယိမ်းအကဆိုလည်း ဝင်ကတယ်။ မဏ္ဍပ်စင်ကြီးတွေနဲ့ စတုဒီသာ အကျွေးအမွေးတွေနဲ့လှူကြတယ်။ ဆွမ်းပို့ကြ၊ တရားနာနဲ့ ပျော်လည်း ပျော်၊ ကုသိုလ်လည်းရတယ်။ ရန်ကုန်မှာနဲ့တော့ မတူဘူးပေါ့နော်။ ရေပက်ခံထွက်ရင် ကားပိတ်တာနဲ့၊ နေပူတာနဲ့။ မဏ္ဍပ်ထိုင်လည်း လူ တွေအရမ်းများတယ်။ ဒါပေမယ့် သင်္ကြန်ဆို သက်မွန်ပျော်ပါတယ်။

 ဘာပဲပြောပြော သက်မွန်က နံပါတ် တစ်နေရာရောက်လာ ပါပြီ။ အဲဒီလိုဖြစ်လာဖို့ သမီးအများကြီးကြိုးစားခဲ့ရတာလည်း သိပါတယ်။ ဒီတော့ သမီးရောက်ချင်တဲ့နေရာကို ရောက်ပြီလို့ ထင်လား။
 သက်မွန် ဒီလောကထဲဝင်ကလာကတည်းက ပရိသတ်ရဲ့အား ပေးမှုပေါ့နော်။ အားပေးမှုရှိလို့ ခွန်အားရပြီး ဆက်လုပ်နိုင်တာပါ။ ဒီ လောကရဲ့ အစိမ်း သက်သက်လူတစ်ယောက်အနေနဲ့ဝင်လာတဲ့အပေါ် ပရိသတ်အားပေးမှုရလို့ ကြိုးစားရကျိုးနပ်ခဲ့ပါတယ်။ ဒီနေ့ ဒီအချိန် အထိ ပရိသတ်ပေးတဲ့နေရာ မှာဆိုတော့ ကျေနပ်ပါတယ်။ အားပေးရ ကျိုးနပ်အောင်လည်း ကြိုးစားနေပါတယ်။

0 comments:

Post a Comment