Sunday, April 15, 2012

သင်က တုပ်ကွေးဖြစ်နိုင်ခြေ များသူလား

14 Apr 2012  | By Good Health

တုပ်ကွေးဖြစ်နိုင်ခြေ များတာကြောင့် ပုံမှန်ကာ ကွယ်ဆေးထိုးနှံ ထားသင့် သူ အုပ်စု ငါးခုရှိပါတယ်။

(၁) နာတာရှည် နာမကျန်းဖြစ်နေသူများ
ရင်ကျပ်ပန်းနာရောဂါ၊ နာတာရှည်နှလုံးရောဂါ၊ နာတာရှည် ကျောက်ကပ် ပျက်စီးတာ၊ နာတာရှည် အဆုတ်ရောဂါစတဲ့ နာတာရှည် နာမကျန်းဖြစ် သူတွေဟာ တုပ်ကွေးဖြစ်နိုင်ခြေ များပါတယ်။ သူတို့ရဲ့ နာတာရှည်ရော ဂါတွေအတွက် သောက်နေရတဲ့ ဆေးဝါး တွေက ကိုယ်ခံစွမ်းအားစနစ်ကို ဖိနှိပ်ထားတာကြောင့် တုပ်ကွေးဖြစ်နိုင်ခြေ များရတာပါ။

(၂) ကျောင်းနှင့် မူကြိုတက်နေသော ကလေးများ
ကျောင်းနဲ့ နေ့ကလေးထိန်းကျောင်းတွေကို တက်နေရတဲ့ ကလေးတွေရှိရင် အဲဒီကလေးတွေက တုပ်ကွေးနဲ့ တခြားဗိုင်းရပ်စ်ပိုးတွေကို ထိတွေ့ကူး စက် နိုင်ခြေ များတယ်ဆိုတာ သိထားသင့်ပါတယ်။ သင့်ကလေးက ဒီကူး စက်ပိုးတွေနဲ့ ထိတွေ့မှုရှိရင် သင့်မှာလည်း တုပ်ကွေးရောဂါပိုး ကူး စက်နိုင်ခြေ ရှိပါတယ်။

(၃) ခရီးသွားယာဉ်နှင့် လူထူထပ်သောနေရာတွင် အလုပ်လုပ်ကြသူများ
လေယာဉ်၊ ဘတ်စကားနဲ့ တခြားလူအများစုနဲ့ ခရီးသွားရတဲ့ အလုပ်မှာ အချိန်များများပေးပြီး လုပ်နေရရင် တုပ်ကွေးဖြစ်နိုင်ခြေ များပါတယ်။ စူပါမားကက်နဲ့ လူအများ သွားလာတတ်တဲ့ ဈေးတွေမှာ အလုပ်လုပ်သူ ဖြစ်ရင် တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ခြေ များပါတယ်။

(၄) ဆေးလိပ်သောက်သူများ
ဆေးလိပ်သောက်တာက လူတွေရဲ့ ကျန်းမာရေး ကို နည်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်ပါတယ်။ ကင်ဆာနဲ့ တခြားရောဂါတွေရဲ့ ဖြစ်နိုင်ခြေကိုလည်း မြင့်မားစေ တာမျိုးပါ။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ခြေကို သိသိ သာသာ တိုးစေပါတယ်။ အကြောင်းကတော့ ဆေး လိပ်သောက်တာဟာ ကိုယ်ခံစွမ်းအားစနစ်ကို အား နည်းစေပြီး တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ခြေကို မြင့်တက်စေလို့ပါ။

(၅) ကျန်းမာရေးစောင့်ရှောက်သူများ
သူတစ်ပါးကို ကျန်းမာရေး စောင့်ရှောက်မှုပေး နေရသူတွေက တုပ်ကွေးဖြစ်နိုင်ခြေများပါတယ်။ အကြောင်းကတော့ သူတို့ နေ့စဉ်တွေ့နေရသူတွေက တုပ်ကွေးနဲ့ တခြားပိုးတွေရှိနေပြီး နာမကျန်းဖြစ်သူ တွေ ဖြစ်လို့ပါ။

0 comments:

Post a Comment