Sunday, April 15, 2012

စပိန်အထွေထွေသပိတ်ကြီးတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွား

14 Apr 2012  |By Popular News

စပိန်အစိုးရ အလုပ်သမားဈေး ကွက်ပြန်လည်ပြုပြင်ပြောင်းလဲရေးအတွက် အထွေထွေ သပိတ်ကြီး တစ်ခုကိုပြုလုပ်ခဲ့ကြရာ ဆန္ဒပြသူများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များ အကြား ရုန်းရင်း ဆန်ခတ်မှုများဖြစ်ခဲ့ကြရကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဘာစီလိုနာမြို့တွင် ချီတက် ဆန္ဒပြသူများက နေအိမ်မှန်ပြတင်း များကို ရိုက်ခွဲခဲ့ကြပြီး လမ်းဘေး အမှိုက်ပုံးများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသောကြောင့် ရဲတပ်ဖွဲ့ ဝင်များက မျက်ရည်ယိုဗုံးများကို အသုံးပြုခဲ့ရပြီး အချို့ကို ထိန်းသိမ်း ခဲ့ရသည်။ အထွေထွေသပိတ်ကြီး အဖြစ် စပိန်နိုင်ငံမြို့တော် မဒရစ်နှင့် အခြား မြို့ကြီးများတွင် ဆန္ဒပြပွဲများ ပြု လုပ်ခဲ့ကြသည်။

ကုန်းတွင်းနှင့် လေ ကြောင်းပို့ဆောင်ရေး လုပ်ငန်းများ မှာ သပိတ်ကြီးကြောင့် ထိခိုက်ခဲ့ ရပြီး ပြည်တွင်းနှင့် ဥရောပသို့ ပျံ သန်းသည့် လေကြောင်းလိုင်းများ ပြတ်တောက်သွားခဲ့ရသည်။ အလုပ်သမားများမှာ ယခု လက်ရှိ အီးယူ၏ အလုပ်လက်မဲ့ အမြင့်ဆုံး ၂၃ ရာခိုင်နှုန်းကြောင့် မိမိတို့၏ နိုင်ငံအတွင်း လုပ်သား ဦးရေလျှော့ချလာခြင်းကို စိုးရိမ်မှုများ ပိုမိုလာခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ၏ ပြောပြချက် အရ ဘာစီလိုနာမြို့တွင် ဆန္ဒပြသူ ရှစ်သိန်းခန့်ရှိပြီး ရဲတပ်ဖွဲ့ဝင် ၈ဝဝဝဝ ခန့် ချထားခဲ့ရသည်။ ဆန္ဒပြသူ အများစုမှာ ငြိမ်းချမ်းစွာ ချီတက်ခဲ့ ကြသော်လည်း အချို့မှာ ဘဏ်ရုံး၊ အဆောက်အအုံနှင့် ဈေးဆိုင်များ ၏ မျက်နှာစာကို ခဲများဖြင့် ပစ် ပေါက်ခဲ့ကြပြီး ကော်ဖီဆိုင်များ၏ ခုံတန်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ ကြသည်။

ရုပ်မြင်သံကြား သတင်းဌာန များ၏ ထုတ်လွှင့်မှုများအရ ၄င်းတို့ကို ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့ ဝင်များက မျက်ရည်ယိုဗုံးများနှင့် ပလတ်စတစ် ကျည်ဆန်များကို အသုံးပြုကာ လူစုခွဲခဲ့ရသည်။ မြို့ တော် မဒရစ်တွင် လူပေါင်းကိုးသိန်း ခန့် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။ KLMA Reuters/BBC

0 comments:

Post a Comment