Thursday, April 26, 2012

ဂွာဒီယိုလာ - မက်ဆီရဲ့ လက်ရှိပုံစံက ကျွန်တော့် အတွက် စိုးရိမ်စရာ မရှိပါဘူး

25 Apr 2012  | By Soccer

ချယ်လ်ဆီး အသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်အတွက် မက်ဆီ၏ခြေစွမ်းနှင့် ပတ်သက်၍ဝေဖန်ပြော ဆို နေကြခြင်း အပေါ် ဂွာဒီယိုလာမှ ငြင်းဆို ခဲ့သည်။

မက်ဆီမှာ ချယ်လ်ဆီး အသင်းနှင့် ကစားခဲ့သည့် ပထမ အကျော့ ပွဲစဉ်နှင့် ရီးရဲလ်နှင့် ကစားခဲ့သည့် ပွဲစဉ်များတွင် ဂိုးပေါက် ပျော်ဆုံး ခဲ့သူဖြစ်ပြီး ယခု ဒုတိယ အကျော့ ပွဲစဉ်တွင်လည်း ဂိုးသွင်းယူနိုင်ခြင်း ရှိမရှိကို မေးခွန်း ထုတ်ပြောဆိုနေမှုများ အပေါ် ဂွာဒီယိုလာမှဖြေရှင်းပြော ဆိုခဲ့ခြင်း လည်း ဖြစ်သည်။
“မက်ဆီနဲ့ ပတ်သက်ပြီး ဘယ်တော့မှ ကျွန်တော် အယူအဆကို ခေါင်းထဲ မထည့်ထားပါဘူး။ သူ (၂၇) ပွဲဆက် ဂိုးမသွင်းရင်တောင်မှ စဉ်းစားမှာ မဟုတ်ပါဘူး။ သူဒီရာသီမှာ ဂိုးလုံလုံလောက်လောက် သွင်းပေးပြီးပါပြီ။ သူပျော်ပျော်ရွှင်ရွှင် ကစားခွင့်ပေးလိုက်ပါ အရင်က ကစားခဲ့သလို မျိုးပေါ့”ဟု ဂွာဒီယိုလာ မှ ပြောဆိုခဲ့သည်။

0 comments:

Post a Comment