Thursday, April 26, 2012

Skype အသုံးပြုနည်း

25 Apr 2012  |By Net Guide

အင်တာ နက် က တစ်ဆင့် နိုင်ငံ ရပ်ခြားကို ဈေးသက် သက် သာသာနဲ့ ဖုန်းခေါ်ဆို နိုင်တဲ့ ဆော့ဖ်ဝဲလ် တစ်ခု ဖြစ်တဲ့ Skype ဆော့ဖ်ဝဲလ် အကြောင်း ပြုစု တင်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။

အင်တာနက် ကွန်နက်ရှင် ရှိတဲ့နေရာ ဘယ်နေရာမှာ မဆို Skype ဆော့ဖ်ဝဲ ရှိတာနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး Skype ဆော့ဖ်ဝဲကို သူရဲ့ဝက်ဘ်ဆိုက်မှာ အခမဲ့ Download ဆွဲယူနိုင်ပါတယ်။

အခု နောက်ပိုင်းမှာ ဖုန်းဟမ်းဆက် တွေမှာတောင် install လုပ်ပြီးတော့ တိုက် ရိုက်ခေါ်ယူသုံးစွဲနိုင်နေပြီဖြစ်ပါတယ်။ စတင်ထုတ်လွှင့်ကာစ (၂၀ဝ၃) ခုနှစ်က Features တွေမပြည့်စုံတဲ့အတွက် အသုံးနည်းခဲ့ပေမယ့် ဒီနောက် ပိုင်း သူရဲ့အသုံးဝင်ပုံ၊ ခေါ်ဆိုခနှုန်းထားတွေ သက်သာ တာတွေကြောင့် နိုင်ငံခြားကို ဖုန်းခေါ်ဆိုရင် ဒါနဲ့ပဲအသုံးပြုကြတာကို တွေ့မြင်ကြရမှာဖြစ်ပါ တယ်။ အင်တာနက်အခြေခံနည်းနည်းပါးပါး သုံးတတ်ရုံနဲ့ ဒီဆော့ဖ်ဝဲကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စာရေးသူ စုကြည်ထွေးဟာ (Skype အသုံးပြုနည်း) နဲ့ပတ်သက်လို့ ပြည့်စုံစွာ ရှင်းလင်း တင်ဆက်ထားပြီး Skype ဆော့ဖ်ဝဲကို အင်တာနက်မှ အခမဲ့ ဒေါင်းလုတ် ဆွဲခြင်းမှ အစပြုပြီး Skype Account ၏ password ပြောင်းခြင်း၊Skype တွင် ဘာသာစကားပြောင်း၍ အသုံးပြု ခြင်း၊ Phone Number ကို Contact list တွင်ပေါင်းထည့်ခြင်း၊ ရုပ်ပါမြင်အောင် video call နှင့် အသုံးပြုခြင်းများအပြင်Screen ကို Share လုပ်ခြင်း၊ Connection setting ချိန်ညှိခြင်း၊ Phone call အတွက် အသံ Voice setting ချိန်ညှိခြင်း၊ Video call အတွက် Video setting ချိန်ညှိခြင်း၊ Skype ကို Portable လုပ်၍အသုံးပြုခြင်း၊ Skpe အသုံးပြုဖို့အတွက် Hardware လိုအပ်ချက်များ အထိ (Skype အသုံးပြုနည်း) အတွက် အခန်း (၃၁)ခန်းအထိ ရှင်းလင်း တင်ပြပေးထားပါတယ်။ ထို့အတူစာရေးသူဟာ Skype ၏ သမိုင်းကြောင်း ကိုလည်း စာဖတ်သူစိတ်ဝင်စားလာအောင် ရှင်းပြထားပါတယ်။

ယခု စာအုပ်ကို ရေးသားသူ စုကြည်ထွေးဟာ Knowledge Bridge မဂ္ဂဇင်းမှာ နည်းပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါးများကို ရေးသားခဲ့သူဖြစ်ပြီး ယခု စာအုပ် မတိုင်ခင်က (facebook အသုံးပြုနည်း) စာအုပ်ကို ရေးသားပြုစုခဲ့သူ ဖြစ်ပါတယ်။

စာရေးသူက စာအုပ်ရဲ့အမှာစာမှာ "ယခုခေတ်လူငယ်တော် တော်များများကတော့ အင်တာနက်ကို ကျွမ်းကျင်စွာအသုံးပြုတတ်ကြ ပါတယ်။ ဒါပေမဲ့ ဖုန်းနဲ့တိုက်ရိုက်ဆက်သွယ်ပြောဆိုဖို့အတွက်မှာတော့ ယခုအချိန်ထိ အင်တာနက်ဆိုင်များကိုသာ အားကိုးတတ်ကြတာကို တွေ့ ရပါတယ်။

တချို့သော နည်းပညာနဲ့ အလှမ်းဝေးတဲ့ လူကြီးများ အတွက်ဆို ပိုပြီးတောင် အဆင်မပြေ ဖြစ်တတ် ကြပါ သေးတယ်။ ဒီလိုနည်းပညာ အဟန့်အတားတွေကို ကျော်ဖြတ်ဖို့ ကိုယ်တိုင်ကိုယ်ကျ အင်တာနက်ကို အသုံးပြုပြီး အင်တာနက်မှဖုန်းကို ငွေကြေးအနည်းငယ်နဲ့ တိုက်ရိုက် ဆက်သွယ်နည်း (Skype အသုံးပြုနည်း) ကို တင်ပြ လိုက်ပါတယ်"လို့ ဆိုပါ တယ်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ၏ မှတ်တမ်းအရ Skype ကို အသုံးပြုသူ အရေအတွက်ဟာ (663 Million) ထိအောင်ရှိနေပြီလို့ သိရပါတယ်။ အင်တာနက်မှ တစ်ဆင့် နိုင်ငံခြားဖုန်းကို တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ Skype ဆော့ဖ်ဝဲကို အသုံးပြုချင်သူတွေ အတွက် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး လောကသရဖူ စာအုပ်တိုက်မှ တန်ဖိုး - ၁၈၀ဝ ကျပ်နဲ့ ဖြန့်ချိပါတယ်။

0 comments:

Post a Comment