26 Apr 2012|By Net Guide
နိုင်ငံတကာ အသိအမှတ်ပြု ဖြစ်သည့် CompTIA ၏ နောက်ဆုံး Update ဖြစ်သည့် Network(N10- 005) ကို စာမေးပွဲ ဖြေဆို နိုင်ရန် အတွက် သာမက လက်တွေ့ လုပ်ငန်း ခွင်ပါ ကျွမ်းကျင်စွာ အသုံးပြုနိုင် စေရန် ရည်ရွယ်၍ IMCS မှ Network Lab များဖြင့် စာတွေ့လက်တွေ့ ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
CompTIA Network Certificate သည် နိုင်ငံတကာတွင် Network Professional အနေဖြင့်လုပ်ကိုင်လို သူများအတွက် အရေးပါသည့် လက်မှတ်တစ်ခုဖြစ်ပြီး ၄င်းလက် မှတ်ကို Dell,HP,Rocoh, Xerox, Apple အစရှိသည့် ကုမ္ပဏီများနှင့် ISO, ANST (American National Standards Institute) အဖွဲ့အစည်းများမှ အသိအ မှတ်ပြုပေးထားသော လက်မှတ် ဖြစ်သည်။
၎င်းကို ကျွမ်းကျင်အောင် မြင်ပါက နိုင်ငံ တကာတွင် Network Engineer တစ်ယောက် အဖြစ် ရဲဝင့်စွာ ရပ်တည်နိုင်မည် ဖြစ်သည်။ အဆိုပါ သင်တန်းတွင် အခြေ ခံမှစ၍ Professional Level အထိ စနစ်တကျ တတ်မြောက် စေရန်အတွက် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပြီး ၄င်း Exam မေးခွန်းများလေ့လာခြင်း ဖြင့် သိရှိနိုင်မည် ဖြစ်သည်။
လက်ရှိ လုပ်ငန်းခွင် များနှင့် INGO,NGO များ တွင်ရှိသောServer များကို ကျွမ်း ကျင်ပိုင်နိုင်စွာ ထိန်းသိမ်းလာနိုင် မည်ဖြစ်သည်။ စာမေးပွဲအောင်ရုံ သီးသန့်မဟုတ်ပဲ လက်တွေ့လုပ်ငန်း ခွင်သို့ ဝင်ရောက်နိုင်စေရန် ရည် ရွယ်၍ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရ ဆရာများမှသင်ကြား ပို့ချမည်ဖြစ်သည်။
သင်တန်းသား များအတွက် Pre Exam Test များ၊ Chapter အလိုက် Projector များနှင့် Presentation များကို ပြုလုပ်နိုင်ရန် E-Library ထားရှိပြီး CompTIA ၏ မေးခွန်းများကို ချဉ်းကပ် လေ့လာ နိုင်ရန် Internet WiFi Access တပ် ဆင်ပေးထားကြောင်းသိရသည်။
အဆိုပါ Course တွင်သင်ကြားမည့် Unit များမှာOSI, Model, DNS, DHCP, VPN,ICS,NAT,ISA စသည်တို့ အ ကြောင်း၊ Network ပိုင်းတွင်လည်း ယနေ့အချိန် အရေးပါ လာသော Wireless များအကြောင်း၊Router Configuration စသည့် အပိုင်းများ အား အဓိကထား သင်ကြားရမည် ဖြစ်သည်။
ထို့အပြင် အနာဂတ် တွင် အရေးပါ လာမည့် Ipv6 များအ ကြောင်းနှင့် Wireless နည်းပညာ များဖြစ်သောFrequency, Bandwidth, Access point, Communication, ADHOC, Wireless Security စသည့် သိသင့် သိထိုက်သော အကြောင်းအရာများကို သင်ထောက်ကူ ပစ္စည်းပြည့် စုံစွာဖြင့် လေ့လာ သင်ကြားမည် ဖြစ်သည်။
Server ပိုင်းတွင် Microsoft ၏ Server 2003,2008 တို့ ကိုသင် ကြားရမည် ဖြစ်ပြီး Mail Server များ အကြောင်းကို အသေးစိတ် စာတွေ့ လက်တွေ့ သင်ကြားရမည် ဖြစ်သည်။ ၄င်းသင်တန်းကို ပုံမှန်တန်း ခွဲနှင့် ရုံးချိန်လွတ်တန်းခွဲများဟူ၍ ရှိပြီးအသေးစိတ် ထပ်မံသိရှိလိုပါ က IMCS (Info Myanmar Computer Studies)ဖုန်း- ဝ၉-၇၃၀၂၅၄၉၅၊ ဝ၁-၅၃၆၅၅၄ သို့ ဆက်သွယ်စုံ စမ်းနိုင်ကြောင်း သိရသည်။
0 comments:
Post a Comment