Friday, April 27, 2012

စီးပွားရေး လုပ်ငန်းရှင်များ အတွက် ရည်ရွယ်၍ စီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ်မည်

26 Apr 2012  |By Net Guide
ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်လျက် ရှိသော လုပ်ငန်းရှင် များ၊ လုပ်ငန်း အပေါ် ရာနှုန်းပြည့် ကျေနပ်မှု မရှိသေးသော လုပ်ငန်း ရှင်များနှင့် အောင်မြင် ပျော်ရွှင် သော စီးပွားရေး လုပ်ငန်းရှင်ဖြစ်လိုသူများ အတွက် ရည်ရွယ်၍ စီမံခန့်ခွဲမှု သင်တန်း တစ်ခုကို First Five Days Program အဖြစ် Tip Top Capacity Development Institute of Myanmar မှ ကြီးမှူး ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် စီမံခန့်ခွဲမှု နည်းစနစ် အားနည်းမှုကြောင့် လုပ်ငန်း အောင်မြင် ပါလျက် စီးပွားရေး အရ ဆုံးရှုံးနေမှုများ၊ ဝန်ထမ်းမ တည်ငြိမ်မှုကြောင့် လုပ်ငန်းမတိုး တက်ခြင်းများ၊ ကိုယ်စားထားသင့် ပါလျက် မထားရှိမှုကြောင့် လုပ်ငန်း ကြန့်ကြာ နှောင့်နှေးမှုများ၊ လုပ် ငန်းခွင်တွင် မပျော်ပိုက်သော ဝန် ထမ်းများကြောင့် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသူများ၊ ဝန်ထမ်းများကို လူမှန်နေရာမှန်ချ ထားနိုင်မှု အားနည်း သောကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးများ၊ လက်ရှိ အကျဉ်းအကျပ် အခြေအနေ ထဲတွင် မိမိလုပ် ငန်းကို အောင်မြင်အောင် ဆောင် ရွက်ရန် နည်းနာများ စသည် ပြင်ပ လောကတွင် ရင်ဆိုင်နေရသော စီး ပွားရေးဆိုင်ရာ သိကောင်းစရာများ ကို အပြန်အလှန် ဆွေးနွေးတင်ပြ ခြင်းပုံစံဖြင့် ပို့ချပေး သွားမည် ဖြစ်ပါသည်။

စီမံခန့်ခွဲမှု သင်တန်းကို လက် တွေ့လုပ်ငန်းခွင်များတွင် အောင် မြင်စွာ လုပ်ကိုင် လျက် ရှိသော နိုင်ငံ တကာအတွေ့အကြုံရှိ စီမံခန့်ခွဲမှု နှင့် ပညာရေးအတိုင်ပင်ခံ ဆရာ ဦးစိုးမြင့်သန်း ကိုယ်တိုင် မေလ (၃) ရက်နေ့မှ (၇)နေ့အထိ တစ်နေ့ လျှင် (၂) နာရီကြာ ဆွေးနွေးပို့ချ သွားမည်ဟု သိရသည်။

ထိရောက်သော ဆွေးနွေးပို့ချ မှုဖြစ်စေရန် လုပ်ငန်းရှင်ဦးရေ (၂၀) သာ လက်ခံမည်ဖြစ်သောကြောင့် အသေးစိတ် သိရှိလို၍ လည်း ကောင်း၊ ကြိုတင်စာရင်းပေးသွင်း လို၍လည်းကောင်း၊ Tip Top CDIM ဖုန်း - ဝ၉ ၂၀၃၄၂၉၁၊ ဝ၉၉၁၀ဝ ၁၈၁၈ သို့ ဆက်သွယ်စုံစမ်းအပ်နှံ နိုင်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment