Friday, May 11, 2012

3D Design သင်တန်းကို တက်ရောက် သင်ကြားနိုင်

11 May 2012|By Net Guide
3D Design ဖန်တီးရေးဆွဲလိုသော 3D Designer, Archi Designer, Exterior, Interior Designer များအတွက် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများသော Professional 3D Design သင်တန်းကို PROMOTION Computer Training Center မှ မေလ ၁၄ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင့် စိတ်ပါ ဝင်စားသူများ တက်ရောက် သင်ကြားနိုင်ကြောင်း သိရသည်။

သင်တန်းတွင် 3Ds Max ဖြင့် Living Room, Bed Room, Dinning room, Kitchen Design, Landscaping Design ရေးဆွဲခြင်း၊ Furnitures နှင့် လူအသုံးအဆောင် ပစ္စည်းများ ကြော်ငြာလုပ်ငန်းနှင့် Multimedia Design ဆွဲသားခြင်း၊ Special Effect များထည့်သွင်း၍ ပကတိ ပုံစံအတိုင်း လှပသေသပ်သော Design ဖြစ်ရန် ဖန်တီးခြင်း၊ ဆွဲပြီးသား Design အဆောက်အဦများကို လက်တွေ့ ပြင်ပတွင် လှည့်၍ ကြည့်နေသကဲ့သို့ Archi Animation ဖြင့် Presentation ပြုလုပ်၍ Video File များ ပြုလုပ်ခြင်းစသည့် ဘာသာရပ်များကို အနီးကပ် ကြီးကြပ်၍ သင်ကြားပေးမည်ဖြစ်ပါသည်။

သင်တန်းကာလမှာ ၃ လခန့်ကြာမြင့်မည်ဖြစ်ပြီး သင်တန်း ပြီးဆုံးပါက သတ်မှတ်ထားသည့် Project ကို တင်ပြပြီးစီးသူများသာ Certificate ရရှိမည်ဖြစ်ကြောင်း သိရသည်။

Courses အတွက် လိုအပ်သော Exercises, Rendering Data Files များကို အခမဲ့ပေးအပ်သွား မည်ဖြစ်သည့်အပြင် မေလ ၁၃ ရက်နေ့အထိ သင်တန်းအပ်နှံသူများကို Google Sketch up သင်တန်း အခမဲ့ထပ်မံ တက်ရောက်ခွင့်ရရှိ မည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူ ကျောင်းသား/ကျောင်းသူများနှင့် အသေးစိတ် ထပ်မံသိရှိ လိုသူများ အနေဖြင့် PROMOTION Computer Training Centre ဖုန်း ဝ၁ ၃၈၉၀၃၈ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment