Friday, May 11, 2012

ဧရာဝတီနှင့် ချင်းတွင်း ဖွံ့ဖြိုးရေး မလုပ်နိုင်သေး

ချင်းတွင်းမြစ်ဘေးက လူနေမှု ဘ၀ တစ်ခုပါဘဲ။ မိုးတွင်းဆို ရေတွေ မြစ်အပြည့် တက်လာလို့ ရွာပေါ်ကို တက်ပြီး နေလေ့ရှိပေမယ့် ဆောင်းအစ ရေကျသွားတဲ့ အချိန်ကစလို့ သောင်ပြင်မှာ တဲထိုးနေကြတယ်။
သူတို့အလုပ်တွေကတော့ ငါးဖမ်း၊ ၀ါးဖောင်ဖွဲ့၊ ကူးတို့ ပို့ပေါ့။ Photo- Hornbill
ဘတ်ဂျက် လိုငွေပြမှုကြောင့် ဧရာဝတီနှင့် ချင်းတွင်းကို လက်ရှိအနေအထားထက် ပိုမိုမဆိုးရွားစေရန် ပြုပြင်ထိန်းသိမ်းရေးကိုသာ လုပ်ဆောင်နေ ရကြောင်း ရေအရ င်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများကို တွင်ကျယ်စွာ မလုပ် ဆောင်နိုင်ပါက ရေရှည်တွင် မြစ် ကြောင်းပျက်စီးမှုများသည် တဖြည်း ဖြည်း ဆိုးရွားလာနိုင်ကြောင်း ၄င်းက ပြောသည်။”ပျက်စီးနေတဲ့ မြစ်တွေက အများကြီးပဲ။ အဲ့ဒီထဲမှာမှ နိုင်ငံ အတွက် အရေးကြီးတဲ့ ဧရာဝတီနဲ့ ချင်းတွင်းကိုဦးစားပေးပြီး လုပ်ရတာ ပေါ့။ ဒါတောင် ပြုပြင်ထိန်းသိမ်းတဲ့ အဆင့်ပဲ လုပ်နိုင်သေးတယ်။ ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ မလုပ်နိုင်သေး ဘူး”ဟု ၄င်းက ပြောသည်။

အဆိုပါ မြစ်နှစ်စင်းတွင်လည်း မြစ်ကြောင်း တစ်လျှောက်လုံးကို ပြုပြင်ခြင်း မလုပ်နိုင်သေးဘဲ ပြုပြင် ရန် လိုအပ်သော နေရာများကိုသာ တစ်နိုင်တစ်ပိုင် လုပ်နေရသည်။ ပြည်သူလူထု အနေဖြင့် မြစ် ဆုံကိစ္စကဲ့ သို့ပင် မြစ်ကြောင်းများ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ ကြောင်းကိုအဆိုတင်သွင်းသင့်သည် ဟု ထိုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြစ်ဆုံရေကာတာ ဆောက် မည့် ကိစ္စတွင်လည်း ရေကာတာ ဆောက်ရန်သာ တားမြစ်ခဲ့ပြီး ထို ကိစ္စ ရပ်သွားသည်နှင့် မြစ်ကြောင်း ထိန်းသိမ်းရေးကိစ္စများအတွက် ဆွေး နွေးမှုလည်းလျော့ နည်းသွားကြောင်း ၄င်းက ဆက်လက်ပြောသည်။

ထို့အပြင် လက်ရှိအနေအထား တွင် မြစ်ကြောင်း ထိန်းသိမ်းစောင့် ရှောက်မှုအား အစိုးရ တစ်ခုတည်း မှသာ လုပ်ေ ဆာင်နေကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ ဝိုင်းဝန်းကူညီ၍ လုပ်ဆောင် သင့်ကြောင်းတိုင်းပြည်ဖွံ့ဖြိုးချိန်အထိ စောင့် ဆိုင်းပါက ပျက်စီးမှုမှာ ပိုမို လာရန်သာ ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မြစ်ကြောင်း ထိန်းသိမ်းမှုအနေ ဖြင့် လက်ရှိ အခြေအနေတွင် မြစ်ကမ်းမှ ပေ ၃ဝဝ အတွင်း သတ္တု တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင် ခွင့်တားမြစ်မှုကို ပထမအဆင့် အနေဖြင့် ထုတ်ပြန်ထားခြင်းဖြစ် ကာ လုပ်ကိုင်သူများ၏ စည်းကမ်း ဖောက်ဖျက်မှုကို ကြည့်ကာ တား မြစ်ချက်များ ပိုမို တိုး၍ ပြင်ဆင် သွားရန် ရှိကြောင်း အဆိုပါဌာနမှ သိရသည်။

Ref: popularmyanmar

0 comments:

Post a Comment