Tuesday, May 1, 2012

စံသာသုသာန်အရေး ဦးသာအေး အပေါ်မူတည်

ကလေးမြို့ ပင်လုံရပ်ကွက်တွင် တည်ရှိသော စံသာသုသာန်ပြောင်းရွေ့ ခြင်းအရေးနှင့် ပတ်သက်၍ ပယ်ဖျက်ပေးရန်တောင်းဆိုထားသည့် ဒေသခံပြည်သူလူထု ၂ သောင်းကျော်တို့၏ တောင်းဆို၊ ကန့်ကွက်ချက်စာများကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး ထံသို့ပေးပို့ခဲ့ကြောင့် သိရသည်။

၎င်းစာများကို Pu Vum Za Nang ဦးဆောင်၍ ၂၇ ဧပြီ ၂၀၁၂ နေ့ တွင်လေကြောင်းဖြင့် ကလေး-မန္တလေး၊ ထိုမှ တဆင့် မုံရွာမြို့သို့  ကိုယ်တိုင်သွားရောက်ပေးပို့ခဲ့ကြောင့်သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးနဲ့ တိုက်ဆိုင်နေသဖြင့် အစည်းအဝေးတွင် တစ်ပါတည်းတင်ပြအရေးဆိုနိုင်ခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဦး ဦးတင်ဝင်း မှတဆင့်ပြန်လည်ဖြေကြားရာတွင် မိမိတို့ အနေဖြင့် တစ်ပါတည်း ပြန်လည်ပယ်ဖျက်ရန် ချက်ချင်းမဆုံးဖြတ်နိုင်ကြောင်းနှင့် နောက်မှပြန်လည်အကြောင်းပြန်မည်ဟု ပြန်လည်ဖြေကြားသွားကြောင်း သိရှိရပါသည်။

အစည်းအဝေးအပြီး အပြင်ဘက်တွင် အလွတ်သဘောအားဖြင့် စစ်ကိုင်းဝန်ကြီးများမှ ပြောပြရာတွင် အမိန့် ပြန်လည် ပယ်ဖျက်ရန် ဝန်ကြီးချုပ် ဦးသာအေးပေါ်တွင်သာမူတည်သည် ဟု ပြောကြပါသည်။ Pu Vum Za Nang သည် ယနေ့ ညနေ တွင် ကလေးမြို့သို့ ပြန်လည်ရောက်ရှိသည်ဟု ကြားသိရပါသည်။

ယခုသုသာန်ပြောင်းရွေ့ခြင်းသည် ၁၉၈၈ နောက်ပိုင်း ၄ ကြိမ်မြောက်ဖြစ်ပြီး ၁၉၉၄ ခုနှစ်ပတ်ဝန်းကျင်တွင် စစ်တပ်နယ်မြေအဖြစ် တကြိမ် ပျက်စီးပြောင်းရွေ့ခဲ့ကြာင့်လည်း သိရသည်။

0 comments:

Post a Comment