30 Apr 2012|By Mobile Guide
ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ချထားပေးသော ဖုန်းများ ရန်ကုန် တွင် အသုံးပြုခွင့်ရပြီးမှ မိုဘိုင်း ဖုန်းကတ်များ ဈေးနှုန်းပုံ မှန်အတိုင်း ဖြစ်နိုင်မည်ဟု မိုဘိုင်း ဈေးကွက် အတွင်းရှိ ဈေးကွက် ကျွမ်းကျင်သူ များက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ချထားပေးသော မိုဘိုင်း ဖုန်းများမှာ လာမည့်မေလ၃ရက် နောက်ပိုင်း တွင်မှ ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးတွင် အသုံးပြု နိုင်မည် ဖြစ်ပြီး ယင်းသို့ အသုံးပြုနိုင်ပြီး နောက်ပိုင်းတွင်မှ ယင်းဒေသများမှဖုန်းများ ရန်ကုန် ဈေးကွက်အတွင်းသို့ ဝင်ရောက် လာနိုင်ဖွယ် ရှိသည်။ ထိုကဲ့သို့ ဝင်ရောက်လာ မှသာ ရန်ကုန်တွင် မိုဘိုင်းဖုန်း ကတ်များ ဈေးနှုန်း ကျဆင်းလာ မည်ဖြစ်သည်ဟု ကျွမ်းကျင်သူ များက ခန့်မှန်းသည်။
မိုဘိုင်း စီးပွားရေး လုပ်ကိုင် သူတစ်ဦးက "ကျွန်တော့်အမြင်က လာမယ့် ၃ရက် နောက်ပိုင်းမှာ နယ်ကဖုန်းတွေ ရန်ကုန်နဲ့ မန္တလေး မှာသုံးလို့ရမယ် ဆိုရင် နယ်ဖုန်း ကတ်တွေ ရန်ကုန်ဈေးကွက်ကို ဝင်လာနိုင်ပါတယ်။ ဒါဆိုရင် ဖုန်း တွေဈေးကျနိုင်ပါတယ်။ နယ်မှာက ဖုန်းကတ်တွေ သိပ်မရောင်းရပါ ဘူး။
ဒါကြောင့် အဲဒီရက်တွေဆို ရင်နယ်ဖုန်းတွေက ရန်ကုန်ကို ဝင်လာနိုင်တယ်။ ဒါဆိုဈေးကျ သွားမှာပါ။
အခုရန်ကုန်မှာက ဝယ်လိုအားနဲ့ကတ်က မမျှပါဘူး။ ဒါကြောင့် ဈေးတက်နေတာပါ။ ကတ်ကဝယ်လို့ ရကိုမရတာပါ။ ဝယ်မယ့်သူတွေကလည်း စောင့် နေတာကြာပြီဆိုတော့ ဝယ်ကြပါ တယ်။ မေလ ၃ ရက်နောက်ပိုင်း တော့ ဈေးကျမယ်ထင်ပါတယ်" ဟု သူ၏အမြင်ကို ပြောသည်။
လက်ရှိအချိန်တွင် နယ် ဒေသများမှ ဝယ်ယူထားသော ဖုန်းများမှာ ရန်ကုန်နှင့်မန္တလေး မြို့များတွင်အသုံးပြု၍ မရသေးပဲ နယ်ဖုန်းကတ်ဝယ်ယူထားသူများ အနေဖြင့် မေလဆန်းပိုင်းအထိ စောင့်နေရကြောင်း သိရသည်။
နယ်ဖုန်းကတ် ဝယ်ယူထား သူတစ်ဦးက "ကျွန်မက နယ်သွား ရင်းနဲ့ နယ်ကဖုန်းဈေးသက်သာလို့ ဝယ်လာလိုက်တယ်။ မေလဆန်း ပိုင်းမှ သုံးရမယ်လို့ သိရပါတယ်။ အခုချိန်ထိတော့ သုံးမရသေးဘူး။ နောက်ပိုင်းတော့ အတူတူပဲဖြစ် မှာဆိုတော့ ဈေးပိုမပေးရတဲ့ ဖုန်း ကတ်ပဲဝယ်လာတယ်" ဟု ပြော သည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ကျပ်နှစ်သိန်းတန်မိုဘိုင်း ဖုန်းများကို ပြီးခဲ့သည့်မတ်လ ၁၄ရက်နေ့က စတင်ချထားပေး ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်များတွင် လည်းကောင်း၊ မတ်လ ၂၈ ရက် နေ့တွင် ရန်ကုန်နှင့်မန္တလေးတိုင်း ဒေသကြီးမှအပ ကျန်တိုင်းဒေသ ကြီးများတွင်လည်းကောင်း စတင် ချထားပေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတွင် ယခုလ ၉ရက် နေ့တွင် စတင်ချထားပေးခြင်း ဖြစ်ပြီး ဝယ်လိုအားများသော ကြောင့် ရန်ကုန်တွင် မိုဘိုင်းဖုန်း ဈေးနှုန်းမှာ ကျပ်နှစ်သိန်းအတိ ဖြင့်ဝယ်ယူမရဘဲ ၂၅၀ဝ၀ဝ ဝန်း ကျင်အထိ သင်္ကြန်မတိုင်ခင်က ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့သည်။
သင်္ကြန်ကာလ နောက်ပိုင်း တွင်လည်း ဆက်လက်ဈေးတက် နေဆဲ ဖြစ်ပြီး လက်ရှိအချိန်တွင် ကျပ် ၂၂၀ဝ၀ဝ ဝန်းကျင်ရှိသည်။ မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်မှ မန်နေဂျာတစ်ဦးက "နယ်တွေမှာ က ဖုန်းကတ်တွေကို ဈေးနှုန်းချပြီး ရောင်းပေးပါတယ်။
ဝယ်လိုအား ကလည်း ရန်ကုန်လောက်သိပ်မရှိ ပါဘူး။ ဒါကြောင့် ရောင်းတယ် ဆိုရင်ထောင်ဂဏန်းလောက် သက်သာပါတယ်။ နယ်ဖုန်းကတ် တွေ သုံးလို့ရလို့ ရန်ကုန်ဈေး ကွက်ကို ရောက်လာမယ်ဆိုရင် ရန်ကုန်ဖုန်းကတ်ဈေးတွေ ကျလာ မှာပါ"ဟု ပြောသည်။
ဆိုင်အများစုတွင် မိုဘိုင်းဟန်း ဆက်ဖြင့် တွဲယူမှရောင်းချပေး သောပုံစံကိုလည်း ကျင့်သုံးသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။ မိုဘိုင်းဟန်းဆက်ဖြင့် တွဲယူပါက ဈေးနှုန်းအနည်းငယ်သက်သာပြီး ဟန်းဆက်မယူပါက ဈေးနှုန်း အနည်းငယ်မြင့်သည်ဟု သိရ သည်။
0 comments:
Post a Comment