Tuesday, May 29, 2012

ကလေးမြို့နယ်တွင် ဘိလပ်မြေစက်ရုံတခု တည်ဆောက်မည်

ကလေးမြို့နယ် အင်ဒိုင်းကြီးကျေးရွာအနီးတွင် ထွန်းတွင်းကုမ္ပဏီက ဘိလပ်မြေစက်ရုံတခု တည်ဆောက်ရန် စီစဉ်နေကြောင့်   ဒေသခံသတင်းရပ်ကွက်များအရ သိရသည်။

၎င်းစက်ရုံသည် အင်ဒိုင်းကြီးကျေးရွာအနီးရှိ  ထုံးကျောက်တောင်ရှိရာတွင် တည်ဆောက်ရန် ကုမ္ပဏီတာဝန်ရှိသူများနှင့် အစိုးရတာဝန်ရှိသူတချို့တို့က သွားရောက်လေ့လာနေပြီဖြစ်ကြောင့် သိရသည်။

စက်ရုံတည်နေရာ သတ်မှတ်ဧကပေါင်း ၁၀၀၀ ဝန်းကျင်ရှိပြီး ၎င်းနေရာ၏ ၄၆ ဧကတည် အင်ဒိုင်းကြီးနှင့် အင်ဒိုင်းလေးရှိ ရွာသားများပိုင်ဆိုင်ထားသည့် လယ်မြေများဖြစ်ကြောင့် ဒေသခံရွာသားများ ဆိုသည်။

စက်ရုံတည်ဆောက်မှာတော့ ကောင်းပါတယ်၊ ဒါပင်မဲ့ ဒီထုံးတောင်တခုလုံး ပျက်စီးသွားမှာဖြစ်တဲ့အတွက် သစ်ပင်တွေဖြိုန်းတီးပြီး ရာသီဥတုပျက်စီးလာမှာ အဲဒီရဲ့နောက်ဆက်တွဲက ကျနော်တို့လယ်သမားတွေအတွက် အခေတ်အခဲဖြစ်စေမှာတော့ သေချာတယ်။ ဟု ဒေသခံရွာလူကြီးတဦးက စိုးရိမ်းတကြီးပြောလိုက်ပါသည်။

0 comments:

Post a Comment