Tuesday, May 29, 2012

နိုင်ငံတကာရှိ ဇိုမီးလူမျိုးစုများက ဆန္ဒထုတ်ဖေါ်ကြ

ယမနေ့တွင် ပြည်ပရောက် ဇိုမီးလူမျိုးစုများက ၎င်းတို့ရောက်ရှိရာ နိုင်ငံအသီးသီးရှိ မြန်မာသံရုံးများတွင်  ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်ဟု သိရသည်။

မြန်မာပြည်တိုင်းရင်းသားများထဲ၌ ဇိုမီးလူမျိုးစုအား အမှန်တကယ်ရှိသည်ကို အသိအမှတ်မပြုသည့်အချက်အား ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပါတ်သက်၍ မလေးရှားနှင့် သြစတေးလျ နိုင်ငံများတွင် ရောက်ရှိနေကြသည့် ဇိုမီးလူမျိုးစုများက တပြိုင်တည်း ဆန္ဒပြကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

မေလ ၂၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဇိုမီးလူမျိုးများက သွားရောက်ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်။   ။ ဓါတ်ပုံ- ဇိုမီး
မလေးရှားနိုင်ငံရောက် ဇိုမီးအမျိုးသားဦးဆောင်တဦးဖြစ်သည့် ပူးဇိုလဲ့န်ထန် က မိမိတို့သည် ဇိုမီးအမျိုးသားများဖြစ်ကြောင်း၊ မိမိတို့သည် အမှန်တကယ်တည်ရှိနေသော အမျိုးသားများဖြစ်ကြောင်း၊ မြန်မာပြည်တွင် ဇိုမီးလူမျိုးစု မရှိဟု ပြောဆိုလိုက်ခြင်းသည် ဇိုမီးအမျိုးသားများ၏ ရပိုင်ခွင့်များကို ကန့်သတ်ပိတ်ပင်ခြင်းဖြစ်ကြောင်း ယခုလိုဆနွပြကန့်ကွက်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

"ကျနော်တို့က လူ ၁၀၀ ဝန်းကျင်လောက် ဘတ်စ်ကားနှစ်စီးနဲ့သွားကြတာ၊ တချို့ကတက္ကစီနဲ့သွားကြတယ်။ ဟိုရောက်တော့ မလေးအစိုးရက လူ ၃၀ လောက်ပဲလက်ခံတယ်။ ကျနော်တို့ သံရုံးမှာ စာထည့်ထားတယ်။ နောက်ပြီးကျနော်တို့ ဒီကိစ္စအတွက် ကျနော်တို့ ဆက်လက်လုပ်ဆောင်သွားမယ်။" ဟု ၎င်းကဆိုသည်။

အလားတူ ဩစတြေးလျနိုင်ငံ၏ မြို့တော် ကန်ဘီလာရှိ မြန်မာသံရုံးရှေ့တွင်လည်း ဇိုမီးလူမျိုး ၅၀ကျော်ခန့်က သွားရောက်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
မေလ ၂၈ ရက်နေ့က ဩစတြေးလျနိုင်ငံ၏ မြို့တော် ကန်ဘီလာရှိ မြန်မာသံရုံးရှေ့တွင် ဇိုမီးလူမျိုး ၅၀ကျော်ခန့်က သွားရောက်ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်။   ။ ဓါတ်ပုံ- ဇိုမီး
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ  ဇိုမီးအမျိုးသားကွန်ကရက်ပါတီ (ZNC)၏ ပြန်လည် မှတ်ပုံတင်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံတွင် ဇိုမီးအမျိုးသားဆိုတာ မရှိကြောင့် ပြောဆိုချက်အပေါ် မကျေနပ်၍ ယခုလို နိုင်ငံတကာသိအောင် ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်ကြောင့် သိရသည်။

ZNC ပါတီသည် ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ အမည်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်မြေ ၂ နေရာ အနိုင်ရရှိခဲ့သည့်ပါတီ ဖြစ်ပါသည်။



ဇိုမီးလူမျိုးများက မြန်မာပြည်ရှိ ချင်းလူမျိုးများသည် ဇိုမီးလူမျိုးများဖြစ်ကြောင့်၊ ချင်းဟူသောအသုံးနူန်းသည် ဗမာလူမျိုးများ၏ ခေါ်ဆိုခြင်းသာဖြစ်ကြောင့် ခံယူထားသူများဖြစ်ကြသည်။

မြန်မာပြည်တွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိသည့်အနက် ၅၃ မျိုးသည် ချင်းလူမျိုးစုများဖြစ်ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ၁၉၉၈ မေလထုတ် ယနေ့မြန်မာ စာအုပ်အရသိရသည်။

ချင်းလူမျိုးစုဖြစ်ကြသော ချင်း၊ မယ်တိုင် (ကသဲ)၊ ဆလိုင်း၊ ကလင်တော(လူရှေ)၊ ခမီ၊ အောဝခမီ၊ ခေါနိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွါဆင်းမဲ၊ ခွန်လီ (ခေါ်) ဆင်မ်၊ ဂန်ဘဲ၊ ဂွေးတဲ၊ ဇွန်း၊ ဆီတန်၊ ဆန်ထန်၊ ဆိုင်းထန်၊ ဇာတောင်၊ ဇိထုံး ဇိုထုံး၊ ဇိုဖေ၊ ဇို၊ ဇိုန်ညှပ်(ဇုန်နီယပ်)၊ တပေါင်၊ တီးတိန် (တဲဒင်မ်)၊ တေဇုန်၊ တိုင်းချွန်း၊ တာ့ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင်(ယင်ဒူး)၊ နာဂ၊ တန်ဒူး၊ မာရင်၊ ပနမ်း၊ မကန်း၊ မဟူ၊ မီရမ် (ခေါ်) မရာ၊ မီအဲ၊ မွင်း၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို၊ လေးမြို့၊ လင်တဲ၊ လောက်ထူ၊ လိုင်၊ လိုင်ဇို၊ ပါကင်းမ် (ခေါ်) မရို၊ ဟွာလ်ငို၊ အနူး၊ အနန်း၊ အူပူ၊ လျင်းတု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ထု စသည်တို့ဖြစ်ကြောင့် သိရသည်။

0 comments:

Post a Comment