ဖိလစ်ပိုင် အမျိုးသမီးတဦး Safety Belt သုံးပြီးလိမ့်မကျအောင်သရုပ်ပြနေပုံ (အိမ်ရှင်၊အိမ်စေ ..မည်သူမျှလိုက်နာမည်မဟုတ်ပါ) |
အင်ဒိုနီးရှားအမျိးသမီးငယ်လေးများဟာ ငယ်ရွယ်လွန်းခြင်း၊ ပညာမတတ်ခြင်း (အချို့အင်္ဂလိပ်စာ မတတ်ခြင်း) ..စတဲ့ အားနည်းချက်များအပြင် အေးဂျင့်ခငွေကြောင့် ၈လလောက် အလကားလုပ်ပေးရချိန်၊ စိတ်ဖိစီးမှုများစွာ ခံရပါတယ်။ မနှစ်က စင်ကာပူ တိုက်အမြင့်ကြီးတွေပေါ်က မှန်တံခါးသန့်ရှင်းရေး၊ အ၀တ်တုတ်ထိုးလှမ်းခြင်း များကို လုပ်ကိုင်ရင်း လိမ့်ကျသေဆုံးသူ ၈ဦးရှိတဲ့အတွက်၊ အင်ဒိုနီးရှားသံရုံးက၊ စင်ကာပူအလုပ်သမားဝန်ကြီးနဲ့ သဘောတူချက်တခု၊ ဒီလိုအလုပ်မျိုး မခိုင်းပါဘူး... လက်မှတ်ထိုးစေပါတယ်။
ဒီလို အန္တရယ်ရှိအလုပ်မျိုးဟာ စင်ကာပူအိမ်ရှင်မများအဖို့ လုပ်နေကျအလုပ်ဖြစ်ပေမဲ့၊ ရောက်လာခါစ အင်ဒိုနီးရှားမိန်းကလေးများအဖို့ ပြသနာကြီးဖြစ်ပါတယ်။ ကြောက်ကြောက်နဲ့ လုပ်ရင် လိမ့်ကျဖို့လမ်းများနေပါတယ်။
ဖိလစ်ပင်းအမျိုးသမီးများ
သူတို့ကတော့ စင်ကာပူမှာ နံပါတ်(၁) ဖြစ်ရုံမက၊ ဟောင်ကောင်ကမ္ဘာ့နိုင်ငံကြီးများ အိမ်အလုပ်ဈေးကွက်မှာပါ နံပါတ်(၁) ဗိုလ်စွဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အင်္ဂလိပ်စကား (Communication) နားလည်၊ပြောတတ်တယ်။ ကာသိုလစ် ဘာသာရေးသွန်သင်ချက်အဖြစ် အိမ်ရှင်၊ အလုပ်ရှင်ကို နာခံမှုရှိတယ်။ အခွင့်အရေးကို တောင်းဖို့ မကြောက်ဘူး။
အဖွဲ့အစည်းလည်း တောင့်တင်းတဲ့အပြင် ဖိလစ်ပင်းသံရုံးဟာ ဘာကိစ္စမျိုးမဆို သူတို့နိုင်ငံသားများအတွက် ကူညီပံ့ပိုး၊ အကျိုးဆောင်ပေါးပါတယ်။ စင်ကာပူမှာ အိမ်ပေါ်က လိမ့်ကျသေဆုံးတဲ့ အိမ်အလုပ်သမ များမှာ ဖိလစ်ပင်းများ မရှိသလောက်ပါပဲ။ အိမ်ရှင်နှိပ်စက်ညှင်းပမ်းမှု ခံရသူများမှာလည်း ဖိလစ်ပင်းမပါဘူး။ လစာ ငွေဘယ်လောက်ရသလဲမေးရင် အင်ဒိုနီးရှားအိမ်အလုပ်သမများထက် ၂ဆ၊ ၃ဆ ပိုရကြပါတယ်။
နောက်ဆုံးတော့ မြန်မာအိမ်အလုပ်သမ များအကြောင်း နည်းနည်းရေးချင်ပါတယ်။
မြန်မာအမျိုးသမီးများ
စင်ကာပူမှာ သခင့်စကားစာစောင် (ခရစ်ယာန်ဘာသာ၊ ၀ိညာဉ်ရေးရာ စာစောင်) ထုတ်ဝေသူ မင်းအောင်သက်လွင်နဲ့ တွှေဆုံမေးမြန်းရာမှာ၊ .. စာစောင်ထုတ်ကတည်းက Work Permit နဲ့ အိမ်အလုပ်သမများ၊ သဘောင်္ကျင်းအလုပ်သများများ ကို အဓိကထားပြီး ထုတ်ဝေခဲ့ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင် စင်ကာပူအလုပ်ရှင်၊ အလုပ်ကိုင်များ၊ အခက်အခဲများစွာကို မျက်ရည်များစွာနဲ့ရေးသားထားတဲ့ စာစောင်ဖြစ်ပါတယ်။ ၁၁နှစ်ကြာပြီးတဲ့နောက်မှာ ရေးသားသူ အများစုဟာ သာယာတဲ့ ဘ၀ကို လျှောက်လှမ်းသွားကြပါတယ်။ အိမ်ရှင်နဲ့အိမ်အလုပ်သမ များအကြားမှာ ပုံမှန်ဆက်ဆံရေး၊ အတွင် ကြားခံဆောင်ရွက်ပေးတဲ့ လစဉ် အခမဲ့ဖြန့်ဝေတဲ့ စာစောင်ဖြစ်ပါတယ်။ Website: http://thelordword.com
မြန်မာပြည်ကို ပြန်လည်တည်ဆောက်ရာမှာ .. မြန်မာအချင်းချင်း ၀ိသမခေါင်းပုံဖြက်သူ မြန်မာပြည်ပေါက်များကို မြန်မာပြည်တွင်းမှာသာမက၊ စင်ကာပူမှာလည်း အရေးယူနေပါပြီ။ အေးဂျင့်ခအတွက် ၈လစာ အခမဲ့လုပ်ပေးရမယ်။ တလကို ဒေါ်လာ ၃၀၀တောင် မပေးပဲ မြန်မာအချင်းချင်း၊ စေခိုင်းနေတဲ့ မြန်မာများမှာ သင့်ဆွေမျိုးများ ပါနေပါသလား။ သင်ကိုယ်တိုင်ပဲ ဖြစ်နေပါသလား။
မြန်မာအိမ်ဖေါ်များ စင်ကာပူလာအလုပ်လုပ်ရင် .. စီနီယာမြန်မာအမျိုးသမီးကြီးများ (အထူးသဖြင့် ပီအာ၊ စီတီဇင်ဖြစ်နေသူများ) က အေးဂျင့်ခ များစွာယူပြီး လုပ်ကိုင်ပေးပါတယ်။ တချို့ဆိုရင် အိမ်ဖေါ်ပါမစ်အတွက် တနှစ်ကို ဒေါ်လာ၃ထောင်အထက်ပေးပြီး စင်ကာပူက အိမ်များကို နာရီစား သွားလုပ်ကြတယ်။ စင်ကာပူအစိုးရကလဲ Work Permit အေးဂျင့်များ မတရားခေါင်းပုံဖြက်သူများကို ဒေါ်လာသောင်းချီဒါဏ်ရိုက်ပြီး၊ လိုင်စင်ရုတ်သိမ်းအရေးယူနေသော်လည်း လက်သိပ်ထိုး အေးဂျင့်များစွာ အိမ်ရှင်များနဲ့ပေါင်းပြီး လုပ်စားနေဆဲ၊ ရှိနေပါတယ်။
တချို့မြန်မာအိမ်ရှင်များကလည်း ..အိမ်ဖေါ်ကို .. နင်..သူများလိုအေးဂျင့်ခ ဒေါ်လာ၂၀၀၀ ပေးစရာမလိုဘူး။ ငါနဲ့လုပ်ရတာ ကံကောင်းတယ်မှတ်..ဟု ပြောပြီး မအားလပ်အောင် ခိုင်းပါတယ်။ အထူးသဖြင့် စကားနာထိုးခံရခြင်း၊ အိမ်ဖေါ်ကိုမယုံခြင်း ..စသည်မျာဒအတွင် အထိအနာဆုံး ခံစားချက်များဖြစ်ပါတယ်။ ရိုက်နှက်ခံရတာထက် စကားနဲ့နှိပ်စက်ခံရတာက နှလုံးသားကို အလွန်အထိနာ၊ ကျိုးပဲ၊ကျေကွဲစေပါတယ်။ နောက်ဆုံး .. ပြသနာဖြစ်ပြီး အိမ်အလုပ်သမ မြန်မာပြည်ပြန်သွားတော့ ၂ဖက်စလုံး ဒုက္ခရောက်ပြန်ပါတယ်။
ကျွန်တော်အနေနဲ့ပြောရရင်... အိမ်ဖေါ်ကို တနှစ်တခါက်တော့ တပတ်လောက် ခွင့်ပေး မြန်မာပြည်ပြန်ခွင့်ပေးသင့်ပါတယ်။ အိမ်ဖေါ်အတွက် တလ ဒေါ်လာ၇၀၀အထက်မှ အကုန်မခံနိင်ရင်လဲ အိမ်ဖေါ်ငှားပြီး နှိပ်စက်သလို၊ ၂ဖက်စလုံး စိတ်ညစ်နေစရာ ဖြစ်နေသလား..လို့။
မြန်မာသံရုံးမှ ပတ်စပို့သက်တမ်းတိုးမှု
အခုနောက်ပိုင်းမှာ မြန်မာအစိုးရက အိမ်ဖေါ်အလုပ်ဆိုရင် ပတ်စပို့ချမပေးပေမဲ့၊ နည်းမျိုစုံနဲ့ မြန်မာများ စင်ကာပူအိမ်အလုပ်သမ အလုပ်ကို လာလုပ်နေဆဲ တဖွဲဖွဲဖြစ်ပါတယ်။ မြန်မာမိသားစုများဟာ မိမိတို့ ဆွေမျိုးများကို အိမ်အလုပ်သမ ပါမစ်နဲ့ စင်ကာပူမှာ နေထိုင်စေပြီး၊ အချို့လည်း ဘ၀တိုးတက်သွားကြပါတယ်။
အင်ဒိုနီးရှားက မလေးရှားအိမ်ရှင်များ နှိပ်စက်မှုများလို့၊ အိမ်ဖေါ်အလုပ် တားမြစ်ထားချိန်မှာ၊ မလေးရှားနဲ့မြန်မာအစိုးရ အိမ်ဖေါ်လုပ်ငန်း ဆွေးနွေးနေကြတယ် သတင်းရလို့၊ မလေးရှားရောက် မြန်မာများ မြန်မာများစွာအိမ်ဖေါ်အဖြစ် မလေးရှားပို့လိုက်ရင် ဒုက္ခပပဲ ဟု စိုးရိမ်နေကြပါတယ်။
အရင်လတုန်းက အိမ်အလုပ်သမ ၂ဦး၊ မြန်မာသံရုံးကို ပတ်စပို့ သက်တမ်းတိုးချိန်မှာ အိမ်အလုပ်နဲ့လုပ်သူများကို ပတ်စပို့သက်တမ်း တိုးမပေးတော့ဘူး .. ပြောလိုက်လို့ မိန်းကလေး၂ဦး ၀မ်းနည်း၊ငိုကြွေးကြပါတယ်။ အိမ်ရှင်ကလည်း မြန်မာမိန်းကလေးများကို အရမ်းနှစ်သက်ပြီး၊ အဆင်ပြေကြတဲ့ အလုပ်ရှင်၊အလုပ်သမ တွေပါ။ ကျွန်တော်ကတော့ အစိုးရရဲ့ ပေါ်လစီဖြစ်တဲ့အတွက် ကွန်မင့်မတက်ချင်ပါ။
ယခင်ကလို လစာ ဒေါ်လာ ၃၀၀ သာရသူများ အခွန်ငွေ တလဒေါ်လာ၄၀ (၁၅%) ပေးရတဲ့ စနစ် ရပ်ဆိုင်းလိုက်တဲ့အတွက် အစိုးရသစ်ကို ကျေးဇူးတင်မိပါသည်။ သို့သော် ၀ိသမ မြန်မာများ မြန်မာအချင်ချင်း ထိုမြေဇာပင် အိမ်အလုပ်လုပ်ကိုင်သူ မိန်းကလေးများ ချွေးနှီးစာမှ ဖြက်ခုတ် စားသောကနေခြင်းအတွက် အလွန်ဝမ်းနည်းမိပါသည်။
ပြသနာအားလုံးဟာ နှစ်ဘက်စလုံးနဲ့ ဆိုင်ပါတယ်။ အိမ်ရှင်၊ အိမ်အလုပ်သမ ၉၀ရာနှုန်းဟာ အဆင်ပြေပေမဲ့၊ ၁၀ရာနှုန်းလောက်ကတော့ ပြသနာရှိနေမှာပါပဲ။ အရင်လက မြန်မာအလုပ်သမတဦး နှိပ်စက်ခံရပြီး၊ SGH ဆေးရုံမှာ အထူးဆေးကုသခံရတယ်။ အဲဒီမှာ SGH Singapore General Hospital မှာ Nurse အဖြစ်အလုပ်လုပ်သူ မြန်မာအမျိုးသမီးတဦးက အိမ်ဖော်ကလေးမလေးရဲ့ ဒဏ်ရာဓဏ်ချက်များကို မြင်ပြီး၊ မျက်ရည်ကျပြီး၊ အစိုးရဆီ တိုင်စာပို့တယ်။ အသက်မပြည်တဲ့ မိန်းမငယ်လေးကို ငွေကြေးမျက်နှာနဲ့ အသက်လိမ်ပြီး၊ စင်ကာပူမှာ အလုပ်လာခိုင်းတော့၊ ပညာမတတ်၊ မိတ်ဆွေမရှိ၊ ညစ်ပတ်တဲ့အေးဂျင့်ကလည်း မစောင့်ရှောက်တော့ ဟိုးလေးတကျော်ဖြစ်ရတယ်။ မြန်မာသံရုံးတာဝန်ခံကတော့ စေတနာအစစ်အမှန်နဲ့ လာရောက်ကူညီကြောင်း၊ မြန်မာစေတနာရှင် ကိုစိုးထွန်း ပြောပြလို့ သိရပါတယ်။ ကောင်းလေစွ။
သိပ်မကြာပါဘူး.. တခြား မြန်မာ အိမ်အလုပ်သမတဦးက အိမ်ရှင်ရဲ့ ကလေးကို နှိပ်စက်လို့ ဆိုပြီး စင်ကာပူသတင်းစာမှာ သတင်းတခု ပါလာပြန်တယ်။
ကျွန်တော့်အနေနဲ့တော့ ... မည်သူမပြုမိမိမှု၊ ကောင်းမှုတခု နေ့စဉ်ပြု .. ဆိုတဲ့အတိုင်း လူကိုလူလိုမြင်တတ်သူ များလာရင်၊ စင်ကာပူရောက် မြန်မာအိမ်အလုပ်သမ များဘ၀ဟာ ဖိလစ်ပင်းအိမ်အလုပ်သမများလို သာယာလာမည် မျှော်လင့်ပါတယ်။
မြန်မာလူမျိုးများ ရွှင်လန်းချမ်းမြေ့ပါစေ..။
ဝတ်မှုန်
0 comments:
Post a Comment