ပြည်တွင်းအင်တာနက်မြန်နှုန်း ကောင်းမွန်ရေးအတွက် နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းတစ်ခုနှင့်SE-ME-WE-3 ဆက်ကြောင်းမှ မြန်နှုန်း 18 ထပ်မံချိတ်ဆက်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ချိတ်ဆက်မှုကို မတ်လဆန်းကတည်းက ဆောင်ရွက်နေပြီး တချို့တစ်ဝက် ပြီးစီးပြီဖြစ်ကြောင်း မေလထဲမှာတွင် ချိတ်ဆက်မှု အားလုံးပြီးမည်ဟု ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ ”အဓိကတော့အွန်လိုင်း စီးပွား ရေးလုပ်ငန်းတွေ အဆင်ပြေအောင် ဆောင်ရွက်ပေးတာပါ” ဟု ၄င်းက ပြောသည်။ ထပ်မံချိတ် ဆက်နေသည့် နယ်စပ်ဖြတ်ကျော် ဆက် ကြောင်းမှာမြန်မာ-ယိုးဒယား ဆက် ကြောင်းဖြစ်ပြီး ချိတ်ဆက်မည့် အင်တာနက်မြန်နှုန်းမှာ 3.2G ဖြစ်သည်။ SE-ME-WE-3 မှ ထပ်မံ ချိတ်ဆက်မည့်အင်တာနက် မြန်နှုန်း မှာလည်း 8.2 Gဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။ မြန်နှုန်းများ ကျခြင်း၊ မကောင်း ခြင်းသည် ချိတ်ထားသည့် Network နှင့်ကွန်ပျူတာအပေါ်တွင် မူတည်ပြီး ချိတ်ထားသည့် မြန်နှုန်းနှင့် သုံးစွဲ သည့် အလုံးရေ မညီမျှလျှင်လည်း လိုင်းကျနိုင်ကြောင်း အင်ဂျင်နီယာ ချုပ်က ပြောသည်။
ပြည်တွင်း၌ အင်တာနက် အသုံးပြုနိုင်ရန်အတွက် ပင်လယ် ရေအောက် ဖိုင်ဘာဆက်ကြောင်း များဖြင့် ချိတ်ဆက်ထားခြင်း ဖြစ် ပြီး အင်တာနက် အဓိကပေးသည့် ဆက်ကြောင်းမှာSE-ME-WE-3 ဆက်ကြောင်းဖြစ်ကြောင်း၊ ၄င်း အပြင် အရန်ဆက်ကြောင်း ဖြစ် သည့် ထိုင်း-မြန်မာ ဆက်ကြောင်း စသည့် ဆက်ကြောင်းများဖြင့် ပေးနေကြောင်း သိရသည်။လက်ရှိတွင် ပြည်တွင်း၌ ပေး ထားသည့် အင်တာနက် မြန်နှုန်းမှာ 5 G အထိသာရှိ၍ အင်တာနက် သုံးစွဲနိုင်သည့် နိုင်ငံများနှင့် နှိုင်းယှဉ် ပါက များစွာလျော့နည်းနေပြီး ယင်း အတွက် ကိုလည်း ဖိုင်ဘာဆက် ကြောင်းသစ်များ ဖြစ်သည့်SE-ME-WE-4၊ SE-ME-WE-5 ဆက် ကြောင်းများအား ချိတ်ဆက်သွား ရန် ဆောင်ရွက်ထားကြောင်း သိရ သည်။
ထပ်မံချိတ်ဆက်မည့်SE-ME-WE-4 ၊5ဆက်ကြောင်းများ အနကSE-ME-WE-4 ဆက် ကြောင်းမှာနိုင်ငံတကာတွင် သုံးစွဲနေ သည့် ဆက်ကြောင်းဖြစ်ပြီး ချိတ် ဆက်ဖြစ်ပါက SE-ME-WE-5 ဆက်ကြောင်းထက် ဦးစွာချိတ်ဆက် သွားမည် ဖြစ်ကြောငှ်းSE-ME-WE-5 ဆက်ကြောင်းမှာ ပင်လယ် ရေအောက်သို့ ဖိုင်ဘာအသစ် ချရ မည့် ဆက်ကြောင်းအသစ်တစ်ခု ဖြစ်ကြောင်း၊ ယင်းဆက်ကြောင်းကို တရုတ်နိုင်ငံမှ ဦးဆောင် ဆောင်ရွက် နေကြောင်း သိရသည်။
ချိတ်ဆက် ဖြစ်ပါက ကုန်ကျစရိတ်မှာ အမေရိ ကန်ဒေါ်လာ သန်း ၄ဝ သုံးစွဲသွား မည်ဖြစ်သည်။ ပြည်တွင်း၌ အင်တာနက် ပေးသည့ှ်SE-ME-WE-5 ဆက် ကြောင်းကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ စတင်သွယ်တန်းခြင်း ဖြစ်ပြီးSE-ME-WE-4 ဆက် ကြောင်း ချိတ်ဆက်ပါက ရခိုင်ပြည် နယ်၊ ကျောက်ဖြူမြို့မှ စတင် သွယ်တ န်းသွားမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ပြည်တွင်းအင်တာနက် မြန်နှုန်းပေးရာ၌ ၂ဝ၁၃ ဆီးဂိမ်း အတွက် မြန်နှုန်းအနည်းဆုံး 10G ပေးမည်ဖြ စ်ကြောင်း ဆက်သွယ် ရေးမှ ထုတ်ပြန်ထားသည်။
Ref: Popular News
0 comments:
Post a Comment