Friday, May 18, 2012

နိုင်ငံခြားသား ဧည့်ပါမောက္ခများ ခန့်ထားတော့မည်

17 May 2012|By Popular News
နိုင်ငံခြားသား ဧည့်ပါမောက္ခ များကို နည်းပညာတက္ကသိုလ် အချို့၌ ခေါ်ယူ ခန့်ထားသွားမည်ဟု သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။ လက်ရှိ ကျင့်သုံးနေသည့် နိုင်ငံခြားရေး မူဝါဒများနှင့် အညီ နိုင်ငံခြားတက္ကသိုလ် အချို့တို့နှင့် လက်ရှိ တွင် စတင်ဆွေးနွေးမှု များ ပြုလုပ်နေသည်ဟု ၄င်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်မှု တက္ကသိုလ်ဟု ခေါ်တွင် စဉ်အခါက ဤကဲ့သို့ နိုင်ငံခြား ဧည့် ပါမောက္ခများ ခေါ်ယူခန့်ထား ခြင်းမျိုး ရှိခဲ့ပြီး၊ နည်းပညာ တက္ကသိုလ်ဟု အမည်ပြောင်းလဲလိုက်ချိန် မှစပြီး ယခု ခန့်ထားရန် စီစဉ်ခြင်းသည် ပထမဦးဆုံး အကြိမ်ဖြစ်သည် ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ စက်မှု တက္ကသိုလ်မှ နည်းပညာတက္ကသိုလ် အဖြစ် စတင် ပြောင်း လဲလိုက်ခြင်းမှာ ဆယ်စုနှစ် တစ်ခုကျော်သွားပြီ ဖြစ်သည်။

ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်နှစ်ခု တို့ရှိ နည်းပညာ ဘွဲ့လွန်နှင့် ပါရဂူ တန်း များအတွက် ဧည့်ပါမောက္ခများ ခန့်အပ်မည်ဟု သိရပြီး ဆွေးနွေး ဆဲအဆင့်တွင်ရှိ နေသေးရာ ပြည်ပ တက္ကသိုလ်များ ၏ အမည်နှင့် ဦးရေကို မူပြောဆိုရန် စောလွန်းသေးသည်ဟု ၄င်းက ဆက်လက်ပြောသည်။ အိမ်နီးချင်း ဘွဲ့ရများနည်းတူ ယှဉ်ပြိုင်နိုင်ရန် လမ်းကြောင်း တစ်ခု ပေါ် ရောက်ရှိသွားနိုင်ပြီဟု အသက် ၅ဝ ဝန်းကျင်ရှိ စက်မှု တက္ကသိုလ် ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး က သုံးသပ်ပြောသည်။

ရန်ကုန် တက္ကသိုလ်မှ ဒေါက်တာကျော်သန်းမိုးက ''အရှေ့ တိုင်းက ပညာရှင်နဲ့ အနောက်တိုင်း က ပညာရှင် ဒီနှစ်ခုကို ယှဉ်လိုက် ရင် တွေးခေါ်ခြင်း မတူ သလို၊ ရှုထောင့်ခြင်းလည်း ကွာခြားတယ်။ ၁၉၉၆ အထိ အိန္ဒိယတက္ကသိုလ် က ဧည့်ပါမောက္ခတွေ ရန်ကုန် တက္ကသိုလ် မှာလာ ပြီး တာဝန်ထမ်း ဆောင်တာကို ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတော့ စနစ် တစ်ခု ပြောင်းလဲနိုင်တယ် ဆိုတာသေချာပြောနိုင်တယ်'' ဟု ၄င်းက သူ့အမြင်ကို ပြောသည်။

ပြောင်းလဲလိုက်သည့် စနစ် အရ တစ်နိုင်ငံလုံးရှိ နည်းပညာ တက္ကသိုလ် ဘွဲ့လွန်နှင့် ပါရဂူအဆင့်မီ ကျောင်းသားတို့မှာ သတ်မှတ် တက္ကသိုလ် နှစ်ခုဖြစ်သည့် ရန်ကုန်နှင့် မန္တလေးရှိ နည်းပညာ တက္ကသိုလ် တို့တွင် ယခု ပညာသင်နှစ်မှစကာ တက်ရောက်ကြရမည်ဟု သိရသည်။

0 comments:

Post a Comment