Wednesday, May 30, 2012

UK နိုင်ငံ၏ ပညာရေး ဆွေးနွေးပွဲကြီးကို ကျင်းပမည်

28 May 2012| By Mobile Guide

UK နိုင်ငံမှ Secondary School များနှင့် Boarding School များကို ဖိတ်ခေါ်၍ မြန်မာနိုင်ငံမှ Primary ပြီးထားသော ကျောင်းသားများ Secondary Level တွင် ကြုံတွေ့ရမည့် အခက်အခဲများကို ကျောင်းသားမိဘများမှ စိုးရိမ်ပူပန်မှုများနှင့် ၄င်းတို့ကို ဖြေရှင်းနိုင်မည့် နည်းလမ်းတို့ကို ဆွေးနွေးအကြံပေးခြင်းများ ပြုလုပ်နိုင်ရန်အတွက် ပထမဆုံး အကြိမ်အဖြစ် UK နိုင်ငံ၏ Top Secondary Schools နှင့် College များ၏ ပညာရေး ဆွေးနွေးပွဲကြီးကို ၂၀၁၂ခုနှစ်၊ ဇွန် ၁၀ရက်နေ့ နေ့လည် ၁၂နာရီမှ ၄နာရီအထိ ရန်ကုန်မြို့ Park Royal Hotel, Ball Room တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

၎င်းဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင် ယခုလက်ရှိ International School များတွင် တက်ရောက်နေသော ကျောင်းသားများအတွက် အထူးအခွင့်အရေးဖြစ်ပြီး မြန်မာကျောင်းသားများအနေဖြင့် နိုင်ငံခြားတွင် ပညာသွားရောက်သင်ယူရာတွင် သက်ဆိုင်ရာနိုင်ငံအလိုက် Academic/ Social/Culture ပင်ကိုယ်စိတ်နေစိတ်ထားနှင့် ကိုယ်ရည်ကိုယ်သွေးစသော အချက်အလက်များကို ကြိုတင်လေ့လာထားနိုင်စေရန်နှင့် မိဘများအနေဖြင့် မိမိတို့၏ သားသမီးကျောင်းသား၊ ကျောင်းသူများနှင့်အတူ UK နိုင်ငံတွင် အတူတကွနေထိုင်သွားနိုင်ရန်နှင့် ဗီဇာရရန်အတွက်လည်း ယင်း ပြပွဲတွင်တစ်ခါတည်းလေ့လာ စုံစမ်းနိုင်မည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၊IGCSE အောင်မြင်ထားသူများအတွက်လည်း UK နိုင်ငံဆေးကျောင်းဝင်ခွင့်နှင့် အခြားအသက်မွေးဝမ်း ကျောင်းဆိုင်ရာကျောင်းဝင်ခွင့်များကိုလည်း အသေးစိတ်ဆွေးနွေးမေး မြန်းနိုင်သည့်အပြင် UK နိုင်ငံတွင် GCE'A' Level တက်ရောက်လိုသည့် ကျောင်းသားများ အနေဖြင့်လည်း လေ့လာစုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

အဆိုပါ ပညာရေး ဆွေးနွေးပွဲကြီးကို CETA Worldwide Education နှင့် ပြည်တွင်းမှ Smart Resources World Education တို့မှ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ ဤပြပွဲတွင် UK နိုင်ငံ၏ Top Secondary School များနှင့် College များသည် အင်္ဂလန်နိုင်ငံ၏ဒေသ အသီးသီးမှဖြစ်ပြီး စုစုပေါင်းကျောင်း ၇ ကျောင်း လာရောက်ပါဝင်ပြသ သွားမည်ဖြစ်ကာသက်ဆိုင်ရာ ကျောင်းအသီးသီးမှ Education Consultant များကိုယ်တိုင်တစ်ဦးချင်းသိလိုသည်များကို အသေးစိတ်ဆွေး နွေးဖြေကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဤပြပွဲ အကြောင်းအရာနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလို သူများအနေဖြင့် Smart Resources World Wide Education, ဖုန်း ဝ၁-၂၄၆၁၈၈ နှင့် ဝ၉-၅၄၂၈၈၄၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

0 comments:

Post a Comment