09 May 2012|By Health Digest
မြန်မာလို နဂါးမောက်သီးလို့ခေါ်တဲ့ Dragon Fruit မှာ အခြားသောနာမည်တွေလည်း အမျိုးမျိုးရှိပါတယ်။ ဥပမာ Strawberry Pear၊ စိတ်ခံစားမှုပန်း (Mood Flower) စသည်ဖြင့်လည်းခေါ်ကြပါတယ်။ အပူပိုင်းဇုန် တွင် ပေါက်သော အသီးဖြစ်ပြီး သူ့ရဲ့မူရင်းအစက ဘယ်မှာဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် တောင်အမေရိကတိုက်က လာတာ လို့တော့ ဆိုကြပါတယ်။
ပြင်သစ် လူမျိုးတွေဟာ နဂါးမောက်သီးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ဝ ကျော်လောက်ကတည်းက ဗီယက်နမ် နိုင်ငံသို့ သယ်ဆောင်လာခဲ့ပြီး တော်ဝင်မိသားစုနှင့် အလွန်ချမ်းသာသော လူများစားဖို့အတွက်သာလျှင် စိုက်ပျိုးပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ ယခုတော့ အာရှနိုင်ငံ အများအပြားမှာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါတယ်။
(၁) နဂါးမောက်သီးထဲမှာ Antioxidant တွေ ပါဝင်ပြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၂) သုတေသနပြုလုပ် ချက်များအရ သွေးလှည့်ပတ်မှုစနစ်အတွက် အလွန်ကောင်းပြီး စိတ်လှုပ်ရှား မှုကြောင့်ဖြစ်သော သွေးဖိအားတက်ခြင်းကို လျော့နည်းစေပါတယ်။ သွေးတိုးမဖြစ်အောင် ကာကွယ်ပါတယ်။ မျက်စိ အမြင်အာရုံကောင်းစေပြီး သွေးထဲက အဆိပ်အတောက်များကိုလလည်း ခြေဖျက်ပေးပါတယ်။
(၃) အမျှင်ဓာတ်မြင့်မားစွာ ပါဝင်သောကြောင့် ကိုယ်လက်စထရောလ် ကျစေပါတယ်။
(၄) ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ အသားဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။
(၅) အစာအိမ်ရောဂါများနှင့် ဟော်မုန်း အကျိတ်ရောဂါများကုသရန် အတွက်လည်း အသုံးဝင်ပါတယ်။
(၆) ဗီတာမင် C လည်း အများကြီးပါဝင်တာမို့ အနာကျက်မြန်စေခြင်း အညိုအမည်းစွဲခြင်းများကို မြန်မြန် အားကိုလည်း မြှင့်တင်ပေးပါတယ်။
(၇) ဘီတာကယ်ရိုတင်းပါဝင်တဲ့အတွက် မျက်စိအမြင်ကောင်းခြင်း၊ မျိုးပွားနိုင်စွမ်းကောင်းခြင်းနှင့် အခြားသော ဇီဝရုပ်ဖြစ်ပျက်မှု များကိုလည်း ကောင်းစေပါတယ်။
(၈) ဗီတာမင် B1, B2, B3 ကြွယ်ဝစွာ ပါဝင်ပါတယ်။
(၉) သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိပေးနိုင်တဲ့အတွက် အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ ရှိသူများအတွက် သင့်တော်ပါတယ်။
(၁၀)သူ့ထဲမှာပါတဲ့ ပမာဏက ဇီဝရုပ် ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ နှလုံးသွေးကြောကျန်းမာရေးကို ထိန်း သိမ်းပေးပါတယ်။
(၁၁)နဂါးမောက်သီးပုံမှန်စားပေး မယ်ဆိုရင် ရင်ကျပ်ရောဂါနှင့် ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်း စေနိုင်တယ်လို့ သိရပါတယ်။
ဆိုဒီယမ် ဓါတ် များတာကကောင်းလို့လားဗျ..
ReplyDeleteအများစုအတွက်တော့ မကောင်းဘူးလားလို့....
နောက်ပြီး ပိုတက်စီယမ် နဲ့ ပရိုတိန်း ဓါတ်တွေက CKD လို့ခေါ်တဲ့ နာတာရှည် ကျောက်ကပ် ရောဂါ ခံစားနေရသူတွေ အတွက်ကျ တော့ Creatinine ဓါတ်ကို ပိုများစေတယ်လို့ လဲ ဖတ်မှတ်ဘူး တော့ နဂါးမောက် သီးက CKD သမားတွေ အတွက် သင့်တော်ပါသလား ခင်ဗျာ...ကျွန်တော် က GFR < 60 ( 58.5 )ရှိလို့ ပါ အသက်က ၅၀ ဆိုတော့ လေ..