Sukhoi Superjet 100 is crucial to Russia's hopes of becoming a major player in the modern aviation market (AFP/File, Noah Seelam) |
ဗုဒ္ဓဟူးနေ့၊ နေ့လည်ပိုင်းမှာ အစမ်းပျံသန်းပြနေတဲ့ Sukhoi Superjet ၁၀၀ အမျိုးအစား ဂျက်လေယာဉ်ဟာ ဂျကာတာမြို့ရဲ့တောင်ဘက်မှာ ပျံသန်းနေရာကနေ ဒေသစံတော်ချိန် နေ့လည် နှစ်နာရီလောက်မှာ ရေဒါအတွင်းက ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ လေယာဉ်ကို လိုက်လံရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခရီးသည် ၁၀၀ ကို တင်ဆောင်နိုင်ပြီးတော့ အလယ်အလတ်အကွာအဝေး မောင်းနှင်နိုင်တဲ့ လေယာဉ်ဟာ အစမ်းပျံသန်းပြနေတဲ့ ဒုတိယလေယာဉ်ဖြစ်ပြီးတော့ မြို့ရဲ့တောင်ဘက်က တောင်တန်းတွေ ထူထပ်တဲ့နေရာမှာ ပျောက်ဆုံးသွားတာဖြစ်ကြောင်း အင်ဒိုနီးရှားပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောရေး ဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ ပြင်သစ်သတင်းဌာနက ဖော်ပြထားပါတယ်။
ပျောက်ဆုံးသွားတဲ့လေယာဉ်ပေါ်မှာ လိုက်ပါသူတွေဟာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ အမြင့်ပေ ၃ ထောင်ကနေ ၁၈၀၀ ကို ပြုတ်ကျသွားခဲ့တယ်ဆိုတဲ့အကြောင်း အဆက်အသွယ်ရစဉ်က သိရှိခဲ့ရတယ်လို့ တခြား တာဝန်ရှိသူတဦးက ပြောပြပါတယ်။ အဲဒီလေယာဉ်ကို အာရှတောင်ပိုင်းနဲ့ အလယ်ပိုင်း ကာဇက္ကစ္စတန်၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတွေမှာ စမ်းသပ်ပြသမှုတွေ မကြာခင်တုန်းက ပြုလုပ်ခဲ့တဲ့အကြောင်း ရုရှားရဲ့ Itar-Tass သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Ref: VOA
0 comments:
Post a Comment