08 May 2012|By Health Digest
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး) ဒသမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၆-၃-၂၀၁၂ ရက်နေ့က မန္တလေးတက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဒေါက်တာ ဦးခင်လှနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များ၊ မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အစီအစဉ်အရ ပါမောက္ခချုပ် ကဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော် နည်းပညာဘွဲ့ ရရှိသူ ၂၀ ဦး၊ နည်းပညာဘွဲ့ရရှိသူ ၄၃ ဦး၊ ဆေး ဘက်ဆိုင်ရာ ဓာတ်ခွဲ နည်းပညာ ဘွဲ့ရရှိ သူ ၃၇ ဦးတို့အား ဘွဲ့လက် မှတ် များ အပ်နှင်းပြီး ဘွဲ့နှင်း သဘင် မိန့် ခွန်း ပြောကြားကြောင်း သိရသည်။
0 comments:
Post a Comment