21 May 2012|By Good Health
(၁) ပိုမိုကောင်းမွန်သော ခန္ဓာကိုယ်သုံး ပစ္စည်းများ ရွေးချယ်ပါ ဆပ်ပြာ၊ ခန္ဓာကိုယ်လိမ်းလိုးရှင်း၊ မျက်နှာသစ်ဆပ်ပြာစတဲ့ အသုံးအဆောင် တွေ ဝယ်ယူတဲ့ အခါ" နူးညံ့သော" ဒါမှ မဟုတ် "သဘာဝကျသော" ဆိုတဲ့ စာတမ်း ပါအမျိုးအစားကို ရွေးဝယ်ပါ။ ဒီအညွှန်း ဟာ ကလေးတွေအတွက် ဘေးကင်း တယ်ဆိုတဲ့ အဓိပ္ပာယ် ရပါတယ်။
(၂) လတ်လတ်ဆတ်ဆတ် အစာများ သိုလှောင်ပါ ဖြစ်နိုင်ရင် ပိုးသတ်ဆေးအနည်းဆုံး နဲ့ စိုက်ပျိုးထားတဲ့ လယ်ယာမှ သစ်သီး တွေ၊ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ် ဝယ်ယူပါ။ အသား၊ နို့နဲ့ နို့ထွက်ပစ္စည်း တွေ ရွေးချယ်ဝယ်ယူတဲ့အခါ ကြီးထွား အောင်၊ တာရှည်ခံအောင် ပြုပြင်ထား တာမျိုး မရှိတဲ့ အမျိုးအစားကို ဝယ်သင့် ပါတယ်။
(၃) ချည်သားဝတ်စုံ ရွေးပါ ကလေးတွေအတွက် ညအိပ်ဝတ်စုံ ဝယ်ရာမှာ ချည်သားကို အဓိက ထားပြီး ဝယ်ပေးပါ။ အခုလို ပူတဲ့ ရာသီမှာ ချွေး စုပ်ပြီး အပူဒဏ်သက်သာစေတဲ့ ချည် သားအင်္ကျီ၊ ဘောင်းဘီတွေကို ဝတ်ဆင် သင့်ပါတယ်။
(၄) ဘုံပိုင်ရေကို စစ်သောက်ပါ ရေထဲမှာ ခဲနဲ့ ကလိုရင်းဓာတ်လို မ သန့်စင်တဲ့ အညစ်အကြေးတွေ မရှိစေဖို့ ဘုံပိုင်ရေကို စစ်ပြီး ရေသောက်သင့်ပါ တယ်။
(၅) ပလတ်စတစ်ပစ္စည်းများကို ဆင်ဆင် ခြင်ခြင် သုံးပါ ပလတ်စတစ်ပစ္စည်းတချို့မှာ BPA ပါဝင်ပြီး ကင်ဆာရောဂါတချို့နဲ့ ဆက်စပ် မှုရှိပါတယ်။ ဒါကြောင့် ကလေးတွေအ တွက် အသုံးအဆောင်တွေ ဝယ်တဲ့အခါ ဖန်နဲ့ ပြုလုပ်ထားတဲ့ အမျိုးအစား ဒါမှမ ဟုတ် BPA မပါကြောင်း ထောက်ခံထား တဲ့ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ အမျိုးအ စားကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
0 comments:
Post a Comment