Tuesday, May 22, 2012

မြန်မာနိုင်ငံတွင် ပထမဆုံးသော လေယာဉ်မှူး သင်တန်း ဖွင့်လှစ်

21 May 2012|By Mobile Guide

မြန်မာနိုင်ငံတွင် ပထမဆုံးသော လေယာဉ်မှူးသင်တန်းကို နယူးဇီလန်နိုင်ငံ Golden Wings Flight Training နှင့် ရန်ကုန်မြို့ အခြေစိုက် Jenko Group Of Companies တို့ ပူးပေါင်း၍ မေလ ၂၁ ရက်မှစတင်ကာ ရန်ကုန်မြို့၌ ဖွင့်လှစ် သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းကာလ ၁၄ ပတ်ကြာမြင့်မှာ ဖြစ်သည်။

အဆိုပါ သင်တန်းနှင့်ပတ်သက်၍ မိတ်ဆက် ရှင်းလင်းပွဲကို မန္တလေးမြို့ Hotel Mandalay ၌ မေ ၁၆ရက်၊ နံနက် ၉နာရီက ပြုလုပ်ခဲ့ရာ Golden Wings မှ Director Mr. Will Morrison, သင်တန်းနည်းပြချုပ် Capt. Peter Ober Schneider နှင့် Jenko Group မှ Managing Director မနီမြစီတို့က ရှင်းပြသည်။

"ရန်ကုန်မှာ Ground School အဖြစ် ၁၄ ပတ်သင်ကြားပေးပြီး နယူးဇီလန်နိုင်ငံ Nelson Airport မှာ Flight Training တက်ရောက်ရမှာပါ။ Golding Wings နဲ့ ကျွန်မတို့ Jenko တို့ Partnership လုပ်ထားတယ်။ ကျောင်းအုပ်ကြီးကပ္ပတိန် Peter Oberschneider က နယူးဇီလန်မြို့ပြလေကြောင်းက ဖြစ်ပြီး အတွေ့အကြုံ ၁၅နှစ်ကျော်ရှိပြီ။

အရည်အချင်းပြည့်ဝတဲ့ Pilot တွေဖြစ်အောင် မွေးထုတ်ပေးသွား မှာပါ။ အနိမ့်ဆုံးပညာအရည် အ ချင်းက အထက်တန်းအောင်၊ အင်္ဂလိပ်စကားပြောဆိုနိုင်ရမယ်။ Interview ဖြေဆိုအောင်မြင်သူ ၁၀ ဦးလက်ခံသင်ကြားပေးသွား မှာပါ" ဟု Jenko မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

သင်ကြားပို့ချမည့် Ground School မြေပြင်အတတ်သင်တန်း ကျောင်းတွင် v Aviation Law, Meteorology, Flight Navigation, Aircraft Technical Knowledge စသည့် ဘာသာရပ် များပါဝင်ပြီး ရန်ကုန်မြို့ သင်တန်းအတွက် US ဒေါ်လာ USD ၆၇၁၀ ပေးသွင်းရမှာ ဖြစ် သည်။

ဘိုရင်းကုမ္ပဏီ၏ ပြောကြား ချက်အရ လေယာဉ်နှင့်ခရီးသွား လာမှုနှစ်စဉ်တိုးမြင့်လျက်ရှိရာ လာမည့်နှစ် ၂၀အတွင်း Pilot လေ ယာဉ်မှူးပေါင်း ၄၅၉၀ဝ၀ လို အပ်မည်ဖြစ်၍ Pilot တစ်ဦး၏ ဘဝအာမခံချက်မှာ ခိုင်မာမှုရှိသည် ဟုဆိုသည်။ စိတ်ပါဝင်စားသူများအနေဖြင့် အသေးစိတ် သိရှိလိုပါက ဖုန်း- ဝ၉ ၅၀၆၂၈၉၁၊ ဝ၉-၄၃၀ ၂၈၇၆၀ ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment